Category Archives: Thought

အနစ်နာခံကြရင်းပဲ လွဲကုန်တာ

corn_husk_570xxxx

တချို့ကိစ္စတွေက အနစ်နာခံတယ်လို့ တဖက်က အမြင် …။ ဒါပေသိ တခြား တဖက်ကလည်း ပြောရခက်ကြီး … နာပြန်တယ်လို့ ထင်တာကလား …။

ကျနော်နဲ့ ကျနော့်ဦးလေး ပြောင်းဖူး ဝယ်စားတာကြည့် …

ကိုယ်က ရှေ့သွား နာနေလို့ ပြောင်းဖူးကို စားချင်လှချည့်ဆိုပြီး … တခြားသူတွေ အတွက်ပါ ပိုဝယ်လာ …

ရှေ့သွားနဲ့ ကိုက်မရတော့ … လက်နဲ့ ဖဲ့ပြီး မြောင်းကေးလဖော် … ကျန်တာ အတွဲလိုက် ခြွေမယ်ပေါ့ ..

ပြောင်းဖူး ထက်ပိုင်းချိုး … မြောင်းဖော်လေး ထားခဲ့ပြီး ရေချိုးဖို့ ဝင်သွား …

ဦးလေးကလည်း အနစ်နာခံသူအနေနဲ့ ပြောင်းဖူးကို အသစ်မစားဘဲ ကိုယ်မြောင်းဖော်ထားတဲ့ ပြောင်းဖူးကို ကောက်စား …

သူက ချိုးထားတဲ့ စားပြီးသားကလေး စားလိုက်တယ်ပြောပြီး ပြန်သွား …

ကဲ … ဘယ့်နှယ့်ရှိစ …

သူ့အထင် သူကလည်း ပြောင်းဖူးစားပြီးသားလေး စားတယ်ပေါ့ … ကိုယ့်မလည်း ပြောင်းဖူး မြောင်းဖော်ပြီး လက်နဲ့ ဖဲ့ဖို့က ဝန်လေး … မြောင်းဖော်နေရင် စာဘယ်နှယ့် ရိုက်မတုန်းဗျ …

တခါတခါတော့လည်း ဖြစ်တတ်ပါတယ် … အနစ်နာခံကြရင်းပဲ လွဲကုန်တာ …

Leave a comment

Filed under Blogging, Thought

Clash Within

(Pic - ephemeralrumination)

ကျုပ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောမယ်။ ဘာသာတွေ လူမျိုးတွေ ဂရုမစိုက်ဘူး။ တကယ်ဆို မြို့ပြ တရုတ်များ မွတ်ဆလင်များဟာ နယ်စွန်နယ်ဖျား ဒေသခံတိုင်းရင်းသားတွေထက်၊ စစ်ပြေးဒုက္ခသည်တွေထက် တင့်တောင်းတင့်တယ် နေကြရပါတယ်။

မွတ်ဆလင်များဆိုလည်း ဥပဒေပညာသင်တွေများတယ်၊ တရုတ်များဆိုလည်း ဆရာဝန်တွေ များတယ် (တဦးတည်း ကိုယ်တွေ့အရ)။ မြန်မာပြည်မှာ မွေး မြန်မာပြည်ကလို့ ခံယူကျင့်သုံး … ဆရာကြီး ဦးရာဇတ် (အာဇာနည်) တို့ … တရုတ်ကြီး ဆရာကြီး ဦးဟုတ်စိန် (ပါဠိ-သက္ကတ-အင်္ဂလိပ် ကျမ်းပြု) တို့ ကအစ ကျုပ်သူငယ်ချင်း ပီချေးတို့၊ ဆူးတို့လို … နေထိုင် ကျင့်သုံးကြသလို အတုယူသင့်ကြပါတယ်။ … Nationalism မယူဘူး၊ religion based သာ အဓိကဆိုရင် … ဘာတွေ ဖြစ်လာကြမလဲ … ဖြေလိုက်ပါ ရဲရဲ။

Nationalism, National ကို မျိုးချစ်စိတ်ဝါဒ၊ အမျိုးသားရေးဆိုင်ရာလို့ ဘာသာပြန်တာ လုံးဝ ကန့်ကွက်တယ်။ National/ism ဆိုတာ ထင်းစည်းလို တချောင်းစီစည်းထားဖြစ်တယ်၊ မျက်ကန်းယုံကြည်ချက်တွေနဲ့ ထင်းတုံးဖြစ်ခိုင်းတာမဟုတ်ပါခင်ဗျာ။

( Facebook   တွင် ဖတ်ရန် )

Leave a comment

Filed under Thought