plagiarism … Fake paper

ကူးခ်မႈ (plagiarism) ဟာ ပညာရပ္ဆိုင္ရာ ကိစၥေတြမွာ ျပစ္မႈ ေျမာက္တဲ့ကိစၥ ျဖစ္ပါတယ္။ အခု ပညာေရးေလာကနဲ႔ ပတ္သက္လို႔ ရာထူးတိုးအတြက္ သုေတသန စာတမ္းေတြ စိစစ္ရာမွာ ပြက္ေလာ႐ိုက္ေနတာ ေတြ႔ရပါတယ္။ Fake paper ဆိုတဲ့ အသံုးအႏႈန္းက အသက္လို႔ ထင္ပါတယ္။

ကူးခ်တာေတြကေတာ့ အဆန္းေတာ့ မဟုတ္ပါ။ ဂ်ာမန္ အစိုးရအဖြဲ႔မွာ ဝန္ႀကီး ႏွစ္ပါးဟာ သူတို႔ ေဒါက္တာဘြဲ႔ယူ က်မ္းမွာ ကူးခ်တယ္ဆိုၿပီး ဂ်ာနယ္လစ္ေတြက ႏိႈက္ႏိႈက္ခြ်တ္ခြ်တ္ အထုပ္ေျဖလို႔ ရာထူးကေန ႏုတ္ထြက္သြားရတာ ဖတ္ဖူးပါတယ္။

ဆံုးသြားၿပီျဖစ္တဲ့ သက္ေတာ္ရွည္ အာဏာရွင္ႀကီး ေရာဘတ္ မူဂါဘီရဲ႕ ဇနီးဟာလည္း Ph.D ဘြဲ႔ကို ႏွစ္တိုတိုနဲ႔ အင္ထည့္ၿပီး ယူခဲ့ဖူးပါတယ္။

အဖြဲ႔အစည္းတူကေန က်ေနာ္တို႔နဲ႔ မေရွးမေႏွာင္း ပညာသင္ဆုရသူ တေယာက္အေၾကာင္းလည္း ခုထိ မေမ့ေသးပါဘူး။ ပထမ ႏွစ္ဝက္တင္ တင္တဲ့ စာတမ္းငယ္က အကုန္ ဝီကီပီဒီးယားက ကူးခ်ထားေၾကာင္း ေဆာ့ဖ္ဝဲနဲ႔ စစ္ခ်လို႔ ေပၚေတာ့ ေက်ာင္းထုတ္ခံရေရာ။ ဒါကတရွက္။ ေနာက္တရွက္က ေက်ာင္းထုတ္ခံရလို႔ ျမန္မာျပည္ျပန္ေတာ့ ပညာသင္ဆုေပးတဲ့ အဖြဲ႔အစည္းက သူတို႔ ေထာက္ပံ့ထားတဲ့ လက္ပ္ေတာ့ကို ျပန္အပ္ခိုင္းပါတယ္။ လက္ပ္ေတာ့ကိုေတာ့ ျပန္အပ္တယ္၊ လက္ပ္ေတာ့အိတ္ကို ဒင္းက မေပးဘူး၊ chatting ကေန လာၿပီးေတာ့ လက္ပ္ေတာ့အိတ္ အဖတ္တင္လည္း မနည္းဘူးဆိုၿပီးေျပာလို႔ block လိုက္ေတာ့တယ္။ သူက မရွက္ေသာ္လည္း ကိုယ္က ရွက္မိ။

အတန္းထဲမွာ အေမရိကန္ ႏွစ္ေယာက္ပါတယ္။ တက္တဲ့အတန္းက အာရွေရးရာပဲ ေရးရမွာဆိုေတာ့ ဒင္းတို႔ ဒုကၡသည္စခန္း ေျပးလိုက္၊ ေရႊ႕ေျပာင္းလုပ္သား အေရး သြားေမးလိုက္၊ ကယန္းပေဒါင္ေတြဆီေတာင္သြားေသး။ အေရွ႕ေတာင္အာရွက လာတဲ့ ေက်ာင္းသားေတြကေတာ့ ေတာ့ပစ္ မရွားေပဘူး။ ကိုယ့္ေဒသ၊ ကိုယ့္အလုပ္နဲ႔ သန္ရာသန္ရာ ရွိၿပီးသား။

ကေမာၻဒီးယားက ေကာင္ကေတာ့ တံုေလဆပ္ ေရအိုင္ကေန မထြက္ဘူး။ ဗီယက္နမ္က သစ္ေတာကိစၥ၊ ဖိလစ္ပင္း အပ်ိဳႀကီးက ဂ်န္ဒါ၊ စီနီယာ ျဖစ္ေပမယ့္ အတန္းအပိုယူၿပီး အမွတ္ရွာတဲ့ မြန္ဂိုလီးယားမကေတာ့ ေရၾကည္ရာ ျမက္ႏုရာ ႏြားေက်ာင္းရင္း ေနၾကတဲ့လူမ်ိဳးစုေပါ့။

အေမရိကန္ ႏွစ္ေကာင္ပဲ တိုင္ပတ္တာ၊ ေဒးဗစ္ မင္း စာတမ္းဘယ္လိုေရးလဲဆိုေတာ့ ေကာ္ပီ-ေပ့စ္ ေလတဲ့။ ဖိလစ္က ေရြးပံုဆန္းတယ္၊ ႐ုပ္ရွင္႐ံုေတြ လိုက္ၾကည့္ၿပီး ႐ုပ္ရွင္႐ံုမ်ား အစဥ္အလာ သမိုင္းတဲ့။

ျမန္မာေတြကေတာ့ ေရးစရာေပါပါ့၊ ပုဂံလား၊ တိုင္းရင္းသားလား၊ အထည္ခ်ဳပ္စက္႐ံု အလုပ္သမေတြလား၊ နာဂစ္ ျပန္လည္ထူေထာင္ေရးလား၊ သစ္ေတာလား။

မအဲကိုေတာ့ ေျပာခဲ့ဖူးတာၾကာၿပီ၊ ေဆာ့ဖ္ဝဲနဲ႔ စစ္တဲ့ေခတ္ ေရာက္လာလိမ့္မယ္ေနာ္လို႔။ ဝိဇၨာသမားေတြကေတာ့ အေထာက္အထား အကိုးအကားက မရွားသလို ေရးစရာကလည္း ေပါတာကိုး။ ျမန္မာႏိုင္ငံမွာ သိပၸံသမားေတြကေတာ့ ခက္လိမ့္မယ္ ထင္တာပါ။ ပစၥည္းပစၥယက မျပည့္စံု။ တေလာကပဲ Ph.D လုပ္ေနတဲ့ မိတ္ေဆြ ေသြးတက္ေနတာ ေတြ႔တယ္။ သူလုပ္ရမယ့္ ဓာတ္ခြဲမႈအတြက္ ဝယ္ရမယ့္ ဓာတုေဗဒေဆးက သိန္းခ်ီေနေတာ့ အိတ္စိုက္ရမွာ။

အိမ္နီးနားခ်င္းမွာ ထိုင္းလိုမ်ိဳး ေတာ္ေတာ္ေလး ပစၥည္းစံု ေရွ႕ေျပးတဲ့ႏိုင္ငံမွာေတာင္ မိတ္ေဆြတဦး သူတက္တဲ့ တကၠသိုလ္မွာ သူလုပ္ရမယ့္ ဓာတ္ေရာင္ျခည္ ပစ္တာဆိုတာလား၊ ဘာဆိုလား ေသခ်ာေတာ့ မသိဘူး၊ သူ႔ေက်ာင္းမွာ အဲဒီစက္ မရွိဘူး၊ ခ်ဴလာေလာင္ကြန္း တကၠသိုလ္မွာပဲ ရွိတယ္ဆိုလို႔ မိနစ္၊ နာရီအလိုက္ ပိုက္ဆံေပးၿပီး သြားလုပ္ရတယ္။ ေက်ာင္းက ေထာက္ပံ့ေပးတယ္ ထင္ပါရဲ႕။ ျမန္မာျပည္မွာ သိပၸံစမ္းသပ္မႈေတြအတြက္ ဘယ့္ဂလို လုပ္ေနၾကလဲေတာ့ မသိပါဘူး။ စာတမ္း အင္ေတြမ်ားတာ သိပၸံလို႔ သတင္းေတြမွာ တာဝန္ရွိသူေတြက ေျပာေျပာေနၾကတယ္။ ဇြတ္အတင္းေတြ ထိုးတြန္းၿပီး အရည္အခ်င္းထက္ အေရအတြက္ကို ဦးစားေပးတဲ့ အစိုးရေတြကိုပဲ အျပစ္ျမင္ပါတယ္။

ေျပာရမယ္ဆိုရင္ေတာ့ အမ်ားသားကလား။ ေျခာက္ေျခာက္ ဃ ကလည္း ဂ႐ုစိုက္ရေသးသကိုး။

#ThinkerBhoneMyint

ကူးချမှု (plagiarism) ဟာ ပညာရပ်ဆိုင်ရာ ကိစ္စတွေမှာ ပြစ်မှု မြောက်တဲ့ကိစ္စ ဖြစ်ပါတယ်။ အခု ပညာရေးလောကနဲ့ ပတ်သက်လို့ ရာထူးတိုးအတွက် သုတေသန စာတမ်းတွေ စိစစ်ရာမှာ ပွက်လောရိုက်နေတာ တွေ့ရပါတယ်။ Fake paper ဆိုတဲ့ အသုံးအနှုန်းက အသက်လို့ ထင်ပါတယ်။

ကူးချတာတွေကတော့ အဆန်းတော့ မဟုတ်ပါ။ ဂျာမန် အစိုးရအဖွဲ့မှာ ဝန်ကြီး နှစ်ပါးဟာ သူတို့ ဒေါက်တာဘွဲ့ယူ ကျမ်းမှာ ကူးချတယ်ဆိုပြီး ဂျာနယ်လစ်တွေက နှိုက်နှိုက်ချွတ်ချွတ် အထုပ်ဖြေလို့ ရာထူးကနေ နုတ်ထွက်သွားရတာ ဖတ်ဖူးပါတယ်။

ဆုံးသွားပြီဖြစ်တဲ့ သက်တော်ရှည် အာဏာရှင်ကြီး ရောဘတ် မူဂါဘီရဲ့ ဇနီးဟာလည်း Ph.D ဘွဲ့ကို နှစ်တိုတိုနဲ့ အင်ထည့်ပြီး ယူခဲ့ဖူးပါတယ်။

အဖွဲ့အစည်းတူကနေ ကျနော်တို့နဲ့ မရှေးမနှောင်း ပညာသင်ဆုရသူ တယောက်အကြောင်းလည်း ခုထိ မမေ့သေးပါဘူး။ ပထမ နှစ်ဝက်တင် တင်တဲ့ စာတမ်းငယ်က အကုန် ဝီကီပီဒီးယားက ကူးချထားကြောင်း ဆော့ဖ်ဝဲနဲ့ စစ်ချလို့ ပေါ်တော့ ကျောင်းထုတ်ခံရရော။ ဒါကတရှက်။ နောက်တရှက်က ကျောင်းထုတ်ခံရလို့ မြန်မာပြည်ပြန်တော့ ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းက သူတို့ ထောက်ပံ့ထားတဲ့ လက်ပ်တော့ကို ပြန်အပ်ခိုင်းပါတယ်။ လက်ပ်တော့ကိုတော့ ပြန်အပ်တယ်၊ လက်ပ်တော့အိတ်ကို ဒင်းက မပေးဘူး၊ chatting ကနေ လာပြီးတော့ လက်ပ်တော့အိတ် အဖတ်တင်လည်း မနည်းဘူးဆိုပြီးပြောလို့ block လိုက်တော့တယ်။ သူက မရှက်သော်လည်း ကိုယ်က ရှက်မိ။

အတန်းထဲမှာ အမေရိကန် နှစ်ယောက်ပါတယ်။ တက်တဲ့အတန်းက အာရှရေးရာပဲ ရေးရမှာဆိုတော့ ဒင်းတို့ ဒုက္ခသည်စခန်း ပြေးလိုက်၊ ရွှေ့ပြောင်းလုပ်သား အရေး သွားမေးလိုက်၊ ကယန်းပဒေါင်တွေဆီတောင်သွားသေး။ အရှေ့တောင်အာရှက လာတဲ့ ကျောင်းသားတွေကတော့ တော့ပစ် မရှားပေဘူး။ ကိုယ့်ဒေသ၊ ကိုယ့်အလုပ်နဲ့ သန်ရာသန်ရာ ရှိပြီးသား။

ကမ္ဘောဒီးယားက ကောင်ကတော့ တုံလေဆပ် ရေအိုင်ကနေ မထွက်ဘူး။ ဗီယက်နမ်က သစ်တောကိစ္စ၊ ဖိလစ်ပင်း အပျိုကြီးက ဂျန်ဒါ၊ စီနီယာ ဖြစ်ပေမယ့် အတန်းအပိုယူပြီး အမှတ်ရှာတဲ့ မွန်ဂိုလီးယားမကတော့ ရေကြည်ရာ မြက်နုရာ နွားကျောင်းရင်း နေကြတဲ့လူမျိုးစုပေါ့။

အမေရိကန် နှစ်ကောင်ပဲ တိုင်ပတ်တာ၊ ဒေးဗစ် မင်း စာတမ်းဘယ်လိုရေးလဲဆိုတော့ ကော်ပီ-ပေ့စ် လေတဲ့။ ဖိလစ်က ရွေးပုံဆန်းတယ်၊ ရုပ်ရှင်ရုံတွေ လိုက်ကြည့်ပြီး ရုပ်ရှင်ရုံများ အစဉ်အလာ သမိုင်းတဲ့။

မြန်မာတွေကတော့ ရေးစရာပေါပါ့၊ ပုဂံလား၊ တိုင်းရင်းသားလား၊ အထည်ချုပ်စက်ရုံ အလုပ်သမတွေလား၊ နာဂစ် ပြန်လည်ထူထောင်ရေးလား၊ သစ်တောလား။

မအဲကိုတော့ ပြောခဲ့ဖူးတာကြာပြီ၊ ဆော့ဖ်ဝဲနဲ့ စစ်တဲ့ခေတ် ရောက်လာလိမ့်မယ်နော်လို့။ ဝိဇ္ဇာသမားတွေကတော့ အထောက်အထား အကိုးအကားက မရှားသလို ရေးစရာကလည်း ပေါတာကိုး။ မြန်မာနိုင်ငံမှာ သိပ္ပံသမားတွေကတော့ ခက်လိမ့်မယ် ထင်တာပါ။ ပစ္စည်းပစ္စယက မပြည့်စုံ။ တလောကပဲ Ph.D လုပ်နေတဲ့ မိတ်ဆွေ သွေးတက်နေတာ တွေ့တယ်။ သူလုပ်ရမယ့် ဓာတ်ခွဲမှုအတွက် ဝယ်ရမယ့် ဓာတုဗေဒဆေးက သိန်းချီနေတော့ အိတ်စိုက်ရမှာ။

အိမ်နီးနားချင်းမှာ ထိုင်းလိုမျိုး တော်တော်လေး ပစ္စည်းစုံ ရှေ့ပြေးတဲ့နိုင်ငံမှာတောင် မိတ်ဆွေတဦး သူတက်တဲ့ တက္ကသိုလ်မှာ သူလုပ်ရမယ့် ဓာတ်ရောင်ခြည် ပစ်တာဆိုတာလား၊ ဘာဆိုလား သေချာတော့ မသိဘူး၊ သူ့ကျောင်းမှာ အဲဒီစက် မရှိဘူး၊ ချူလာလောင်ကွန်း တက္ကသိုလ်မှာပဲ ရှိတယ်ဆိုလို့ မိနစ်၊ နာရီအလိုက် ပိုက်ဆံပေးပြီး သွားလုပ်ရတယ်။ ကျောင်းက ထောက်ပံ့ပေးတယ် ထင်ပါရဲ့။ မြန်မာပြည်မှာ သိပ္ပံစမ်းသပ်မှုတွေအတွက် ဘယ့်ဂလို လုပ်နေကြလဲတော့ မသိပါဘူး။ စာတမ်း အင်တွေများတာ သိပ္ပံလို့ သတင်းတွေမှာ တာဝန်ရှိသူတွေက ပြောပြောနေကြတယ်။ ဇွတ်အတင်းတွေ ထိုးတွန်းပြီး အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးတဲ့ အစိုးရတွေကိုပဲ အပြစ်မြင်ပါတယ်။

ပြောရမယ်ဆိုရင်တော့ အများသားကလား။ ခြောက်ခြောက် ဃ ကလည်း ဂရုစိုက်ရသေးသကိုး။

#ThinkerBhoneMyint

Leave a comment

Filed under Education

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s