Category Archives: MCN

ကုလ လူ့အခွင့်အရေးကောင်စီနဲ့ ရခိုင်ပြည်နယ် အရေး

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ရခိုင်ပြည်နယ် အရေး အဆိုမူကြမ်း မဲခွဲတဲ့အခါ ထောက်ခံမဲ ၃၃ မဲနဲ့ အတည်ပြုပြီးနောက် အဆိုမူကြမ်းမှာ ဘာတွေ ပါသလဲ၊ ရှေ့ဆက်ပြီး ဘယ်လို အရေးယူမှုတွေ ရှိလာနိုင်သလဲ ဆိုတာနဲ့ မြန်မာဘက်က ဘယ်လို တုံ့ပြန်မှုတွေ လုပ်ဆောင်သင့်သလဲဆိုတာတွေကို သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ MCN သတင်းဌာန နိုင်ငံတကာ ရေးရာ အယ်ဒီတာ ကိုသင်ကာတို့က ဆွေးနွေးထားပါတယ်။

Leave a comment

Filed under MCN, Politics

ဂျေရုဆလင် ဂယက်နဲ့ နိုင်ငံတကာ တုံ့ပြန်ချက်

ကိုသင်ကာ

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အငြင်းပွားနေတဲ့ ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ကြေညာလိုက်ပြီးနောက် အမေရိကန်၊ အစ္စရေးနဲ့ မွတ်စလင် ကမ္ဘာကြား ပွက်လောရိုက်သွားပါတယ်။ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝိုင်းဝန်း ဝေဖန်ခဲ့ကြပြီး တင်းမာမှုတွေ ဖြစ်ပေါ်လာပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ‘သမိုင်းဝင်နေ့’ လို့ ကြွေးကြော်ပါတယ်။ ဂျေရုဆလင်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ဆူးကြားက ဗူးခါးဖြစ်နေခဲ့တာ ကြာပါပြီ။ သမ္မတ ထရမ့်ရဲ့ ကြေညာချက်ဟာ ဆယ်စုနှစ်ကြာ အမေရိကန် နိုင်ငံခြားရေး မူဝါဒကို ဆွဲလှည့်လိုက်သလို ဖြစ်သွားပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်ကတော့ သမ္မတ ထရမ့်ရဲ့ အသိအမှတ်ပြုမှုဟာ ဝမ်းနည်းဖွယ်ရာ ဖြစ်တယ်လို့ ရှုတ်ချပါတယ်။ အနောက်ဘက် ကမ်းခြေနဲ့ ဂါဇာ ကမ်းမြှောင်ဒေသက ပါလက်စတိုင်းတွေကတော့ ဆန္ဒပြဖို့ တာဆူနေကြပါတယ်။

Continue reading

Leave a comment

Filed under International, MCN, Politics

ပိတ်ဆို့အရေးယူမှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး

NLD အစိုးရနဲ့ တပ်မတော်ကို ခွဲခြားပြီး အမေရိကန်ပြည်ထောင်စုအပါအ၀င် နောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့ဒဏ်ခက်မှုတွေကို ပြုလုပ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုအလှမ်း ဝေးသွားနိုင်လားဆိုတဲ့ အကြောင်းအရာအပေါ် အမ်စီအန်ရုပ်သံသတင်းဌာနရဲ့ အယ်ဒီတာ အံ့ဘုန်းမြတ် နဲ့ ပြည်သူ့အရေးဂျာနယ်ရဲ့ ပင်တိုင် ဆောင်းပါးရှင် ဆရာရဲနိုင်အောင် (ခေါ်) ကိုဝ၊ အမ်စီအန်ရုပ်သံသတင်းဌာနရဲ့ နိုင်ငံတကာရေးရာ အယ်ဒီတာ ကိုသင်ကာတို့ ပါဝင်ဆွေးနွေးပေးထားကြပါတယ်။

Leave a comment

Filed under MCN, Politics

တရုတ်စီးပွားရေးကို ပြောင်းလဲမယ့် ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ် ရှစ်ရပ်


သင်ကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်က လက်ရှိသမ္မတ ရှီကျင့်ဖျင်ကိုပဲ ဆက်လက် ရွေးချယ်ခဲ့ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီဟာ ဆက်လက် ရွေးချယ်လိုက်တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်တွေကို လမ်းပြမူထဲ ထည့်လိုက်ပါတယ်။ အဲဒီထဲမှာ သဘာဝ ပတ်ဝန်းကျင်ကို ပိုမိုပြီး ကာကွယ်ရေး၊ လူမှုဘဝ တိုးတက်ကောင်းမွန်ရေး ကိစ္စတွေလည်း ပါပါတယ်။

ခေတ်သစ်အတွက် တရုတ် စရိုက်လက္ခဏာမပျက် ဆိုရှယ်လစ်ဝါဒနဲ့ ပတ်သက်လို့ ရှီ ကျင့်ဖျင်ရဲ့ အတွေးအခေါ်တွေက ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံကြီး ဖွံ့ဖြိုးမှု ပိုချိန်ညှိကာ ရှေ့တိုးဖို့ အချက်ပေးလိုက်တာ ဖြစ်ပါတယ်။

Continue reading

Leave a comment

Filed under Article, China, Environment, International, MCN

၁၉၉၃ သဘောတူညီချက်နဲ့ ဘင်္ဂါလီတွေကို ပြန်ခေါ်မယ်ဆိုရင် စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ(တွေ့ဆုံမေးမြန်းခန်း)

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ အတိအကျ စိစစ်ပြီး ပြန်ခေါ်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဒီ ၁၉၉၃ သဘောတူညီချက်ထဲမှာ ဘယ်အချက်တွေက စိန်ခေါ်မှုတွေ ဖြစ်လာမလဲ ဆိုတာကို MCN သတင်းဌာနရဲ့ နိုင်ငံတကာရေးရာ အယ်ဒီတာ ကိုသင်ကာကို တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

Leave a comment

Filed under MCN, Politics

ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၉၉၃ သဘောတူညီချက်

article-jp-1

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်နေ့က ပြောသွားတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စိစစ်မှုလုပ်ငန်းစဉ်ကို အချိန်မရွေး စတင်မယ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ရရှိထားတဲ့ ၁၉၉၃ သဘောတူညီချက်တွေကို တိကျစွာလိုက်နာပြီး လက်ခံမယ်လို့ ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက “မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ တိုက်တွန်းပြောကြားထားတာ ရှိပါတယ်။

ပြန်လည် လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်မှုလုပ်ငန်းစဉ် (Verification Process) ကို အချိန်မရွေး စတင်နိုင်ဖို့အတွက် ကျွန်မတို့ ပြင်ဆင်ထားပါတယ်။ နှစ်နိုင်ငံအကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မူတည်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တစ်ခု ထူထောင်ထားပြီး ဖြစ်ပါတယ်။

အဲဒီအပေါ်မူတည်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကျွန်မတို့ အဆင်သင့်ရှိပါတယ်။ အဲဒီအချိန်က သဘောတူညီထားတဲ့ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာမှာ ဖြစ်ပါတယ်” ဆိုတာပါ။

Continue reading

Leave a comment

Filed under MCN, Politics

နိုင်ငံတော်အတိုင်ပင်ခံ ရဲ့အခြေပြမိန့်ခွန်းကောက်နုတ်ချက် (သုံးသပ်ချက်)

ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောဆိုခဲ့တဲ့အထဲမှာ ဘယ်အချက်တွေကို အဓိကထား ပြောဆိုသွားသလဲ ဆိုတာကို MCN နိုင်ငံတကာရေးရာ အယ်ဒီတာ ကိုသင်ကာကို တွေ့ဆုံမေးမြန်းထားပါတယ်။

Leave a comment

Filed under MCN, Politics