Category Archives: Art

ပန်းချီ ကေမိုးကို ပြောတဲ့ ကျော်သာဒွန်း

ဟယောင် မြစ်ခြေသား
အပြစ်တွေ မပွားတော့ဘူး
အချစ်တွေနဲ့ စကားပြောမယ် …။

ခင်ဗျား နေလို့ရရဲ့သားနဲ့
ခင်ဗျား ပေလို့ သေရပြီ …။

ဆန်းတော့ မဆန်းဘူး
ခု ခင်ဗျား သွားလို့ရာသွားပါ
နေလိုက ကျနော့် အခန်းဟာ
ခင်ဗျားအတွက် တံခါးမရှိ … ဓားမရှိ
ဝီစကီ အပြည့်ရှိနေတယ် …။

ဒါပဲ …။

“ကေမိုးမို Kay Moe Ko”

Continue reading

Leave a comment

Filed under Art, Obituary, Poem

ပန်းချီ ပိုးဒီလွန်ပြောတဲ့ ကျော်သာဒွန်း

အရှည်ကြီး
မင်းကွာ … ငါပြောခဲ့ပါလျက်နဲ့
အရက်က လူတွေ သောက်ဖို့ …။

ဒါပေမယ့် …
အရက်က … ငါတို့ကို ပြန်မသောက်စေနဲ့
အဲဒီလို ပြောပါလျက်နဲ့ …။

မင်းက … အာဇာနည်နေ့
ဥသြဆွဲသံနဲ့ အတူ
အလံထူသွားတာလား
အေး … မပြောတော့ဘူးကွာ
မင်းက ခမ်းနားတယ် …။

“ပိုးဒီလွန် Poe Delon”

Continue reading

Leave a comment

Filed under Art, Obituary, Poem

ကိုညိမ်းအောင် ပြောတဲ့ ကျော်သာဒွန်း

ကိုရှည်ကြီး …
ဦးအောင်နိုင်ကို
သုံးသောင်းကျပ် မပေးပါနဲ့တော့
အဆင်ပြေသွားပါပြီ …။

မင်းစိတ်ဓာတ်ကို
လေးစားပါတယ် …။

မင်းကောင်းရာဘုံဘဝ
ရောက်ပါစေ …။

နောင်ဘဝ ပန်းချီဆရာဖြစ်ရင်
ပြန်ဆုံချင်သေးတယ်ကွာ
ငါတို့ ဟာတာတာ ဖြစ်နေပြီ …။

“ကိုညိမ်းအောင် Konyeinaung”

Continue reading

Leave a comment

Filed under Art, Obituary, Poem

ဧးငြိမ်းမိုး ပြောတဲ့ ကျော်သာဒွန်း

ငှက်ဆိုးထိုးသံ မကြားရဘဲ
တစ်ဖက်ကမ်းကို အရင်ကူးသွားခဲ့တယ် …

ခင်ဗျားရဲ့ ဘယ်ဘက်ရင်အုံကို
ကျုပ် လက်တစ်စုံနဲ့ ပုတ်နိုးခဲ့ပေမယ့်
ခင်ဗျား အိပ်ယာက မနိုးထနိုင်တော့ဘူး …

မီးသဂြိ င်္ုဟ်ရှေ့ကို
ခင်ဗျား ရုပ်ကလာပ်ကြီး အရောက်
ဥသြဆွဲသံ ကားဟွန်းသံတွေ
ဆူညံပွက်လောရိုက်သွားတယ် …။

ခင်ဗျားကို ကျုပ်ပြောခဲ့ဖူးတယ်
ရှေ့အခန်း ဆက် ကဖို့အတွက်
လိုက်ကာတွေ ချလိုက်ပါလို့လေ …။

အခုတော့ဗျာ
ပတ်စာခွာ ဖျာသိမ်းပြီး
ခင်ဗျားက ပွဲပြီး မီးသေ လုပ်ရက်တယ် ….။

“ဧးငြိမ်းမိုး Ko Hla Moe”

 

>>>>>>>>>>>>

Continue reading

Leave a comment

Filed under Art, Obituary, Poem

Dr. WWNO

ဒေါက်တာ ဝါဝါနွယ်ဦး ဖြစ်သည် … with Nandar Bhone Myint

ပန်းချီ ကေမိုးကို Kay Moe Ko

Leave a comment

Filed under Art

ဗန်ဂိုးပြောတဲ့ ပန်းချီဆရာအကြောင်း

ဗန်ဂိုးအကြောင်း documentary ထဲမှာ …
Van Gogh Painted With Words (BBC, 2010)

Leave a comment

Filed under Art

ကိုငှက်ကြီး – ပန်းချီ ကိုငြိမ်းအောင်

မနေ့က ကိုအောင်နိုင်ကြီး (ပန်းချီ ကိုငြိမ်းအောင်) ပေးလိုက်တဲ့ လက်ဆောင် …

Leave a comment

Filed under Art, Music