Category Archives: Art

အကြောင်းတိုက်ဆိုင်စွာ မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ခြင်း မိတ်ဆွေသစ်များ တိုးပွားခြင်း

(“အကြောင်းတိုက်ဆိုင်စွာ မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ခြင်း မိတ်ဆွေသစ်များ တိုးပွားခြင်း” အခန်းထဲမှ ကောက်နုတ်ဖော်ပြပါတယ်။ ကွယ်လွန်သွားတဲ့ ပန်းချီ ကျော်သာဒွန်း (ခ) ကိုရှည်ကြီးအတွက် အမှတ်တရ)

သင်ကာဘုန်းမြင့်

ကေမိုးတို့၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော တိုက်တန်းလျား တည်ရှိရာ လမ်းကြောင်းကိုလည်း စာဖွဲ့ထိုက်စွာ၏။ လမ်းပေါင်း ၁၇ ခုရှိသည့် ယုဇနတ်ဝယ် တစ်ခုတည်းသော ထူးဆန်းသာမောဖွယ် ကောင်းသည့် လမ်းအဖြစ် “ယုဇနတ် ဗင်းနစ်” ဟု မည်ထိုက်သော လမ်းဝယ် ကေမိုးတို့ နေထိုင်၏။ မိုးအခါ “မည်းနက်” သော အနည်မှုန်တို့ဖြင့် အတိပြီးကာ “နက်မည်း” သော အရောင်ရှိသည့် ရေတို့သည် လမ်းဟိုမှာဘက် ဒီမှာဘက် ထိပ်နှစ်ခုကို ဆည်ဖို့ပိတ်ကာ တမင် လှောင်ထားသည့်နှယ် လမ်းတလျှောက်လုံး အိုင်ထွန်းလျက်ရှိလေသည်။

တိုက်တန်းလျား၏ အခြေသို့ ဟိုဘက်တခြမ်း ဒီဘက်တခြမ်းကပ်လျက် သဲအိတ်များကို ခြေတစ်လှမ်းစာ ခင်းထားခြင်းအားဖြင့် ယုဇနဗင်းနစ်လမ်းကို ကျော်ဖြတ်ရ၏။ ခြေသုံးဖဝါးစာမျှသာ အကျယ်ရှိသော သဲအိတ်များအပေါ် လှမ်းလျှောက်ရသည့်အခါ ဘေးရှိ ဗွက်နက်ထဲသို့ ခြေလျော်မကျမိစေရန် လက်နှစ်ဖက်ကို အနည်းငယ် ကားလျက် ခန္ဓာကိုယ်ကို ဆပ်ကပ်ထဲတွင် ကြိုးတန်းလျှောက်ဘိသကဲ့သို့ ဘဲလန့်စ် ညှိကာ လျှောက်ရ၏။

Continue reading

Advertisements

Leave a comment

Filed under Art, Novel

ယုဇနတ်ကာလ မတိုင်မီ အတိတ်ကို လှန်ခြင်း (၄)

ယုဇနတ်ကာလ မတိုင်မီ အတိတ်ကို လှန်ခြင်း (၄)

သင်ကာဘုန်းမြင့်

မြို့ကြီးပြကြီးဖြစ်၍ ကြက်တွန်သံဖြင့် မနိုးမှုဘဲ ကားဟွန်းသံ၊ အင်ဂျင်သံတို့ဖြင့် နိုးရလေသည်။ ဆရာဦးမိုးသည် မှောင်နေသည့် သူ့အခန်းထဲမှ ဆေးလိပ်တိုကို စမ်းတဝါးဝါးရှာလျက် ဝရံတာဘက်သို့ ထွက်ခဲ့ပြီ။ ဝရံတာ၌ ရပ်လျက် ရန်ကုန်မြို့၏ နံနက်ကို အင်္ကျီကျွတ်ဖြင့် ခံစားနေသည်။

တိုသောဆေးလိပ် ကုန်သောအခါမှ အခန်းတွင်းသို့ ဖြည်းညှင်းစွာ ဝင်လေလျှင် အောက်အနိမ့်မှ တက်လာသူကို အမြင့်ဘက်မှ လူက ရင်ဝသို့ ဆီကန်သည့်ပမာ ဖင်ထိုက်လျက် မလဲရုံတမယ်ဖြစ်လျက် လက်ရာမြောက်လှစွာသော အရူးချီးပန်း ဗရမ်းဗတာ နံရံပန်းချီကားချပ်ကြီးကို တွေ့လေပြီ။

Continue reading

Leave a comment

Filed under Art, Novel

ဝဿန်မိုး (ခ) အောင်နိုင်ဝင်း ပြောတဲ့ ကျော်သာဒွန်း

ဇုံးတလေ ဇုံးတလေနဲ့
အပြုံးတွေ ဆင်ခဲ့သူ …။

ကျဉ်းမြောင်းလှတဲ့ အခန်းတွင်းမှာ
အနုပညာ ဇောတွေနဲ့
အမောက်တွေ ဖောက်နေသူ …။

အရပ်ရှည်သလောက်
အနုပညာပေါ် စိတ်ရှည်သူ
ခုတော့ကွာ
အသက်ရှည်မသွားဘူး …။

တောက် …။

“အောင်နိုင်ဝင်း Watthan Moe Anw”

(*ဇုံးတလေ – ဇေတလုံး)

Continue reading

Leave a comment

Filed under Art, Obituary, Poem

ပန်းချီ ကေမိုးကို ပြောတဲ့ ကျော်သာဒွန်း

ဟယောင် မြစ်ခြေသား
အပြစ်တွေ မပွားတော့ဘူး
အချစ်တွေနဲ့ စကားပြောမယ် …။

ခင်ဗျား နေလို့ရရဲ့သားနဲ့
ခင်ဗျား ပေလို့ သေရပြီ …။

ဆန်းတော့ မဆန်းဘူး
ခု ခင်ဗျား သွားလို့ရာသွားပါ
နေလိုက ကျနော့် အခန်းဟာ
ခင်ဗျားအတွက် တံခါးမရှိ … ဓားမရှိ
ဝီစကီ အပြည့်ရှိနေတယ် …။

ဒါပဲ …။

“ကေမိုးမို Kay Moe Ko”

Continue reading

Leave a comment

Filed under Art, Obituary, Poem

ပန်းချီ ပိုးဒီလွန်ပြောတဲ့ ကျော်သာဒွန်း

အရှည်ကြီး
မင်းကွာ … ငါပြောခဲ့ပါလျက်နဲ့
အရက်က လူတွေ သောက်ဖို့ …။

ဒါပေမယ့် …
အရက်က … ငါတို့ကို ပြန်မသောက်စေနဲ့
အဲဒီလို ပြောပါလျက်နဲ့ …။

မင်းက … အာဇာနည်နေ့
ဥသြဆွဲသံနဲ့ အတူ
အလံထူသွားတာလား
အေး … မပြောတော့ဘူးကွာ
မင်းက ခမ်းနားတယ် …။

“ပိုးဒီလွန် Poe Delon”

Continue reading

Leave a comment

Filed under Art, Obituary, Poem

ကိုညိမ်းအောင် ပြောတဲ့ ကျော်သာဒွန်း

ကိုရှည်ကြီး …
ဦးအောင်နိုင်ကို
သုံးသောင်းကျပ် မပေးပါနဲ့တော့
အဆင်ပြေသွားပါပြီ …။

မင်းစိတ်ဓာတ်ကို
လေးစားပါတယ် …။

မင်းကောင်းရာဘုံဘဝ
ရောက်ပါစေ …။

နောင်ဘဝ ပန်းချီဆရာဖြစ်ရင်
ပြန်ဆုံချင်သေးတယ်ကွာ
ငါတို့ ဟာတာတာ ဖြစ်နေပြီ …။

“ကိုညိမ်းအောင် Konyeinaung”

Continue reading

Leave a comment

Filed under Art, Obituary, Poem

ဧးငြိမ်းမိုး ပြောတဲ့ ကျော်သာဒွန်း

ငှက်ဆိုးထိုးသံ မကြားရဘဲ
တစ်ဖက်ကမ်းကို အရင်ကူးသွားခဲ့တယ် …

ခင်ဗျားရဲ့ ဘယ်ဘက်ရင်အုံကို
ကျုပ် လက်တစ်စုံနဲ့ ပုတ်နိုးခဲ့ပေမယ့်
ခင်ဗျား အိပ်ယာက မနိုးထနိုင်တော့ဘူး …

မီးသဂြိ င်္ုဟ်ရှေ့ကို
ခင်ဗျား ရုပ်ကလာပ်ကြီး အရောက်
ဥသြဆွဲသံ ကားဟွန်းသံတွေ
ဆူညံပွက်လောရိုက်သွားတယ် …။

ခင်ဗျားကို ကျုပ်ပြောခဲ့ဖူးတယ်
ရှေ့အခန်း ဆက် ကဖို့အတွက်
လိုက်ကာတွေ ချလိုက်ပါလို့လေ …။

အခုတော့ဗျာ
ပတ်စာခွာ ဖျာသိမ်းပြီး
ခင်ဗျားက ပွဲပြီး မီးသေ လုပ်ရက်တယ် ….။

“ဧးငြိမ်းမိုး Ko Hla Moe”

 

>>>>>>>>>>>>

Continue reading

Leave a comment

Filed under Art, Obituary, Poem