Tag Archives: Art

ဗန်ဂိုးပြောတဲ့ ပန်းချီဆရာအကြောင်း

ဗန်ဂိုးအကြောင်း documentary ထဲမှာ …
Van Gogh Painted With Words (BBC, 2010)

Advertisements

Leave a comment

Filed under Art

ကိုငှက်ကြီး – ပန်းချီ ကိုငြိမ်းအောင်

မနေ့က ကိုအောင်နိုင်ကြီး (ပန်းချီ ကိုငြိမ်းအောင်) ပေးလိုက်တဲ့ လက်ဆောင် …

Leave a comment

Filed under Art, Music

ပန်းချီ၊ ဓာတ်ပုံနဲ့ နည်းပညာသစ်များ

သူ့ဓာတ်ပုံကို သူပေးစေချင်တဲ့ ခရက်ဒစ် မပေးလို့ ရေးထားတဲ့ Min Kan Si ပို့စ် ဖတ်မိတယ် …။

မြန်မာပြည်နဲ့ ၈ နှစ်လောက် ကင်းကွာပြီး ပြန်ရောက်လာတော့ ပန်းချီ အသိုင်းအဝိုင်းထဲကို ပြန်ဝင်တယ် … မိတ်ဟောင်းဆွေဟောင်းတွေ ပြန်ဆုံတယ် …။

ဒီက အခြေအနေကို လေ့လာပြီး ကိုယ်နဲ့ ရင်ဘတ်ချင်းတူတဲ့ ပန်းချီဆရာတွေကို သတိပေးတယ်။

1eb31e38f6aa7e65cd4265ef

-အင်တာနက်ပေါ်က ရတဲ့ ဓာတ်ပုံတွေကို လွယ်လွယ် ကူးမရေးဖို့၊
-အင်တာနက်ပေါ်က ရှာတွေ့တဲ့ ပန်းချီဟန်တွေကို လွယ်လွယ် ကူးမချဖို့၊
-ဓာတ်ပုံ ကြိုက်ရင် မူရင်း ဓာတ်ပုံဆရာကို စုံစမ်း မေးမြန်းဖို့၊
-စမတ်ဖုန်းတွေ ပေါလာတော့ အပလီကေးရှင်းနဲ့ ပြင်ထားတဲ့ ပုံတွေ၊ effect တွေ လုပ်ထားတဲ့ ပုံတွေကို ဆန်းတယ်ထင်ပြီး ကူးမရေးဖို့။

ဘာလို့လဲဆို ပန်းချီပြပွဲလာတဲ့ ပန်းချီကားဝယ်မယ့် နိုင်ငံခြားသားတွေ၊ နည်းပညာနားလည်တဲ့ လူငယ်တွေက သိတယ်၊ လေးစားတော့မှာ မဟုတ်ဘူးလို့ … ပန်းချီပြပွဲတွေမှာ အဲဒီလို ကလေးတွေတောင် ပြင်တတ်တဲ့ effect တွေနဲ့ ကားတွေ ပြပြီး ဖုန်းထဲက အပလီကေးရှင်းတွေပါ ပြခဲ့တယ် … သူတို့လည်း သဘောပေါက်သွားတယ် …။

ရှောင်လိုက်တော့ ကိုယ်ပိုင်ဟန် ထွက်လာတယ် … ဒါပေမယ့် တော်တော် များများက အဲဒီ awareness မရှိကြသေးဘူး … ကူးနေ၊ ချနေကြတုန်းပဲ … စစ်အစိုးရခေတ်တုန်းက တူဒေးတို့၊ ပြက္ခဒိန်တို့က ကင်မရာကောင်းကောင်းနဲ့ ရိုက်ထားတဲ့ ပုံကောင်းကောင်းတွေကို ကူးဆွဲခဲ့ရတဲ့ ခေတ်က ဆယ်စုနှစ်မှာ မနည်းပဲကိုး …။

Leave a comment

Filed under Art

“ပိုအမ်”

42284239_12335795153358290944_n

ဘဝ ဆယ်စုနှစ် လေးခုမှာ
စပ်မိတဲ့ အနာလည်းရှိ
ထမိတဲ့ ရောဂါဟောင်းလည်းရှိ
ခေါင်းထဲမှာ ဟောင်းလောင်း မဟုတ်သလို
ရင်ဘတ်ကလည်း ထင်မှတ်စရာကြီး ဖြစ်လို့ …။

ဂရန်း ဝီစကီ၊ အမြည်းနဲ့
အရမ်းမြည်တွန် တောက်တီးတာလည်း ရှိတယ် …
(တို့ အချင်းချင်း အခေါ်) ဘော့မာလေနဲ့
ပေါ့သွားတာတွေလည်း ရှိတယ် …
အနှစ် လေးဆယ်ကို ရေးဆိုတော့
စကားလုံးတွေက ပစ်ပြေးသွားတယ် …။

အသာအယာ ဘေးနားမှာရှိတဲ့ ချစ်သူက
ငါဘာတွေးသလဲဆိုတာ သိသွားရင်
သူ့ဆံပင်တွေ အခုထက် ဖွေးကုန်မယ် …
ဒါပေမယ့် ယုံပါ
အနာတွေနဲ့ ကုန်သည် မဟုတ်
ကဗျာတွေနဲ့ ပုံဖျောက်
ရှာဖွေမယ့် လူတစ်ယောက် …။

ဇာတိနဲ့ ဇရာ မလာခင်
ဗျာတိနဲ့ မရဏ ရောက်တဲ့ခေတ် …
အဲဒါ …
ငါကြည့်မိတဲ့ ရုပ်ရှင် ဖြစ်နေတယ် …။

သင်ကာ
(တစ်ခုသော မနက်၊ ၂၂ စက်တင်ဘာ ၂၀၁၈)

Leave a comment

Filed under Art, Poem

The Buddha

The Buddha by Thinker Bhone Myint
oil on အနှီးပိတ်

Leave a comment

Filed under Art

ပန်းချီပိုး

တူမတစ်ယောက်က ပန်းချီပိုးပါတယ် … ကိုယ့်လို ပန်းချီပိုးပါတာဆိုလို တမျိုးလုံး ဒီတစ်ယောက်ပဲ ရှိသေးတယ် … သူ့အဖေက ရိုက်ပို့လိုက်တာ ပုံက မြင်တောင် မမြင်ရ …

Continue reading

Leave a comment

Filed under Art

အသိုက်တစ်ခု

ယုဇန အင်ကြင်းလမ်း စီဘလောက် ပထမထပ်
by Thinker Bhone Myint

Leave a comment

Filed under Art