Category Archives: Sharing

e-Books

စိတ်ဝင်စားစရာ ဘာသာရေးနဲ့ ရှေးဟောင်းစာအုပ်တချို့ကို ဝေမျှထားတဲ့ အဖြူရောင်မေတ္တာဆိုတဲ့ ဆိုဒ်ပါ။ စိတ်ဝင်စားသူတွေအတွက် လက်တို့လိုက်ပါတယ်။

မြန်မာစာအုပ်များ Click Here

အင်္ဂလိပ်စာအုပ်များ Click Here

1 Comment

Filed under e-Book, Sharing

ပုဂံနဲ့ ပုပ္ပားဇာတ်လိုက်များ

ကျနော် အထက်တန်းကျောင်းသားဘဝတုန်းက စာအုပ်တစ်အုပ်မှာတွေ့တော့ အသက်ပါလွန်းတာနဲ့ ကြိုက်လို့ ကူးဆွဲထားတဲ့ ပုံပါ။ အနော်ရထာ၊ ကျန်စစ်သား၊ ညောင်ဦးဖီး၊ ငထွေရူး၊ ကိုဗျတ္တနဲ့ မယ်ဝဏ္ဏတို့ရဲ့ သရုပ်ဖော်ပုံတွေပါ။ နောင် ပုဂံအကြောင်း၊ ပုပ္ပားအကြောင်းဖတ်တဲ့၊ သီချင်းနားထောင်တဲ့ အခါ ဒီမျက်နှာလေးတွေ မြင်ယောင်လိုက်ပေါ့။

အနုပညာအာရုံကျတဲ့ အခါ ကတ္ထူပုံး၊ နံရံ၊ တံခါးချပ်ပါမကျန် တွေ့ကရာဆွဲတတ်တဲ့ ကျနော်ရဲ့ အကျင့်အတိုင်း အခုလည်း စာရေးစက္ကူတစ်ခုအပေါ်မှာ ကောက်ပြီး ကူးဆွဲထားလိုက်တာ ဖြစ်ပါတယ်။


Leave a comment

Filed under Art, Sharing

ပြည်ထောင်စုသားတိုင်းရင်းသားစာရင်း

(သုတေသနသရုပ်ပြအဘိဓာန်ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော်၏ စာရင်းဖြစ်ပါသည်။)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၌နေထိုင်ကြသော တိုင်းရင်းလူမျိုး အပြားကို ဆိုလိုသည်။ ဤ၌ ရှေးဟောင်းရာဇ၀င်လာ ဆိတ်သုဉ်းလေပြီးသော လူမျိုးများနှင့် နောက်ပေါ် စာအုပ်စာတမ်း မှတ်သားချက်တို့တွင် ပါဝင်တွေ့ရှိရသော လက်ရှိပြည်ထောင်စုသား လူမျိုးများကိုပါ ရေတွက်ဖေါ်ပြလိုက်သော်လည်း များစွာ ကျန်ရှိပေသေး၏။

() ချင်းလူမျိုးမြောက်ပိုင်းချင်းများကား ချင်းတောင်နှင့် အထက်ချင်းတွင်းခရိုင်၌ နေကြ၍ အလယ်ပိုင်းချင်းနှင့် တောင်ပိုင်းချင်းတို့ကား ပခုက္ကူ, စစ်တွေခရိုင်, ချင်းတောင် နှင့် တောင်ဘက်ရှိ တောင်တန်းတခို၌ နေထိုင်ကြ၏၊ ချင်းမျိုးကွဲ များစွာရှိကြောင်းကိုလည်း သိရသေးသည်၊

() ကမိ လူမျိုးနှင့်၊

() မြို လူမျိုးရခိုင်ပြည်မြောက်ပိုင်း၌ နေကြသည်၊

() ကဒူး လူမျိုးကသာနှင့်အထက် မြန်မာပြည် အထက်ချင်းတွင်းခရိုင် တလျှောက်၌ နေကြသည်၊

() ကချင် လူမျိုးအထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြောက်ဖက် အကျဆုံးသော အရပ်တို့၌ နေကြသည်၊

() မရူ လူမျိုး၊

() လရှီ လူမျိုး၊

() ဇီလူမျိုးမြန်မာပြည်နှင့် ရှမ်းပြည်မြောက်ဖက်စွန်း မြစ်ကြီးနားခရိုင်နှင့် အခြားခရိုင် များ၌ နေကြသည်၊

() လီရှော၊ သို့မဟုတ် လိဆော လူမျိုးသံလွင်တောင်ခြား, ရွှေလီနှင့် ဧရာဝတီအတွင်းရှိ တောင်များ, အထက်မြန်မာပြည်နှင့် ရှမ်းပြည် အရှေ့မြောက်ဖက်စွန်း၌ နေကြ၏၊

(၁၀) လာဟူ၊ သို့မဟုတ် မုဆိုးလူမျိုး၊

(၁၁) နန်း၊ သို့မဟုတ် ရ၀င်းလူမျိုးကချင်ပြည်နယ်မြောက်ပိုင်း၌ နေထိုင်ကြသည်၊

(၁၂) ကော၊ သို့မဟုတ် အခ လူမျိုးကျိုင်းတုံနှင့်မဲခေါင်နယ် အရှေ့ဖက် နယ်တလျှောက်၌ နေကြသည်၊

(၁၃) ပလောင် လူမျိုးရှမ်းပြည်နှင့်မိုးကုတ်နယ်တလျှောက်၌နေကြသည်၊

(၁၄) ရီယန်းလူမျိုးတောင်ပိုင်းရှမ်းပြည်နယ်၏ အရှေ့မြောက်ဖက်၌နေကြသည်၊

(၁၅) ၀ လူမျိုးရှမ်းပြည်နယ်၏ အရှေ့ပိုင်း တရုပ်ပြည်နယ်ခြားအနီး၌နေထိုင်ကြသည်၊

(၁၆) ကရင်လူမျိုးအောက်ဗမာပြည်၏ အရှေ့ဖက်, တောင်ဖက် ရှမ်းပြည်နယ်၏ အနောက်ဖက်နှင့် တောင်ဖက်တလျှောက်၌ နေထိုင်ကြသည်၊ ၄င်းတို့လည်း မျိုးပြားများစွာ ရှိသေး၏၊

(၁၇) တောင်သူ၊ သို့မဟုတ် ပအိုလူမျိုးအောက်မြန်မာပြည်သထုံခရိုင်နှင့် တောင်ပိုင်းရှမ်းပြည်နယ် အချို့တွင် နေထိုင်ကြသည်၊

(၁၈) ဆလုံလူမျိုးမြိတ်ကျွန်းစု၌နေကြသည်၊

(၁၉) ကယား၊ သို့မဟုတ် ကရင်နီ လူမျိုးကယားပြည်နယ်၌နေကြသည်၊

(၂၀)
ရှမ်းလူမျိုး၊

(၂၁) မိုင်းသာလူမျိုး၊

(၂၂) ဒရယ်လူမျိုး၊

(၂၃) ရခိုင် လူမျိုးရခိုင်တိုင်းနယ်၌နေကြသည်၊

(၂၄) မြန်မာ၊

(၂၅) ထားဝယ် လူမျိုးတနင်္သာရီ ကမ်းရိုးတလျှောက်၌နေကြသည်၊

(၂၆) ယောလူမျိုးပခုက္ကူခရိုင် အနောက်မြောက်ရှိ ယောနယ် တလျှောက်၊

(၂၇) ဒနု လူမျိုး၊

(၂၈) ယပိန်း, ဇပိန်း, သို့မဟုတ် ကွေ လူမျိုး၊

(၂၉) ဖုန် လူမျိုး၊

(၃၀) အင်းသား လူမျိုး၊

(၃၁) တောင်ရိုးလူမျိုး၊

(၃၂) ဒိုင်နက် လူမျိုး၊

(၃၃) ပဒေါင်း လူမျိုးမြန်မာဆက်များ၊ အများအားဖြင့် ရှမ်းပြည်တောင်တန်းတလျှောက်မှာ နေထိုင်ကြသည်၊

(၃၄) မွန် လူမျိုး၊

(၃၅) ကမု လူမျိုး

(၃၆) ယအိုလူမျိုး၊

(၃၇) မိအိုလူမျိုး၊

(၃၈) ဒနောလူမျိုးမွန် ခမာဆက် လူမျိုးများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌နေကြသည်၊

(၃၉) နာဂ လူမျိုးနာဂတောင်တလျှောက်၊

(၄၀) ကုကီ လူမျိုး၊

(၄၁) ကသည်း လူမျိုး၊

(၄၂) ထမန် လူမျိုးအထက်ချင်းတွင်းနယ် တောင်ရိုး တောင်ကြားတို့၌နေကြသည်၊

(၄၃) ဂျင်းဖေါ၊ သို့မဟုတ် သိန်းဖော လူမျိုး၊

(၄၄) ခမင် လူမျိုး၊

(၄၅) ခနုန် လူမျိုးကချင်ပြည်နယ်၌နေကြသည်၊

(၄၆) ခေါင်းတို လူမျိုးတောင်တန်းနယ်သားများ၊

(၄၇) ပျူလူမျိုး၊

(၄၈) ကမ်းယံ လူမျိုး၊

(၄၉) သက် လူမျိုးရှေးဟောင်း မြန်မာလူမျိုးများ။

ရည်ညွှန်းကိုးကား သုတေသနသရုပ်ပြအဘိဓာန် (၂၀၀၇ တည်းဖြတ်ခြင်း)

1 Comment

Filed under Anthropology, Research, Sharing

မြန်မာဝီကီပီဒီယားအရေး

မြန်မာဝီကီပီဒီယားနဲ့ ပတ်သက်လို့ ၀မ်းသာ ၀မ်းနည်းရော၊ အားရ အားမရရော၊ နားလည် မလည်ရော ဖြစ်နေတုန်း ဘလူးဖီးနစ်ရဲ့ အဖိုးတန်ရှင်းပြချက်တွေ ထွက်ပေါ်လာပါတယ်။ မြန်မာဝီကီပီဒီယား တခန်းသစ်ဦးမယ်လို့ မြင်မိပါတယ်။ ပို့စ်နှစ်ခုကို မဖတ်ရသေးတဲ့သူတွေအတွက် လက်တို့ချင်ပါတယ်။

မြန်မာဝီကီအကြောင်းသိကောင်းစရာများ – ဘလူးဖီးနစ်

ဇော်ဂျီချစ်သူများအတွက် မြန်မာဝီကီလာပြီ – ဘလူးဖီးနစ်

Leave a comment

Filed under MOE, Sharing, Wikipedia

ရယ်ခြင်းကြီးသုံးပါး

သုံးပါးတသီး၊ ရယ်ခြင်းကြီးကား၊ ဇနီးအိမ်ရှင်၊ မိမိလင်လည်း၊ ချစ်ခင်သောအား၊ သမီးသားကို၊ ပိုက်ဖျားအားရမ်း၊ ချီရှုတ်နမ်းသော်၊ မယ်ဝမ်းကမွေး၊ သူများသွေးကို၊ အလေးတမြတ်၊ သင့်သားမှတ်၍၊ လှည့်ပတ်ဖက်ချီ၊ နမ်းလေပြီဟု၊ မထီမလေး၊ အသွမ်းသွေး၍၊ အဝေးမျက်ကွယ်၊ မယားရယ်၏။

ငါ့လယ်ငါ့ယာ၊ ငါ့မြေတာဟု၊ ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း၊ အရှင်မဲ့ပါ၊ ငါတို့မှာကား၊ ကမ္ဘာမကျေ၊ မချင်းနေ၏၊ အောက်သွေယွင်းယို၊ သင်တို့ကိုယ်မှ၊ လိုမပိုင်ဘဲ၊ ဖွယ်သရဲဟု၊ ကျိန်ဆဲသောနှယ်၊ မြေကရယ်၏။

ငါ့ဝယ်ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆော်တိုက်၊ ကောင်းတော်ခိုက်ကို၊ ဧည့်ဆိုက်မျှသာ၊ တည်းခိုပါရှင်၊ ငါးဖြာရန်သူ၊ ယူလှည့်တို့ပါ၊ သေမင်းခွာလည်း၊ သင့်ရာအလျောက်၊ တို့ရောက်သည်ပင်၊ တို့အရှင်လျှင်၊ ဖြစ်ချင်လွန်းလှ၊ လွန်မင်းစွဟု၊ ဒေါသချီချယ်၊ ရွှေငွေရယ်သည်၊ သုံးသွယ်ရယ်ဆေး ပျက်သွမ်းသွေး။

စိန္တကျော်သူဦးသြ

သြ၀ါဒထူးပျို့ – ၁၅

အဖွင့်

“ပိုက်ဖျားအားရမ်း” မှာ “အား”ဆိုတာ အားရပါးရ၊ လိုလိုချင်ချင်လို့ ဆိုပါတယ်။

“အောက်သွေယွင်းယို”၌ “အောက်”မှာ ကုန်လွန်ပျက်စီးခြင်း အနက်ကို ဆိုလိုပါသည်။

ဤလင်္ကာမှာ ဗုဒ္ဓ၀ါဒ ကျမ်းထွက် အလိုဖြစ်သည်။

Leave a comment

Filed under Poem, Sharing

အစ်မခင်မင်းဇော်ရဲ့ ကယန်းအကြောင်းဆောင်းပါး

ကျနော်ပြုစုရေးသားနေတဲ့ ကျမ်းကို ရည်ညွှန်းပြီး အစ်မခင်မင်းဇော် တင်ပေးတဲ့ ပို့စ်ပါ။ ကျနော့်အနေနဲ့ အစ်မခင်မင်းဇော်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျနော်အပါအ၀င် သုတေသီအချို့ဟာ ကယန်းတွေအကြောင်းလေ့လာရင်း ပိုမိုစိတ်ဝင်စားပြီး ဒီ့ထက်ပိုလုပ်ချင်လာတာ တွေ့ရတာ ၀မ်းသာစရာပါပဲ။

အစ်မခင်မင်းဇော် တင်ပေးတဲ့ ပို့စ်ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

1 Comment

Filed under Article, Karenni, Kayan, Research, Sharing

လူမျက်နှာပျောက်တဲ့ လူသားတွေ

လူမျက်နှာပျောက်တဲ့ လူသားတွေ
ဇေယျာသော်


လူအချင်းချင်း မီးထက်ပြင်းတဲ့ ထိုးနှက်မှုတွေ
အချစ်ကို ၀ယ်စားကြသူတွေနဲ့ အချစ်ကို ရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့ မေတ္တာမဲ့တဲ့ နှလုံးသားတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။

ငါတို့ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့ အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုး
အသွေးအသားတွေကို ၀ါးမျို
အရိုးတွေနဲ့ မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့

ငါတို့ခေတ်မှာ ကမ္ဘာရဲ့သစ္စာ
ပျောက်ဆုံးနေတဲ့ လောကပါလဟာ
ဘယ်မှာမှ ရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်
ဟင်
လူသားတွေဟာ လူမျက်နှာတွေ ပျောက်နေကြပြီ။

ဇေယျာသော်
၂၇..၀၈

(ဒေါက်တာလွဏ်းဆွေထံမှ ကူးယူဖော်ပြသည်။ လေးစားဂုဏ်ပြုအပ်ပါသည် ဇေယျာသော် ခင်ဗျာ။)

Leave a comment

Filed under Poem, Sharing