Category Archives: Health
Feb 5 (3 PM) – Coronavirus
ခိုရိုနာဗိုင်းရပ်စ် (ဖေဖော်ဝါရီ ၅)
သေဆုံးသူ – ၄၉၃ ဦး
တရုတ်နိုင်ငံ/တရုတ်ပြည်မကြီး ပြင်ပမှာ သေဆုံးသူ – ဖိလစ်ပိုင် ၁၊ ဟောင်ကောင် ၁
ပြန်လည်သက်သာ – ၉၂၁
ကူးစက်ခံရသူ – ၂၄၅၆၃
BEIJING, CHINA – JANUARY 30: Chinese children wear plastic bottles as makeshift homemade protection and protective masks while waiting to check in to a flight at Beijing Capital Airport on January 30, 2020 in Beijing, China. The number of cases of a deadly new coronavirus rose to over 7000 in mainland China Thursday as the country continued to lock down the city of Wuhan in an effort to contain the spread of the pneumonia-like disease which medicals experts have confirmed can be passed from human to human. In an unprecedented move, Chinese authorities put travel restrictions on the city which is the epicentre of the virus and neighbouring municipalities affecting tens of millions of people. The number of those who have died from the virus in China climbed to over 170 on Thursday, mostly in Hubei province, and cases have been reported in other countries including the United States, Canada, Australia, Japan, South Korea, and France. The World Health Organization has warned all governments to be on alert, and its emergency committee is to meet later on Thursday to decide whether to declare a global health emergency. (Photo by Kevin Frayer/Getty Images)
Leave a comment
Jan 31 – Coronavirus
ဒီမနက် ရောက်လာတဲ့ China Southern လေကြောင်းလိုင်းမှာ ပါလာတဲ့ ခိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တရုတ်ခရီးသည်ကို ဝေဘာဂီ ဆေးရုံပို့ထားပြီး စောင့်ကြည့်နေတယ်။ လေယာဉ်နဲ့ ပါလာတဲ့ မြန်မာနှစ်ဦးက လက္ခဏာမပြပေမယ့် သီးခြားခွဲပြီး Quarantine လုပ်ထားတယ်။ ကျန် ခရီးသည်နဲ့ လေယာဉ် အမှုထမ်းတွေ လေယာဉ်နဲ့ ပြန်ထွက်သွားပြီ။
(ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်)
*မှတ်ချက် – ဝန်ကြီးဌာနက ဓာတ်ပုံကို ချက်ချင်း ပြန်ဖြုတ်သွားတယ်၊ ဘာလို့လဲ မသိ၊ ဒီမှာတော့ မှတ်တမ်းယူပြီး တင်ပေးလိုက်တယ်။
Leave a comment
Jan 29 – Coronavirus
ဘာကြောင့်လဲ …။
သတင်း မဖြစ်လို့လား။ ဖုံးဖိတာလား။
why ???????????
မန္တလေးမြို့မှာ ရောက်နေတဲ့ ဝူဟန်မြို့သား တရုတ် ၇၃ ဦးကို တရုတ်အစိုးရက အထူးအစဉ်အဖြစ် ချာတာ လေယာဉ်နဲ့ မနေ့ညက လာပြန်ခေါ်သွားတယ်။ သူတို့ မြန်မာနိုင်ငံ ရောက်နေတာ ဇန်နဝါရီ်လ ၂၃ ရက်နေ့ကတည်းက။
-ကျန်းမာရေးဝန်ကြီးဌာနက ဘာမှ သတင်းထုတ်ပြန်တာ မတွေ့ …။
-သူတို့ နေထိုင်တည်းခိုသွားတဲ့ နေရာတွေကို စစ်ဆေးကြရဲ့လား …။
-အစိုးရ သတင်းစာထဲမှာလည်း မဖော်ပြ …။
-ဆင်ဟွာ မြန်မာ သတင်းဌာနကလည်း မရေး …။
ဘာကြောင့်လဲ …။
သတင်း မဖြစ်လို့လား။ ဖုံးဖိတာလား။
အလဲဗင်းနဲ့ သည်ဗွိုက်မှာ အရင်ဆုံး ဖော်ပြလို့သာ သိရတယ် …။
why ???????????
(လေယာဉ်သွားရာ လမ်းကြောင်းပုံကို ကို Aung Soe Moe ဆီက ယူပါတယ်။
Leave a comment
Filed under Health, News
Jan 29 – Coronavirus
(ဝူဟန်ဗိုင်းရပ်စ် ဖတ်မိသမျှ နောက်ဆုံးရတာလေးတွေ တင်ပါတယ်)
-ဝူဟန်ကနေ ပြန်လာတဲ့ ခရီးသွားတစ်ဦးဆီမှာ ခိုရိုနာဗိုင်းရပ်စ် ပထမဆုံး တွေ့ရှိတယ်လို့ ဖင်လန်အစိုးရ အတည်ပြု။ (ည ၁၀ နာရီခွဲခန့်က)
-တရုတ်ကနေ လေယာဉ်နဲ့ ကယ်ထုတ်လာတဲ့ ဂျာမနီနိုင်ငံသားတွေကို သီးခြားခွဲထားဖို့ စီစဉ်နေတယ်လို့ ဂျာမန် ကျန်းမာရေး ဝန်ကြီးဌာနပြော။
-ဝူဟန်ကနေ ပြန်ခေါ်လာတဲ့ ဗြိတိန်နိ်ုင်ငံသားတွေကို ၁၄ ရက်ကြာ သီးသန့် ခွဲထားမယ် (quarantine)။ လေယာဉ်ပေါ် မတက်ခင် အဲဒီလို ခွဲထားမှာကို သဘောတူကြောင်း လက်မှတ်ထိုးရမယ်။ မထိုးလိုက ဝူဟန်မှာ ဆက်နေခဲ့။
-ကာဇက်စတန်က တရုတ်နဲ့ အဝင်/အထွက် ဘတ်စ်ကားပြေးဆွဲမှု ပိတ်ပင်။ ဖေဖော်ဝါရီ ၁ မှာ ရထား၊ ဖေဖော်ဝါရီ ၃ မှာ လေကြောင်း ပြေးဆွဲမှု အားလုံး ရပ်ဆိုင်းမယ်။
-တရုတ်နိုင်ငံနဲ့ တိုက်ရိုက် လေကြောင်း အသွား၊ အပြန်တွေ အကုန်လုံးကို British Airways ဆိုင်းငံ့။
-တိဘက်ဒေသမှာ ပထမဆုံး ခိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တွေ့။
-ဝူဟန်ကေ ရောက်လာတဲ့ မိသားစုထဲမှာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံး တွေရှိ့ကြောင်း UAE ကျန်းမာရေး ဝန်ကြီးဌာန အတည်ပြု။
Leave a comment
Filed under Health, News
ခွေးပါးဝလာတဲ့ ခွေးတချို့
ပုဇွန်တောင် သံလမ်းမရောက်ခင် ဘုန်းကြီးကျောင်းတွေ ရှေ့က မီးပွိုင့်ထောင့် ရောက်ရင် ကြည့်ပါ … ဘယ်သူ့မှ လူမထင်တဲ့ ခွေးလေခွေးလွင့်တွေ တွေ့ပါလိမ့်မယ် … ကားလမ်းလယ်ခေါင်တက်ပြီး တစ်ဖက်လမ်းက ခွေတွေကိုရော … သူတို့ကို ကြောက်မယ်ထင်တဲ့ လူတွေကိုပါ အမြဲ ရန်ရှာပါတယ် …
တစ်ရက်မှာ ကျနော်တို့က မျက်နှာချင်းဆိုင် ဆိုင်မှာ ထိုင်နေတယ် … အမျိုးသမီးတစ်ဦးက ကလေးတစ်ယောက်ကို တွန်းလှည်းထဲထည့် … နောက်ကလေးလေး တစ်ယောက်က လမ်းလျှောက်ပြီး မအေ့နောက်နားက လိုက်လာပါတယ် …
အမျိုးသမီးက ကျနော်တို့ ဘေးဝိုင်းက အသိကို လက်လှမ်းပြရင်း ကားလမ်းကူးဖို့ စိတ်စောနေပါတယ် … သူ့နောက်မှာ ခွေး ၄ ကောင်လောက်က တွန်းလှည်းက ကလေးဆီ ပြေးလာပါတယ် …
ကျနော်တို့ဆိုင်က ဝိုင်းတွေရယ် … ဘေးက ဆိုင်က လူတွေရယ် ထပြီး အော်ကြဟစ်ကြမှ ခွေးတွေ ပြန်လှည့်ပြေးပါတယ် …
လူတကာ ကျွေးတာတွေ စားပြီး ခွေးပါးဝတဲ့ ခွေးတွေကို သိပ်ချစ်နေကြရင်လည်း သွားခေါ်ပြီးသာ မွေးကြပါ …
Leave a comment
Filed under Facebook, Health
အကောင်းမြင် ၂၀၁၇
ကိုသင်ကာ
၂၀၁၇ ခုနှစ် နှစ်ချုပ်ကို အမျိုးမျိုး အများအပြား ရေးကြတာ တွေ့ရပါတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ အစွန်းရောက်တွေရဲ့ ဗုံးခွဲမှုတွေ၊ မတော်တဆမှုတွေအပြင် ဟောလိဝုဒ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတဲ့ ကိစ္စတွေအထိ စိတ်မသက်သာစရာတွေ ရက်စွဲစဉ်အလိုက် အများအပြားတွေ့ရပါတယ်။ အဲဒီလိုဖြစ်စဉ်တွေထဲကမှ အကောင်းဘက် အပြုသဘောဆောင်တဲ့ ကိစ္စတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးဆိုင်ရာ ၂၀၁၅ ခုနှစ် ပဲရစ် သဘောတူညီချက်
ပဲရစ် သဘောတူညီချက်မှာ ဆီးရီးယားနဲ့ နီကာရာဂွာတို့က လက်မှတ်ရေးထိုးလိုက်တာကြောင့် တစ်ကမ္ဘာလုံးမှာ နိုင်ငံတိုင်းက ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးမှာ ပါဝင်လာပြီလို့ ဆိုနိုင်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့် တက်လာပြီးနောက် ပဲရစ် သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပေမယ့် စည်းမျဉ်း စည်းကမ်းအရ ၂၀၂၀ နိုဝင်ဘာ ၄ ရက်နေ့အထိ အပြီးအပိုင် ကျောခိုင်းလို့ မရသေးပါဘူး။ အကောင်းမြင်ရတဲ့ အကြောင်းကတော့ နောက်လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့မှာ ဖြစ်လို့ပါပဲ။
ကမ္ဘာ့ဘဏ်ကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေအတွက် ချေးငွေတွေကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာထားပါတယ်။
Continue reading
Leave a comment
Filed under Article, Ecology, Environment, Health, Poverty, Review
Alcohol and Betel Chewing
story_x_largexxx
Photo – ivanograsso
လက်ရှိ မြန်မာနိုင်ငံတွင် အရက်သောက်သူ ၁၉ ဒသမ ၈ ရာခိုင်နှုန်း (၄ ဒသမ ၇ သန်း) နှင့် အရက်အလွန်အကျွံ သောက်သူ ၁၀ ဒသ မ ၃ ရာခိုင်နှုန်း (၂ ဒသမ ၄ သန်း) ရှိကြောင်းနှင့် အမျိုးသား၊ အမျိုးသမီး၊ လူငယ်များတွင် အရက်သောက်သုံးမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်လာပြီး အရက်သောက်သုံးမှုများ၏ ရာခိုင်နှုန်း ၇၀ မှာ တရားဝင် တင်သွင်းထားခြင်း မရှိသည့် အရည်အသွေးမမီ အရက်များ ဖြစ်နေကြောင်း သိရသည်။ (Eleven, August 2017)
မြန်မာပြည်သူ ခုနစ်သန်းကျော်ဟာ နေ့စဉ် ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံပါတဲ့ ကွမ်းယာကို သုံးစွဲနေကြပြီး ဆေးရွက်ကြီးကြောင့် နှစ်စဉ် သေဆုံးသူဟာလည်း ခြောက်သောင်းကျော်ရှိနေကြောင်း သုတေသန ပြုချက်များအရ သိရှိရ (ဒေါ်အောင်ဆန်းစုကြည်၊ 11 September 2017)
Leave a comment
Filed under Health, Research