Category Archives: Movie

ဟောလိဝုဒ်လောက လိင်အရှုပ်တော်ပုံ

ဂျနီဖာ လောရင့်စ်နဲ့ ဝိန်းစတိန်း

သင်ကာ

ရုပ်ကလေးကလည်း ရှိ၊ ရုပ်ရှင်မင်းသမီးကလည်း ဖြစ်ချင်၊ တိုးပေါက်ဖို့ကလည်း မလွယ်။ အဲဒီမှာ ငွေစိုက်ထုတ်မယ့် ထုတ်လုပ်သူတို့၊ အရှိန်အဝါရှိတဲ့ ဒါရိုက်တာတို့နဲ့ အိပ်ယာပေါ်ရောက်။ အဲဒီကနေ နာမည်ကျော် မင်းသမီးကြီးဖြစ်။ ဒါမျိုးတွေက ဇာတ်လမ်းတွေ၊ ဝတ္ထုတွေ ရေးနေကျ၊ ရုပ်ရှင်ထဲတောင် တစ်ခါတစ်လေ ထည့်လိုက်သေး။

အခုဟာကတော့ အဲဒီလို တကယ် ဟုတ်သလိုလို၊ မဟုတ်သလိုလို ဇာတ်လမ်းမျိုးမဟုတ်ဘဲ ရုပ်ရှင်လောကသားတွေရော၊ အရပ်သားတွေပါ ရှော့ခ်ဖြစ်သွားရုံမက ရဲတပ်ဖွဲ့ကပါ ဝင်ပါရတဲ့ ဟောလိဝုဒ် လောကထဲက ခြေတော်တင်၊ လက်တော်တင် ဇာတ်လမ်း အရှုပ်ထုတ်ကြီး ထွက်ပေါ်လာလိုက်တာ ခုထိ မပြီးနိုင်သေးပါဘူး။

ဟောလိဝုဒ်မှာ နာမည်ကြီး သြဇာကြီး ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ဝိန်းစတိန်းက အခု ကမ္ဘာကျော်နေတဲ့ မင်းသမီးအများစု ငယ်စဉ်ဘဝမှာ လိင်ပိုင်းဆိုင်ရာ နည်းအမျိုးမျိုးနဲ့ အမြတ်ထုတ်ခဲ့တဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု ညောင်မြစ်တူးလို့ ပုတ်သင်ဥ ပေါ်နေပါတယ်။ ဝိန်းစတိန်း မဖွယ်မရာလုပ်ခဲ့တဲ့ မိန်းမတွေထဲမှာ လုပ်ငန်းခွင်ထဲက လက်ထောက်တို့၊ ထုတ်လုပ်ရေးဝန်ထမ်းတွေလည်း ပါပါတယ်။

Continue reading

Advertisements

Leave a comment

Filed under Article, Movie

ကမ္ဘာ့ ပထမဆုံး လိင်ပြောင်းဖို့ ကြိုးစားခဲ့သူ ပန်းချီဆရာ

1-4

ကမ္ဘာပေါ်မှာ ခွဲစိတ်ပြုပြင်ပြီး လိင်ပြောင်းဖို့ ပထမဆုံး ကြိုးစားခဲ့သူကတော့ လွန်ခဲ့တဲ့ နှစ် ၈၀ လောက်က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့နေ အိုင်နာ ဝဂ္ဂနာ ဆိုတဲ့ ရှုမျှော်ခင်းရေးဆွဲသူ ပန်းချီဆရာ တဦးပဲ ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ဇနီး ပုံတူရေးဆွဲသူ ပန်းချီဆရာမ ဂါဒါ ဝဂ္ဂနာ တို့ရဲ့ အကြောင်း စိတ်ဝင်စားစရာ သိမ်မွေ့တဲ့ ဇာတ်လမ်းကို The Danish Girl ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကြည့်ရှုခံစားရမှာပါ။

ဒေးဗစ် အက်ဗာရှော့ဖ် (David Ebershoff) ရေးသားတဲ့ ဖြစ်ရပ်မှန်ဝတ္ထုကို ပြန်ရိုက်တဲ့ ဒီရုပ်ရှင်ကားဟာ အကယ့်အဖြစ်တွေနဲ့ အတွင်းရေးတွေမှာ ကွဲလွဲမှု တချို့ ရှိတယ်လို့ ဝေဖန်ခံရပေမယ့် စိတ်ဝင်စား အားပေးမှု ခံရတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ပန်းချီဆရာမ ဂါဒါ (သရုပ်ဆောင် အဲလီစီယာ ဗီကန်ဒါ) ဟာ လက်စမသတ်နိုင်ဖြစ်နေတဲ့ မိန်းမပုံ ပန်းချီကား တကားအတွက် သူ့ ယောက်ျားဖြစ်သူ ပန်းချီဆရာ အိုင်နာ ဝဂ္ဂနာ (သရုပ်ဆောင် အက်ဒီ ရက်မိန်း) ကို မော်ဒယ် ထိုင်ခိုင်းပါတယ်။ ၁၉၂၀ ဝန်းကျင်မှာ ဂါဒါရော အိုင်နာပါ အတော်အတန် နာမည်ရ ပန်းချီသမား၊ သရုပ်ဖော် ပန်းချီရေးသူများ ဖြစ်ကြပါတယ်။

အဲဒီက စပြီး အိုင်နာဟာ သူ့ဇနီး ဂါဒါ ပန်းချီရေးဖို့ အတွက် မော်ဒယ်အဖြစ် တော်တော်များများ ထိုင်ပေးခဲ့ပြီး ပန်းချီကားထဲက မိန်းမပုံကိုတော့ အိုင်နာရဲ့ ညီမ “လီလီ အယ်လ်ဘီ” လို့ နာမည် ပေးထားလိုက်ကြပါတယ်။

2-2

ဒီလိုနဲ့ အိုင်နာဟာ ယောက်ျားဘဝ “အိုင်နာ” နဲ့ ပန်းချီကားထဲက မိန်းမဘဝ “လီလီ” ဆိုပြီး ဘဝ နှစ်ခုကို စတင် တွေ့ရှိလာပါတယ်။ အိုင်နာဟာ လီလီအဖြစ် အမျိုးသမီး အဝတ်အစားတွေ ဝတ်ရတာကို သာယာလာပြီး အမျိုးသမီးတွေရဲ့ လှပမှု၊ နွဲ့နှောင်းမှု၊ ပျော့ပြောင်းမှုတွေကို စတင် သတိပြု လေ့လာနေမိပါတယ်။ အိုင်နာဟာ တကိုယ်တည်းမှာ စိတ်နှစ်ခု ဖြစ်လာပါတယ်။ ဇနီးဖြစ်သူ ဂါဒါကလည်း ခင်ပွန်းဖြစ်သူ အိုင်နာနဲ့ လီလီတို့ နှစ်ကိုယ့်တစိတ် ဖြစ်နေမှုကို ခွဲထုတ်ဖို့ ကြိုးစားလာရပါတော့တယ်။

Continue reading

Leave a comment

Filed under Art, Article, ကေတီကေ, Biography, Movie, Uncategorized

အခမဲ့ ရုပ်ရှင် ကားသစ်/ဟောင်းများ

w32

ကွာလတီ သိပ်မကောင်းပေမယ့် ကားသစ်တွေကို အစအဆုံး အာသာပြေ ကြည့်နိုင်တယ်။ ကားဟောင်းတွေကို ပြန် အရသာခံနိုင်တယ်။ ကြည့်ချင်တာတွေ တစုတည်းမှာ မွှေနှောက် ရွေးချယ်နိုင်တယ် …။

Road, Life of Pi, The Girl form the Naked Eye, Flight ကနေ Suicide Club အထိ ပြန်ကြည့်ဖြစ်တယ်။

ဒီက ကော်နက်ရှင်နဲ့တော့ အထစ်အငေါ့ မရှိ၊ ကြည့်ရတာ အတော် အဆင်ပြေပါတယ် …။

CLICK HERE

enjoy it …

Leave a comment

Filed under Movie