Category Archives: Dialogue

ကယားနှင့် ကရင်နီ အခေါ်အဝေါ်

ကယန်းလူမျိုးဆိုင်ရာ စာအုပ်စာတမ်းများ ပို့စ်မှာ ကိုမျိုးဇော်ဝင်းက ဒီလိုမေးထားပါတယ်။

သိချင်တာမေးပါရစေ ဘာလို့ ကယားလို့ခေါ်သလဲဗျ ကျွန်တော်ဒီလူမျိုးတွေနဲ့တွေ့ရင် သူတို့ကိုသူတို့ ကရင်နီ ဒါမှမဟုတ် ကယန်းလို့ ပြောတာများတယ်

သင်ကာ၏ ရှင်းပြချက်

ဒီလိုဗျ ကိုမျိုးဇော်ဝင်းရေ

အင်္ဂလိပ်လက်ထက်ကစပြီး ကရင်နီ တွေလို့ ခေါ်ခဲ့တယ်။ ဗြိတိသျှတွေက ဝတ်တဲ့ အင်္ကျီကိုကြည့်ပြီး ကရင်ဖြူ၊ ကရင်နီ၊ ကရင်နက်၊ ကရင်ကြားဆိုပြီး သတ်မှတ်ခေါ်တာကြောင့်ဖြစ်တယ်။

ကရင်နီပြည်နယ်ဟာ အင်္ဂလိပ်ကိုလိုနီခေတ်မှာ လွတ်လပ်တဲ့ ကြားနယ်မြေဖြစ်ခဲ့တယ်။ တောင်တန်း ပြည်မပေါင်းစည်းရေးကိစ္စမှာ ပထဝီနိုင်ငံရေးအရ ပေါင်းစည်းရေးကို ကရင်နီပြည်နယ်ခေါင်းဆောင်တွေက လက်ခံခဲ့တယ်။ နောက်တော့ ကရင်နီပြည်နယ်ကို သတ်သတ်အဖြစ် ကယားပြည်နယ်ဆိုပြီး မဲခွဲ သတ်မှတ်ခဲ့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့သည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၈၀ () (က) ပါ ကရင်နီပြည်နယ်ကို ပယ်ဖျက်ပြီး ကယားပြည်နယ်လို့ ပြင်ဆင် ပြဋ္ဌာန်းပေးဖို့ ၁၉၅၀ ဖေဖော်ဝါရီမှာ ကျင်းပတဲ့ လွှတ်တော်မှာ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးစိန်က အဆိုပြုချက်တင်သွင်းပါတယ်။ အထူးစုံးစမ်းရေးကော်မတီက စုံစမ်းပြီး ၁၉၅၁ အောက်တိုဘာမှာ ကရင်နီကနေ ကယားဆိုပြီး ပြောင်းခဲ့ပါတယ်။

ကရင်နီတွေက ဒါဟာ မြန်မာအစိုးရက တစ်ချိန်က ကရင်နီပြည်နယ်ရဲ့ လွတ်လပ်မှုကို ပြည်ဖုံးကားချချင်လို့ ကယားဆိုပြီး အမည်ပြောင်းဖြစ်တယ်လို့ သူတို့ရဲ့ သမိုင်းမှာ ရေးသားထားတာ ဖတ်ရပါတယ်။

ဒါကြောင့် သူတို့ဟာ ကယားဆိုတာကို မကြိုက်ဘူး။ ကရင်နီဆိုတာကိုပဲ ကြိုက်ပါတယ်။

ကရင်နီလူမျိုးစုထဲမှာ ပါဝင်တဲ့ မျိုးကွဲတွေကတော့ () ကရင်နီ၊ () ဂေခို၊ () ဂေဘား၊ () ကယန်း၊ () ပရဲ့၊ () မနုမနော၊ () ယင်းဘော်၊ နဲ့ () ယင်းတလဲ တို့ဖြစ်ကြပါတယ်။

ဒါဆိုရင် ဘာကြောင့် ကရင်နီ၊ ကယား၊ ကယန်းလို့ ထွေပြားစွာ ခေါ်ရကြောင်း သိလောက်ပါပြီ။


ကျနော်တို့ ပဒေါင်လို့ သိထားတဲ့လူမျိုးတွေဟာ ကယန်းထဲမှာ ပါပါတယ်။ ဒီမှာ ထပ်ဖြည့်ပြောချင်တာက သူတို့ဟာ “ပဒေါင်”လို့ ခေါ်တာကို မကြိုက်ပါဘူး။ “ပဒေါင်”ဆိုတာ ရှမ်းတွေက ပေးတဲ့ အမည်ပါ။ သူတို့ဘာသာ မှည့်ခေါ်တဲ့ အမည် မဟုတ်ပါဘူး။ သူတို့က ကယန်းလို့ ခေါ်တာကိုနှစ်သက်ပါတယ်။ တစ်ခါတလေ အခြားကယန်းမျိုးကွဲတွေနဲ့ ကွဲပြားအောင် သူတို့ကိုယ်သူတို့ “လည်ပင်းရှည်”၊ “ကြေးကွင်းပတ်”လို့လည်း ညွှန်းပြီး ပြောတတ်ပါသေးတယ်။

Advertisements

1 Comment

Filed under Anthropology, Dialogue, Experience, Knowledge, Research

Response to Comments

ကော်မန့်ထဲက အမေးများ

လေးမမေးတာက Perspective ရဲ့ အနက်ရယ်၊ Perception ရဲ့ အဓိပ္ပာယ်ရယ်။

3D Art on the Floor မှာ ကိုယ်က Perspective ကို `အနီးအဝေးချိန်ဆမှု´လို့ အနက်ပေးထားပါတယ်။ အမှန်ကတော့ အရာဝတ္တုတွေရဲ့ နီးခြင်းဝေးခြင်းသဘော၊ မြင်ထောင့်တစ်ခုကနေ မြင်ရတဲ့ အမြင်ကို ပြောတာပါ။ ဒီအနက်အဓိပ္ပာယ်က ပန်းချီနဲ့ ဗိသုကာ စတာတွေ အတွက်ပါ။

ဒီ Perspective ကို မီဒီယာမှာကျတော့ `အမြင်´ ဆိုတဲ့ အနေနဲ့ သုံးပါတယ်။ ပါစပက်တစ်ဆောင်းပါးဆိုရင် အကြောင်းအရာတစ်ရပ်ရပ်ကို ကိုယ့်အမြင်နဲ့ ကိုယ်ရေးတာကို ဆိုလိုပါတယ်။ အများစုရဲ့ ဆန္ဒကို ကိုယ်စားပြုတာ၊ သက်ဆိုင်ရာ သတင်းစာ၊ ဂျာနယ်ရဲ့ အာဘော်ကို ကိုယ်စားပြုတာမဟုတ်ဘူးလို့ ဆိုချင်တာပါ။ ကိုယ့်ရဲ့ အတ္တနောမတိနဲ့ ရေးတဲ့ ဆောင်းပါးမျိုးပေါ့။

Continue reading

Leave a comment

Filed under Dialogue, Experience, Knowledge

To Myint Than…

မြင့်သန်း၏ – ကမ္ဘာကြီးပူနွေးလာသတဲ့လား-သို့ပြန်ကြားချက်

ကမ္ဘာ္ဘကြီးပူနွေးလာတယ်ဆိုတဲ့ကိစ္စကို (ကျွန်တော့်အမြင်သက်သက်ပြောရင်) ခေါင်းထဲ ထည့် စဉ်းစားသင့်တဲ့ကိစ္စလို့ကိုမမြင်ဘူး” ဆိုတာ လက်ခံနိုင်စရာရှိပါတယ်။ ပုဂ္ဂလိကအမြင် ဖြစ်လို့ပါ။

နိုင်ငံရေးမှာ သဘာဝပတ်ဝန်းကျင်အရေးသာ မကပါဘူး၊ တခြား လူ့အခွင့်အရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတာတွေဟာလည်း ခုတုံးအလုပ်ခံရတာပါပဲ။ ဒါကို ခွဲခြားမြင်ရပါမယ်။ နိုင်ငံရေးသမားပြောတဲ့စကားမို့ ယုံစရာမရှိ ဆိုပြီး သိမ်းကြုံးပယ်ချရမယ်ဆိုတာကတော့ ကလေးကလားဆန်လွန်းပါတယ်။

ကမ္ဘာကြီးပိုပြီးပူနွေးလာတာ သဘာဝပါလို့ဆိုပေမယ့် ဟိုးအရင်တုန်းက ဒီနေ့ခေတ်လို မီးခိုးလွှတ်မယ့်ကား၊ ယာဉ်တွေ၊ စက်ရုံတွေ မရှိခဲ့ဖူးတာတော့ ထည့်ပြောဖို့ လိုပါမယ်။ ရန်ကုန်မှာ ဆက်တိုက်နေခဲ့တာ အပူချိန်၊ အအေးချိန်တွေ ပြောင်းလဲလာတာ ကိုယ်တွေ့ ခံစားရပါတယ်။

Continue reading

Leave a comment

Filed under Dialogue, Knowledge, Perspective

Dialogue-2

ဒိုင်ယာလော့ ၂

ချေဖျက်ဆန်းစစ်မှုဝါဒ (Deconstructionism) – အမေး & အဖြေ

မေး – “အဆောက်အအုံဖျက်ဝါဒ” စသဖြင့် ယခင် ဘာသာပြန် ရေးသားနွေးမှုတွေအပေါ် အမြင်?

ဖြေ – အမှန်အတိုင်းပြောရရင် စာပေသဘောတရားနဲ့ ဝေဖန်ရေးတွေမှာ ဖတ်စဉ်က သိပ်နားမလည်ခဲ့ပါ။ ဒီဝါဒအကြောင်း အင်္ဂလိပ်လိုရေးထားတဲ့ ဆွေးနွေးချက်ကို လက်တွေ့အသုံးချ လေ့လာရေးသားထားတဲ့ စာအုပ်တွေ အကူအညီနဲ့ ဖတ်မှ နားလည်နိုင်တာပါ။ ဒီနေရာမှာ ကျုပ်တို့ဘာသာစကားက ပြန်လည်တင်ပြပုံနဲ့ ဒါရီးဒါး ဆိုလိုချင်တာနဲ့ အကြား ဟ နေတယ်လို့ ပြောနိုင်ပါတယ်။ စာရေးသူတွေ ချို့ယွင်းချက် မဟုတ်ပါ။ မတူညီတဲ့ ကာလ၊ ဒေသမှာ ဘာသာစကားရဲ့ အဓိပ္ပါယ်ခြုံငုံနိုင်စွမ်း (Possible နဲ့ Operation) ကြောင့်လို့ ဆိုနိုင်ပါတယ်။

မေး – အခုရေးခဲ့တာနဲ့ “ချေဖျက်ဆန်းစစ်မှုဝါဒ” ကို ခြုံငုံနိုင်ပြီလား?

ဖြေ – မဆိုနိုင်ပါဘူး။ ကျယ်ပြန့်ထွက်လာတဲ့ ဒဿနတစ်ရပ်အတွက် ကိုယ်လေ့လာမယ့် နယ်ပယ် (Scope) ကို ကျဉ်းပစ်ပြီး အထူးပြုမှ ဆိုင်ရာဆိုင်ရာ ခြုံငုံမိမှာ ဖြစ်ပါတယ်။

Continue reading

Leave a comment

Filed under Dialogue, Philosophy

Dialogue (My Sketch)

ဒိုင်ယာလော့ ၁ (ကျွန်ုပ်၏ပုံကြမ်း)

ဒိုင်ယာလော့ ၁ (ကျွန်ုပ်၏ပုံကြမ်း)

Q လူသားထက်ပိုပြီး စိတ်ဝင်စားစရာ ဘာမှမရှိပါဆိုတော့ ခင်ဗျားဟာ လူသားဗဟိုပြု
ဝါ
ဒလား။

A ဒီစာသားကို တင်ထားတာ ဒီဝဒကို ထင်ဟပ်ဖို့ မဟုတ်ပ ။ စဉ်းစားတွေး ခေဖို့

ွန်းအားပေးတဲ့အနေနဲ့ ၀ိသေသ ထုတ်ပေးတာ၊ မီးမောင်းထိုး ပေးတာပါ။

Q ခင်ဗျားက ဒဿနသမားလို့ Claim လုပ်ထားလေတော့ ဘာဝါဒကို စွဲထားတာတုန်း။

A ကျုပ်ခင့်ခိန်ပီး ဖေရမှာပဲ။ ဘာဖစ်လိုလဲဆိုတော့ ကျုပ်က …

၁၊ ဘာသာမရှိဘူး။ မရှိသေးတာထက် မရှိတော့တာဆို ပိုမှန်လိမ့်မယ်။

၂၊ ကျုပ်ကိုကျုပ် တံဆိပ်မကပ် မနေရ ဆိုရင်တော့ဖြစ်တည်မှုပဓာန၀ါဒီ (Existentialist) လို့ ၀န်ခံခင်တယ်။ သို့သော် ဤသည်မရွေး အနောက်တိုင်းက အိက်ဇစ်တွေလိုပဲလို့ မယူစေလိုဘူး။ အရှေ့တိုင်းရဲ့ ကာလ၊ ဒေသ နောက်ခံမှ ဖစ်တည်တာပ။ ကျုပ်တို့ နိင်ငံမှာ အိက်ဇစ်လို ၀န်မခံတဲ့၊ အိက်ဇစ်ဖစ်မှန်းမသိ ဖစ်နေတဲ့သူတွေ တွေ့နိုင်ပတယ်။ ဒဿန၀ဒ၊ အယူအဆတွေဟာ ဖစ်ပီး၊ ဖစ်ဆဲ သမိုင်းအလဉ်နဲ့ ကင်းကွာမနေပဘူး။ တိုက်ရိုက်ဆိုလိုခင်တာကတော့ ဒဿန၊ အယူဝဒတွေကို Export, Import ကုန်ပစ္စည်းလို အောက်မေ့ မှတ်ထင်တဲ့သူတွေ ကို ဒဲ့ပောခင်တာပ။ ဒီလို စွပ်စွဲသူတွေဟာ ကဉ်းမောင်းတဲ့ ၀ဒတွေမှာ မှောင်က ၊ အမှောင်ခထားခံရသူတွေ ဖစ်တတ်ပတယ်။ ဥပမာ ဗုဒ္ဓ၀ဒကို သက်ဝင်လှည်ရဲ့ ဆိုသော်လည်း၊ ဗုဒ္ဓဂေတမရဲ့ ၀ိဘစ္စ၀ဒ ကျတော့ မသက်ဝင်နိင်တာမျိုးပေ့ ။

( မန်မာ Existiantialsim နှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံ ဆွေးနွေးပမယ်။)

Leave a comment

Filed under Dialogue