Category Archives: History

Kissing Sailor

Kissing Sailor ကြီးတော့ ဆုံးသွားပြီ … မန်ဒွန်ဆာ (၉၅ နှစ်)။ ဓာတ်ပုံထဲက သူနာပြု ဂရီတာ ဇင်မာ ဖရစ်မန်းကတော့ ၂၀၁၆ တုန်းက ဆုံးသွားတာ … (၉၂ နှစ်) …။

ကမ္ဘာကျော်ခဲ့တဲ့ အဲဒီဓာတ်ပုံကို လိုက်ဖ် မဂ္ဂဇင်းအတွက် အဲလ်ဖရက် အိုက်ဆင်စတက်က ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံထဲက နှစ်ဦးဟာ မန်ဒွန်ဆာနဲ့ ဖရစ်ဒ်မန်းတို့ ဖြစ်တယ်ဆိုတာ နှစ်ပေါင်းများစွာ ကြာမှ သိခဲ့တာ ဖြစ်ပါတယ်။

Leave a comment

Filed under History, Photo

ဖင်နဲ့ဖာ

ဖင်နဲ့ဖာ

မဝါဒီဆိုတာ ခုမှ ပေါ်တာ မဟုတ်ဘူး။ လင်ကိုနိုင်တဲ့ စုဖုရားလတ် လက်ထက်ကတည်းက ဆိုတာ ဖိမနစ် ဆရာမကြီးတွေ လေ့လာ ကျမ်းပြုသင့်တယ်။ (သောက်ကြီးသောက်ကျယ်တွေ ပြောရရင် ဘုရားလက်ထက်ကနေ အခုခေတ် ဘိက္ခူနီ တစင်ထောင်နိုင်တာအထိ လေ့လာဖို့ သင့်ကြတယ်။)

“မိဖုရား” ရေးထုံးကို “မိဘုရား” လို့ ရေးရမယ်တဲ့။ သောက်ပြဿနာ တက်တော့ ကင်းဝန်မင်းကြီးဆီ ရောက်ရော။

ဘုရားရှင်၊ ဘုန်းတော်ကြီးဘုရား စတာတွေနဲ့ ကွဲအောင် မိဖုရားလို့ ရေးခဲ့ကြတာ သူ့လက်ထက်မှာ ဘကုန်းရမယ်တဲ့။ သျှင်နဲ့ ရှင်တောင် ခွဲထားဖို့ ဆုံးဖြတ်ထားကြတာ ရှိသေးတယ်။

ကင်းဝန်မင်းကြီးလည်း “ဘုန်းနဲ့ ဘုရားက ရှင်းရတာ ကြာလို့ ရှိစေတော့” တဲ့။ မလွန်ဆန်နိုင်ဘူး။

အဲဒါနဲ့ “ဖင်နဲ့ ဖာ” ကလွဲရင် အကုန် “ဘကုန်း” နဲ့ ရေးကြဆိုပြီး ဖြစ်သတဲ့။

အနောက်တိုင်းမှာလည်း God ရှိရင် Goddess ရှိရမယ်တဲ့။ မပူပါနဲ့ ဗုဒ္ဓဝါဒမှာလည်း ဂရုဏာကြီးလွန်းလို့ ကွမ်ယင်မယ်တော်တောင် ဖြစ်သွားတာ မဟာယာနမှာ အစောကြီးကတည်းက။

တခါတလေလည်း အနောက်တိုင်းကဟာတွေ အတင်း မိတ္တူကူးမယ့်အစား ကိုယ့်ဆီကဟာတွေများလည်း လေ့လာကြဖို့ သင့်တာပဲ။

Leave a comment

Filed under Critic, History

လေးနန္တရိုင်း

တန်ခိုးက ပြင်ကျယ်
ပင်လယ်ထိ တနှိုင်း
လူနာမည် ငကျောက်လုံးရယ်နဲ့
စောက်သုံး နင်မကျတယ်
လေးနန္တရိုင်း …။

(ပုဂံမင်း ယောက်ဖ၊ မြောက်နန်းတော် မိဖုရားရဲ့မောင် ဦးကျောက်လုံးက ချီးမွမ်းတာ မကြိုက်လို့တဲ့၊ စာဆိုတော်က စပ်ပေးတာ)

Credit to ဆရာဝန် တင်မောင်ကြည်

Leave a comment

Filed under History, Poem

Yaw Min Gyi U Phoe Hlaing

ယောအတွင်းဝန် ဦးဘိုးလှိုင် တဲ့ … ဆရာမောင်ထင်ရေးတဲ့ သူ့အတ္ထုပ္ပတ္တိဖတ်ပြီး တော်တော် ကြည်ညိုခဲ့ရတယ် … အတော် ခန့်ငြားတာပဲ …

အပြည့်အစုံ ဖတ်ရန် – Click Here

Leave a comment

Filed under History

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့ဆုံဖူးတဲ့ ကချင် အမျိုးသမီးကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ကချင်အမျိုးသမီး ၆ ဦးနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရယ်မောပြီး တွဲရိုက်ထားတဲ့ သမိုင်းဝင် ဓာတ်ပုံတစ်ပုံ ရှိပါတယ်။ အဲဒီဓာတ်ပုံကို ၁၉၄၆ ခုနှစ်က ဗြိတိသျှ ကိုလိုနီ အစိုးရဆီကနေ မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းရင်းသားတွေနဲ့ အတူ တောင်းဆိုရေး ကချင်ပြည်နယ်ကို သွားရောက်စဉ် မှတ်တမ်းတင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Continue reading

Leave a comment

Filed under History, Politics