Category Archives: Uncategorized

ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အလျင်စလို အပြစ်မတင်နဲ့လို့ ဗြိတိသျှ သံအမတ်ဟောင်း ဆာ ဂျင်ကင်စ် ပြော

sir-john-jenkins

ဆာ ဂျွန် ဂျင်ကင်စ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ လူတွေရွှေ့ပြောင်းစွန့်ခွာရမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အလျင်စလို အပြစ်ဖို့ မနေကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း ဆာ ဂျွန် ဂျင်ကင်စ်က ပြောဆိုလိုက်ပါတယ်။

ဆာ ဂျွန် ဂျင်ကင်စ်ဟာ ၁၉၉၉ ကနေ ၂၀၀၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး ဖြစ်ခဲ့ပြီး လက်ရှိမှာလည်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (IISS) ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဒါရိုက်တာ၊ ယေးလ်တက္ကသိုလ်ရဲ့ ကမ္ဘာ့ရေးရာ ဂျက်ဆင် အင်စတီကျုမှာ အကြီးတန်း အဖွဲ့ဝင် ဖြစ်ပါတယ်

ရခိုင်ပြည်နယ်က မွတ်စလင်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်က အလျင်အမြန်နဲ့ ထိရောက်အောင် ရပ်တန့်ဖို့ မလုပ်နိုင်ဘူးလို့ ဝေဖန်ကြတိုင်း ကျွန်တော် ညည်းညူမိတယ်၊ ဖရိုဖရဲဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အနာတရဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကို ကုစားဖို့ဆိုတာ မျိုးဆက်နဲ့ချီပြီး လုပ်ရမယ့် အလုပ်ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့ကို မနည်းတိုးနေရတဲ့ အစိုးရသစ်ကိုပဲ လူတွေက အာရုံစိုက်ပြီး ပြောနေကြတယ်လို့ ဆာ ဂျွန် ဂျင်ကင်စ်က ဆောင်းပါးတစ်ပုဒ်မှာ ရေးသားလိုက်ပါတယ်။

Continue reading

Advertisements

Leave a comment

Filed under Article, Politics, Uncategorized

အမေရိကန် စစ်တပ်နဲ့ လိင်ပြောင်း စစ်မှုထမ်းများ သမိုင်း

article-2

လိင်ပြောင်းထားသူတွေကို အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်ခွင့် မပြုတော့ဖို့ စီစဉ်နေတယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ကြေညာချက်က LGBT အသိုင်းအဝိုင်းကို အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာစေပါတယ်။

စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ရင်း လိင်ပြောင်းလဲမှုဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူကြတဲ့ “ဆေးစရိတ် ကုန်ကျမှု အမြောက်အမြား” ကို လျှော့ချနိုင်လိမ့် မယ်လို့ သမ္မတ ထရမ့်က အကြောင်းပြပါတယ်။ ဒါပေမယ့် ခွဲခြမ်းစိတ်ဖြာ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ RAND ရဲ့ ၂၀၁၆ ခုနှစ် လေ့လာမှု တစ်ရပ်မှာတော့ လိင်ပြောင်းလဲမှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက် ကုသစရိတ်ဟာ နည်းတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူနေသူတွေကို လိင်ပြောင်းလဲမှုဆိုင်ရာ ခွဲစိတ်ကုသ စောင့်ရှောက်ပေးရတဲ့ စရိတ်ဟာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၄ သန်းရှိပြီး တစ်နှစ်မှာ စစ်မှုထမ်းတွေအတွက် စစ်ဖိနပ်ဝယ်ရတဲ့ စရိတ်ထက် ၀ ဒသမ ၁ ရာခိုင်နှုန်းပဲ ပိုပါတယ်။

Continue reading

Leave a comment

Filed under Article, Gender, International Affairs, MCN, Uncategorized

သူ့အကန့်နဲ့ သူ

key-two-side

(Credit – dreamstime)

-တဖက်က ပြောတယ်-ဝ တွေ ခွဲခြားခံရတယ် … ဘာညာ
-ကျန် တဖက်က ပြောတယ်-ဝင်ခွင့်ကတ်တွေ EAOs က ထုတ်သွားလို့၊ ဝ ကလည်း တည်းရန် စီစဉ်ပေးရာတွင် မတည်း၊ တခြားနေရာ တည်း၍ ကတ်များ တလွဲရောက်၊ ဝ ကို အကျအန ဖိတ်တာတောင် ခေါင်းဆောင်ပိုင်း မလာ၊ တာချီလိတ် တာဝန်ခံ အဆင့်သာ လာရောက် … ဘာညာ …

-တဖက်က ပြောတယ်-သူတို့က ရေဆေးပန်းချီ အသင်းက ဘာညာကွိကွတဲ့ … နိုင်ငံဖြတ်ကျော် ပွဲများ ဝင်ရောက် ဆယ်မီနာ ရာမီနာလုပ် … ဘာညာ
-ကျန်တဖက်က ပြောတယ် …ရေးဆေးမရေးတဲ့လူတွေက ဘယ်က အဲဒီထဲ ပါလာတာလဲတဲ့ …

Continue reading

Leave a comment

Filed under Facebook, Uncategorized

Kay Moe Ko’s 2nd Solo Show

My Heart, My Art

14080040_601195100062000_1157106772466080244_n

Leave a comment

Filed under Uncategorized

ကမ္ဘာ့ ပထမဆုံး လိင်ပြောင်းဖို့ ကြိုးစားခဲ့သူ ပန်းချီဆရာ

1-4

ကမ္ဘာပေါ်မှာ ခွဲစိတ်ပြုပြင်ပြီး လိင်ပြောင်းဖို့ ပထမဆုံး ကြိုးစားခဲ့သူကတော့ လွန်ခဲ့တဲ့ နှစ် ၈၀ လောက်က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့နေ အိုင်နာ ဝဂ္ဂနာ ဆိုတဲ့ ရှုမျှော်ခင်းရေးဆွဲသူ ပန်းချီဆရာ တဦးပဲ ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ဇနီး ပုံတူရေးဆွဲသူ ပန်းချီဆရာမ ဂါဒါ ဝဂ္ဂနာ တို့ရဲ့ အကြောင်း စိတ်ဝင်စားစရာ သိမ်မွေ့တဲ့ ဇာတ်လမ်းကို The Danish Girl ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကြည့်ရှုခံစားရမှာပါ။

ဒေးဗစ် အက်ဗာရှော့ဖ် (David Ebershoff) ရေးသားတဲ့ ဖြစ်ရပ်မှန်ဝတ္ထုကို ပြန်ရိုက်တဲ့ ဒီရုပ်ရှင်ကားဟာ အကယ့်အဖြစ်တွေနဲ့ အတွင်းရေးတွေမှာ ကွဲလွဲမှု တချို့ ရှိတယ်လို့ ဝေဖန်ခံရပေမယ့် စိတ်ဝင်စား အားပေးမှု ခံရတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ပန်းချီဆရာမ ဂါဒါ (သရုပ်ဆောင် အဲလီစီယာ ဗီကန်ဒါ) ဟာ လက်စမသတ်နိုင်ဖြစ်နေတဲ့ မိန်းမပုံ ပန်းချီကား တကားအတွက် သူ့ ယောက်ျားဖြစ်သူ ပန်းချီဆရာ အိုင်နာ ဝဂ္ဂနာ (သရုပ်ဆောင် အက်ဒီ ရက်မိန်း) ကို မော်ဒယ် ထိုင်ခိုင်းပါတယ်။ ၁၉၂၀ ဝန်းကျင်မှာ ဂါဒါရော အိုင်နာပါ အတော်အတန် နာမည်ရ ပန်းချီသမား၊ သရုပ်ဖော် ပန်းချီရေးသူများ ဖြစ်ကြပါတယ်။

အဲဒီက စပြီး အိုင်နာဟာ သူ့ဇနီး ဂါဒါ ပန်းချီရေးဖို့ အတွက် မော်ဒယ်အဖြစ် တော်တော်များများ ထိုင်ပေးခဲ့ပြီး ပန်းချီကားထဲက မိန်းမပုံကိုတော့ အိုင်နာရဲ့ ညီမ “လီလီ အယ်လ်ဘီ” လို့ နာမည် ပေးထားလိုက်ကြပါတယ်။

2-2

ဒီလိုနဲ့ အိုင်နာဟာ ယောက်ျားဘဝ “အိုင်နာ” နဲ့ ပန်းချီကားထဲက မိန်းမဘဝ “လီလီ” ဆိုပြီး ဘဝ နှစ်ခုကို စတင် တွေ့ရှိလာပါတယ်။ အိုင်နာဟာ လီလီအဖြစ် အမျိုးသမီး အဝတ်အစားတွေ ဝတ်ရတာကို သာယာလာပြီး အမျိုးသမီးတွေရဲ့ လှပမှု၊ နွဲ့နှောင်းမှု၊ ပျော့ပြောင်းမှုတွေကို စတင် သတိပြု လေ့လာနေမိပါတယ်။ အိုင်နာဟာ တကိုယ်တည်းမှာ စိတ်နှစ်ခု ဖြစ်လာပါတယ်။ ဇနီးဖြစ်သူ ဂါဒါကလည်း ခင်ပွန်းဖြစ်သူ အိုင်နာနဲ့ လီလီတို့ နှစ်ကိုယ့်တစိတ် ဖြစ်နေမှုကို ခွဲထုတ်ဖို့ ကြိုးစားလာရပါတော့တယ်။

Continue reading

Leave a comment

Filed under Art, Article, ကေတီကေ, Biography, Movie, Uncategorized

Water Color – undated

13902579_10209866270871250_4691585235350599513_n





ငယ်စဉ် … နုစဉ်ကပေါ့ဗျာ … အောက်ဒိုး ရေးခဲ့တာ …

အခု အဖွားအိမ်မှာ ပြန်တွေ့တယ် … ဖုန်အလိမ်းလိမ်းပဲ …

ခုများတော့ မမေးလေနဲ့ … အဲသလို စိတ်ရှည်လက်ရှည် မရှိတော့ပြီ …

Leave a comment

Filed under Art, Uncategorized

ပရိုမိုးရှင်း … တဲ့လား

the-promotion

(Credit – fastcompany)

မနေ့က ဝိုင်းမှာ ကောင်မလေးတွေ ပုလင်း ပရိုမိုရှင်း လာဆင်းတယ် … စပြောကတည်းက ကွဲတော့တာပဲ … ကျမတို့ ဝီစကီက ရက်လေဘယ်ထက် ကောင်းပါတယ် တဲ့ …

အဲဒီတော့ မေးကြပြီလေ … ဆာဗေး ကောက်ထားတာလား … ဘယ်နှနှစ် စမ်းပြီးပြီလဲ … ဘယ်လောက် ရောင်းရပြီလဲ … စကော့တလန်က ထွက်တဲ့ ဝီစကီ ဘယ်လိုများ ထင်ထားလို့လဲ …
ဒါနဲ့ ကိုယ်လည်း စကားလမ်းကြောင်း ပြောင်းပါစေတော့လို့ ပုလင်းပြစမ်းပါဦး … အင်ဖော်မေးရှင်း ကြည့်မယ် … ပန်းဖလက်ပါလား …
ကောင်မလေးက ဝမ်းမြောက်ဝမ်းသာနဲ့ စွေ့ကနဲထွက်သွားပြီး လက်ကမ်းကြော်ငြာကလေး ယူလာပေးတယ် …
သောက်ခွေး … ဆီး ယူ အပ် သည်တော့ ပုံနဲ့ ပါမောက္ခ ဒေါက်တာ ဆရာကြီး နှစ်ယောက်ပုံက အောက်မှာ ပါသေးတယ် …
အေး … အေး … အဲဒီ ဆီးယူအပ်သည်တော့ ပုံ ထောက်ပြပြီး ဒီရုပ်နဲ့ ထည့်ပြီး ကြော်ငြာနေရင်တော့ အားမပေးသေးဘူး ပြောလိုက်တာ ကလေးမတွေ မျက်စိမျက်နှာ ပျက်သွားလိုက်တာများ … 😀
အတော်ညံ့တဲ့ မားကက်တင်း စီမံခန့်ခွဲမှု … အတော် သရီး ရှဲဒိုး နိုး အန်ဒါစတန်း ကလေးမတွေ … ဒုက္ခ …
ဝီစကီသမားတွေများ ဘယ်လို အောက်မေ့နေတယ် မသိဘူး … 😀
(မသကာ မော်ဒယ် အမိုက်စားလေးနဲ့ဆို ဟုတ်သေးဗျာ … ဝီစကီနေပါတယ်ဆိုမှ တိုက်ပုံးတွေနဲ့ပုံ လာကြော်ငြာ ပြရတယ်လို့ .. :D)
Like

Leave a comment

Filed under Diary, Uncategorized