Category Archives: Personal

WFH

Work from Home

Leave a comment

Filed under Personal

WFH and SAH

WFH and SAH

Leave a comment

Filed under Personal

“ညီနှစ်ယောက်”

“ညီနှစ်ယောက်”

တစ်ကောင်က စာတော်တယ် … ဘာညာ အင်ဂျင်နီယာကျောင်းတွေ ဘာတွေ လုပ်မနေနဲ့ … မြန်မြန် အလုပ်ဖြစ်မယ့် ရေကြောင်းကောလိပ် ပို့လိုက်တယ် …။ ရေကြောင်း ကောလိပ် ပြီးတယ် … ဘာညာ မွမ်းမံတွေ တက်ပြီးသကာလ သူတို့ ကျောင်းဆင်း အသုတ်ထဲမှာ ဒုတိယမြောက်လား … တတိယမြောက်လား … သင်္ဘောတက်ခွင့်ရတယ် …။

အဘွားကျန်းမာရေး မကောင်းတော့ နေပြည်တော်မှာ ပြုစုစဉ် ကုမ္ပဏီက လှမ်းခေါ်တော့ သူရန်ကုန်ပြန်ရတယ် …။ ရီရိုဒီဂျနဲရိုးကနေ သင်္ဘော သွားတက်ရမယ်တဲ့ …။ အခု ကိုဗစ်ရောဂါ ငယ်ထိပ်တက်နေပြီဖြစ်တဲ့ ဘရာဇီး နိုင်ငံကနေပေါ့ …။
သင်္ဘောတက်မယ် … လေယာဉ်လက်မှတ်ဝယ်မယ့်နေ့ မတိုင်ခင်ဘဲ နိုင်ငံတွေက ကိုဗစ်ကြောင့် lockdown ချ …. လေယာဉ်တွေရပ် … သူလည်း ငုတ်တုတ်မေ့ရော …။

Continue reading

Leave a comment

Filed under Personal

Psycho test

[Unicode]သင့်ရမှတ်:

စိတ်ကျခြင်းအမှတ် : 7

စိုးရိမ်ပူပန်မှုအမှတ် : 8

စိတ်ဖိစီးမှုအမှတ် : 7

[Zawgyi]သင့္ရမွတ္:

စိတ္က်ျခင္းအမွတ္ : 7

စိုးရိမ္ပူပန္မႈအမွတ္ : 8

စိတ္ဖိစီးမႈအမွတ္ : 7

ဒီမွာ စစ္လို႔ရတယ္ … http://m.me/caremindmm

Leave a comment

Filed under Personal

ကိုဗစ္ ကာလ

အိမ္က မအဲပဲ ေအးတယ္ …၊ မနက္ မိုးလင္းရင္ မထေသးဘူး … အိပ္ယာထဲ ေဖ့စ္ဘုတ္ အဝသံုး …၊ ၿပီးရင္ … ဘရိတ္ဖတ္စား … ကိုရီးယားကားၾကည့္ … ပ်င္းေတာ့ ဂိမ္းျပန္ေဆာ့ …။

ၿပီးေတာ့ ေန႔လည္စာ …၊ ၿပီးေတာ့ ဂိမ္းျပန္ေဆာ့ရင္း အိပ္ …၊ ျပန္ႏိုးလာ … ေရခဲေသတၱာထဲ ေမႊေႏွာက္စား … ကိုရီးယားကား ျပန္ေဒါင္း … တခါ ဂိမ္းျပန္ေဆာ့ …။ သူ႔ဖုန္း အားကုန္ေတာ့ ကိုယ့္ဖုန္းနဲ႔ ဂိမ္းထပ္ေဆာ့ …။

ညစာစား … ေဖ့စ္ဘုတ္ ျပန္ၾကည့္ … တေယာက္တည္း ေအာ္ဟစ္ရယ္ … အားမရရင္ ဖတ္ထားတဲ့ သတင္းေတြ လာေျပာျပ … ကိုယ္က အတည္ျပဳေပးရ …။ ၿပီးရင္ ေန႔လည္က အိပ္ထားၿပီးလည္း အေစာႀကီးျပန္အိပ္ …။ ဟုတ္ေနတာပဲ …။

ကိုယ့္မွာသာ သတင္းေတြဖတ္၊ မွတ္သင့္တာမွတ္၊ ႐ုပ္ရွင္ကားေတြ ေဒါင္း၊ သူႏိုးမွာစိုးလို႔ ေဆာင္းေဘာက္ႀကီးနဲ႔ စစ္ကားလည္း တိုးတိုးဖြင့္ …၊ ေရတင္ … အဲဒါကို မုန္႔ဟင္းခါး ဝယ္ဦး …၊ ဟင္းရြက္သည္ လာတယ္ ဝယ္ဦး၊ ႏြားႏို႔ ဝယ္ဦး၊ အမိႈက္ပစ္ဦး … ေနာက္လမ္းက အသုတ္ဆိုင္ ဖြင့္ေသးလား နဲ႔ …။

ဝီစကီကို ေကာင္းေကာင္း မေသာက္ရဘူး … … သူအိပ္တုန္း … လူစံုတုန္း ေျပာရတာ …

– – –

အိမ်က မအဲပဲ အေးတယ် …၊ မနက် မိုးလင်းရင် မထသေးဘူး … အိပ်ယာထဲ ဖေ့စ်ဘုတ် အဝသုံး …၊ ပြီးရင် … ဘရိတ်ဖတ်စား … ကိုရီးယားကားကြည့် … ပျင်းတော့ ဂိမ်းပြန်ဆော့ …။

ပြီးတော့ နေ့လည်စာ …၊ ပြီးတော့ ဂိမ်းပြန်ဆော့ရင်း အိပ် …၊ ပြန်နိုးလာ … ရေခဲသေတ္တာထဲ မွှေနှောက်စား … ကိုရီးယားကား ပြန်ဒေါင်း … တခါ ဂိမ်းပြန်ဆော့ …။ သူ့ဖုန်း အားကုန်တော့ ကိုယ့်ဖုန်းနဲ့ ဂိမ်းထပ်ဆော့ …။

ညစာစား … ဖေ့စ်ဘုတ် ပြန်ကြည့် … တယောက်တည်း အော်ဟစ်ရယ် … အားမရရင် ဖတ်ထားတဲ့ သတင်းတွေ လာပြောပြ … ကိုယ်က အတည်ပြုပေးရ …။ ပြီးရင် နေ့လည်က အိပ်ထားပြီးလည်း အစောကြီးပြန်အိပ် …။ ဟုတ်နေတာပဲ …။

ကိုယ့်မှာသာ သတင်းတွေဖတ်၊ မှတ်သင့်တာမှတ်၊ ရုပ်ရှင်ကားတွေ ဒေါင်း၊ သူနိုးမှာစိုးလို့ ဆောင်းဘောက်ကြီးနဲ့ စစ်ကားလည်း တိုးတိုးဖွင့် …၊ ရေတင် … အဲဒါကို မုန့်ဟင်းခါး ဝယ်ဦး …၊ ဟင်းရွက်သည် လာတယ် ဝယ်ဦး၊ နွားနို့ ဝယ်ဦး၊ အမှိုက်ပစ်ဦး … နောက်လမ်းက အသုတ်ဆိုင် ဖွင့်သေးလား နဲ့ …။

ဝီစကီကို ကောင်းကောင်း မသောက်ရဘူး … 😀 😀 😀 … သူအိပ်တုန်း … လူစုံတုန်း ပြောရတာ … 😀 😀

Leave a comment

Filed under Personal