Category Archives: Research

ဆောတွင် ဥ (ပ်) ပူး ချင်းစာပေ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများအား တာဝန်ပေးခန့်အပ်လွှာ ထုတ်ပေး

ဆော၊ မေ ၁၂/MOI (ခရိုင်ပြန်/ဆက်)

ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) ရန်ကုန်မှ ပေးပို့သည့် ဆောမြို့နယ်ရှိ ဥ(ပ်)ပူး ချင်း စာပေ သင်ကြားပို့ချမည့် ဆရာ/ဆရာမများထံ တာဝန်ပေးခန့်အပ်လွှာများကို ဂန့်ဂေါခရိုင် ဆောမြို့နယ် ဥ(ပ်)ပူး ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီက မေ ၁၀ ရက်မှ စတင်ကာ ထုတ်ပေးခဲ့ရာ မေ ၁၂ ရက် နံနက်တွင် အပြီးသတ် ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

ထိုသို့ ခန့်အပ်လွှာများ ပေးအပ်ခြင်းကို မကွေးတိုင်းဒေသကြီး ဥ(ပ်)ပူး ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးအောင်သိန်းက ကြီးမှူးလျက် ဆောမြို့ရှိ ယင်း၏ နေအိမ်တွင် မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်(စာကြည့်တိုက်ခင်မောင်)နှင့် အတွင်းရေးမှူး ဦးခိုင်လိန်းတို့က ဆောင်ရွက်ခဲ့ကြသည်။

ဥ(ပ်) ပူး ချင်းစာပေသင်ကြားခြင်းကို ဆောမြို့နယ်တွင် ဥ(ပ်) ပူးချင်းများ နေထိုင်သည့် ကျေးရွာ ၄၉ ရွာတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ သင်ကြားပို့ချသွားမည်ဖြစ်ရာ အဆိုပါကျေးရွာ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်သည့် ဆရာ၊ ဆရာများထံ တာဝန်ပေးခန့်အပ်လွှာများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ခန့်အပ်လွှာများကို ဥ(ပ်)ပူးချင်းများ နေထိုင်သည့် ကျေးရွာ ၄၉ ရွာမှ ဆရာ၊ ဆရာမ ၇၃ ဦး အတွက် ပေးအပ်ခဲ့ပြီး သင်တန်းအား ဇွန် ၁ ရက်က စတင်၍ သင်ကြားပို့ချကြမည် ဖြစ်ကြောင်း မြို့နယ်လက်ထောက်ပညာရေးမှူး ဦးဘီဝင်းက ပြောသည်။

Leave a comment

Filed under Anthropology, Chin, Ethnic Minority, Research

Between Idealism and Pragmatism

အောက်စ်ဖို့ဒ် ဆရာတော်ရဲ့ ပါရဂူ (D.Phil) ဘွဲ့ယူ ကျမ်းပါ …

Between Idealism and Pragmatism:
A Study of Monastic Education in Burma and Thailand
from the Seventeenth Century to the Present

ဒေါင်းလုဒ်ယူရန် Click Here

Leave a comment

Filed under Buddhism, Research

တောင်ကြီးတက္ကသိုလ်မှာ ဖတ်ကြားတဲ့ စာတမ်းတချို့


ဂုံရှမ်းတိုင်းရင်း သားလူမျိုးစုများ၏ ဂုံရှမ်းစာပေနှင့် ပိဋကတ်သမိုင်း စာတမ်း – ဦးစိုင်းကျော်ကျော်

လီဆူ (ဗုဒ္ဓဘာသာ) လူမျိုးစုများ၏ လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှု စာတမ်း – ဒေါ်ကေသီလှိုင် (ဗျာအား မီးလူး)

အာခါတိုင်းရင်းသား လူမျိုးစု၏ အာခါအမျိုးသား ယဉ်ကျေးမှုနှင့် စာပေစာတမ်း – ဦးမင်းညို

”ဝ” တိုင်းရင်းသား လူမျိုးစု၏ ”ဝ” လူမျိုးတို့၏ သမိုင်းအစနှင့် စာပေယဉ်ကျေးမှု စာတမ်း – ဒေါ်ဒီးနာလု

လားဟူတိုင်းရင်းသား လူမျိုးစု၏ လားဟူတိုင်းရင်းသား ဘာသာ စကားနှင့် စာပေရှင်သန်မှု အလားအလာ စာတမ်း – ဦးနိုးဝေ (ခ) NOEL KYA HEH

Continue reading

1 Comment

Filed under Anthropology, Ethnic Minority, Literature, Research

ရုပ်ရှင်ခေတ်ဦး ပြည်ပမှာ ပြဖူးတဲ့ ရုပ်ရှင်ကား ၁၃ ကား

မြန်မာ့ရုပ်ရှင်ခေတ်ဦး ၁၈ နှစ်ခရီး (၁၉၂၀-၁၉၃၈) တွင် ဗြိတိန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို မြန်မာ ရုပ်ရှင်ကား ၁၃ ကား တင်ပို့ပြသခဲ့ကြဖူးပါတယ်။

စာရေးဆရာ ကေးမြူး ပြုစုတဲ့ စာအုပ်ထဲကနေ အမှတ်စဉ်ထိုးပြီး တင်ပေးလိုက်ပါတယ်။

Continue reading

Leave a comment

Filed under Art, Research

ဇာတိမာန် သီချင်းများ စာရင်း

“မြန်မာ့ရုပ်ရှင် အနုပညာရှင်များ၏ လက်လှမ်းမီသမျှ ထင်ရှားသော ဇာတိမာန် သီချင်းများ”

(မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု နှင့် ရုပ်ရှင် အနုပညာရှင်များ – ကေမြူး)

Continue reading

Leave a comment

Filed under Classic, Knowledge, Music, Research

Ko Hla Aung: ပေ့ခ်ျ ဆိုတာ

ကိုလှအောင်ရေးပြီး ကျနော်ကို Tag ထားတဲ့ ဖေ့စ်ဘုတ်က ပို့စ်ကို ပြန်တင်ထားတာပါ။

National Geographic

တလောက မိတ်ဆွေတစ်ယောက် လင့်ရှဲလို့ ဖိုသူတော်ဆိုတဲ့ ပေ့ခ်ျတစ်ခု လာပေါ်တယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်ထားတဲ့ ပေ့ခ်ျလည်း မသိပေမယ့် ကိုယ်ပေ့ခ်ျကို လူသိများဖို့ လိုက်ခ် များများရဖို့ ထိရှလွယ်တဲ့ အကြောင်းအရာတွေကို သေချာမသိဘဲ မတင်သင့်ပါဘူး။ အထူးသဖြင့် ဘာသာရေး ကိစ္စတွေပေါ့။

ဖတ်မိလိုက်တာက ဘုရားရှင် ဘာကြောင်ဆံပင်ရှည်ထားရသလဲတဲ့။ ကျမ်းကိုးကျမ်းကား မပါဘဲ စာရေးဆရာတစ်ယောက် စကားကိုညွှန်းထားတယ်။ ဘုရားကပဲ တကယ်ဆံပင်ရှည်သလိုလို ရေးထားတယ်။ တကယ်တော့ ဘုရားလဲ ခေါင်းတုံး(ဂတုံး)ပါပဲ။

သုတ် သိလက္ခံ အန္ဗတ္ထသုတ်မှာ ဗေဒင်သုံးပုံ နှံ့စပ်တဲ့ ဆရာပေါက္ခရသာတိ ပုဏ္ဏားက တပည့်လုပ်သူ အန္ဗတ္ထလုလင်ကို လက္ခဏာပညာရပ်နဲ့ ဂေါတမ ဗုဒ္ဓဟာ ဘုရားစစ်ဟုတ်မဟုတ် သွားကြည့်ခိုင်းတယ်။ ကြံအင်လက္ခဏာ အရ ဘုရားရှင်ရဲ့ လက္ခဏာဟာ ဘုရားစင်စစ်ရဲ့ လက္ခဏာတော်ဆိုတာ သိတော့ ဘယ်လောက် သည်းခံနိုင်သလဲ သိရဖို့ ဆဲပါတော့တယ်။ အဲ့ဆဲတဲ့ထဲမှာ ဘုရားကို ဂတုံး ခွက်မဲကြီးဆွဲပြီး တောင်းစားသူ လို့ပါတယ်။

Continue reading

Leave a comment

Filed under Article, Religion, Research

ပါတော် မူ၊ မမူ

ပါတော်မူသွားတာ သီပေါမင်းအစစ်မဟုတ်ဘူးလို့ ဖေ့စ်ဘုတ်ပေါ်မှာ ဖွကြလို့ ကေမြူးရေးတဲ့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ရုပ်ရှင် အနုပညာရှင်များ စာအုပ်ထဲကနေ ကူးယူဖော်ပြတာပါ

======

သိပ်ငြင်းမနေကြနဲ့ … စာလေးဘာလေးဖတ် …။

“… နယူးဒေလီမြို့တွင် ကျင်းပသည့် ပဉ္စမမြောက် ဂျော့ဘုရင်၏ အိန္ဒိယနိုင်ငံဆိုင်ရာ နန်းသိမ်းပွဲ သတင်း (ရုပ်ရှင်) ကားကိုလည်း ပြသခဲ့ရာ ထိုနန်းသိမ်းပွဲတွင် အိန္ဒိယနိုင်ငံသို့ ပါတော်မူခဲ့ရသော သီပေါမင်းက ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့သည်ကို မြန်မာပြည်သူတို့ ကြည့်ရှုခွင့် ရခဲ့သည်။

ထိုအခမ်းအနားတွင် ဂျော့ဘုရင်က မြင့်သည့်နေရာတွင်ရှိပြီး သီပေါမင်းက နိမ့်သည့်နေရာတွင် နေရပုံပြကွက်နှင့် ဂျော့ဘုရင်အား သီပေါမင်းက ဦးညွတ်နုတ်ဆက်ရပုံ ပြကွက်များအား ကြည့်ပြီး ပြသလေရာ၌ မြန်မာတို့မှာ မခံရပ်နိုင်ကြတော့ဘဲ ရုပ်ရှင်ပိတ်ကားအား တွေ့ရာခဲနှင့် ဖိနပ်တို့ဖြင့် ပစ်ပေါက်ကြသည် …”

(မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ရုပ်ရှင် အနုပညာရှင်များ)

Leave a comment

Filed under History, Myanmar, Research