တကၠသိုလ္မွာ ၾကံဳတဲ့ “ဂ်င္း” (၂)


တကၠသိုလ္မွာ ၾကံဳတဲ့ “ဂ်င္း” (၂)

ေနာက္ထပ္လည္း ဖုန္းေတြ ဆက္တယ္တဲ့။ သူအျပင္ထြက္ရင္ ေၾကာက္လို႔ သူ႔ေမာင္ေလးကို ေခၚေခၚသြားရတယ္တဲ့။ တနလၤာကေန ေသာၾကာအထိ သူ႔အေမက အထည္ဆိုင္ထြက္တယ္၊ သူ႔ေမာင္ေလးက ေက်ာင္းတက္တယ္၊ သူတေယာက္တည္း ေၾကာက္တယ္တဲ့။ အဲဒါနဲ႔ တခါတေလ ၾကားရက္ေတြလည္း သူ႔အိမ္မွာ သြားၿပီး စားၾက ေသာက္ၾက ကင္းေစာင့္ေပးၾကတယ္ေပါ့။

ဇာတ္ရွိန္က တက္လာလိုက္တာ သူက ရပ္ကြက္ထဲက ယံုၾကည္ရတဲ့ အေဖာ္မိန္းမတစ္ေယာက္ ေခၚၿပီး လူခ်င္းသြားေတြ႕တဲ့အထိ ျဖစ္လာတယ္။ သူငယ္ခ်င္းေတြသိေတာ့ ဆူၾကတာေပါ့၊ နင္အတင့္ရဲလွခ်ည္လားလို႔။ သူတို႔ရပ္ကြက္နားက လူစည္တဲ့အေအးဆိုင္မွာ ေတြ႕တာပါတဲ့။ အေခ်ာႀကီးမဟုတ္ေပမယ့္ မဆိုးပါဘူးတဲ့၊ သူ႔အေဖက သေဘၤာသားတဲ့။ နင္သေဘာက်လားဆိုေတာ့ ဟင့္အင္း တဲ့ … သူ အဲဒီတုန္းက အေဖာ္ မိန္းမတေယာက္ေရွ႕လည္း ျဖစ္ျပန္ ခ်က္ခ်င္းျငင္းရမွာေတာ့ အားနာျပန္ဆိုေတာ့ ဘာမွ အေထြအထူး မေျပာခဲ့ဘူးတဲ့။ ကဲ ရွိေစေတာ့။

အဲဒါနဲ႔ပဲ သူ႔ဆီ ဖုန္း ခဏခဏ ဆက္တာရယ္၊ ဖုန္းဆက္ရင္ သူတို႔ေျပာတာေတြ နားေထာင္ရင္းနဲ႔ရယ္ပဲ သူ႔ဇာတ္လမ္းက စာသင္ႏွစ္ တႏွစ္က်ိဳးသြားေရာ က်ေနာ္တို႔က အဲဒီေကာင္ကို မျမင္ဖူးလိုက္ဘူး။ က်ေနာ္က စာေမးပြဲက်တာနဲ႔ သူငယ္ခ်င္းေတြ အုပ္စုကြဲသြားလိုက္တာ အဲဒီကတည္းက အဆက္အသြယ္ျပတ္ေရာ။

ကိုယ္လည္း ကိုယ့္ဘဝနဲ႔ကိုယ္ ႐ုန္းကန္ရင္း၊ စာ႐ူးပန္းခ်ီ႐ူး ႐ူးရင္း၊ ကဗ်ာေလးစပ္လိုက္၊ ပန္းခ်ီေလးဆြဲလိုက္၊ အခ်စ္ဝတၳဳတိုေလး ဘာေလး ေရးလိုက္ေပါ့။ တရက္က်ေတာ့ ဇာတ္လမ္း ဇာတ္ကြက္ ဇာတ္ေၾကာင္း ရွာရင္း သူ႔အေၾကာင္း သြားေတြးမိတယ္။

ေတြးရင္းေတြးရင္း တစိမ့္စိမ့္ သေဘာေပါက္လာေတာ့တယ္။ က်န္တဲ့ မိန္းကေလး သူငယ္ခ်င္းေတြကိုေရာ ေယာက်ာ္းေလး သူငယ္ခ်င္းေတြကိုပါ သူဂ်င္းထည့္ခဲ့တယ္ဆိုတာ။ က်န္တဲ့ေကာင္ေတြ ေျပးေျပာလိုက္ခ်င္ေပမယ့္ ဘယ္သူနဲ႔မွ အဆက္အသြယ္လည္း မရွိေတာ့ဘူး။

ဇာတ္လမ္းဇာတ္ကြက္ကို ခ်ၾကည့္လိုက္ေတာ့ သူထည့္ခဲ့တဲ့ ဂ်င္းက ရည္းစားစာကို သူကိုယ္တိုင္ေရး၊ သူ႔ဟာသူဝွက္ၿပီး သူ႔လြယ္အိတ္ထဲ သူထည့္ခဲ့တာပဲ။ ဖုန္းဆက္တယ္ဆိုတာလည္း သူ႔အေျပာ၊ လူခ်င္းေတြ႕တယ္ဆိုတာလည္း သူ႔အေျပာ။ လက္စသတ္ေတာ့ သူဟာ စိတ္ကူးေတြ အယဥ္လြန္ၿပီး စိတၱဇဆန္ဆန္ ဂ်င္းထည့္သြားခဲ့တာပဲ။

တကယ္ေတာ့ သူ႔ကို အျပစ္မတင္ပါ။ သူ႔ရဲ႕ အႀကီးမားဆံုး အားနည္းခ်က္က အားလံုးရဲ႕ ဂ႐ုစိုက္ခံခ်င္တာ၊ အားလံုးရဲ႕ attention ကို ရခ်င္လို႔ ဇာတ္လမ္းအႀကီးႀကီးကို ပိပိရိရိ လုပ္ခဲ့တာပါပဲ။ က်ေနာ္တို႔ကို ထိခိုက္ေစလိုတယ္ေတာ့ မဟုတ္ပါဘူး။ အပ်င္းေတာင္ ေျပခဲ့ၾကပါေသးတယ္။ က်ေနာ္ကသာ ဆက္စပ္စဥ္းစားၿပီး ႏွစ္အၾကာႀကီးၾကာမွ ရိပ္မိတာ၊ က်န္တဲ့ေကာင္ေတြဆို ခုထိေတာင္ သိမယ္ မထင္မိဘူး။
(ၿပီး)

==

တက္ကသိုလ်မှာ ကြုံတဲ့ “ဂျင်း” (၂)

နောက်ထပ်လည်း ဖုန်းတွေ ဆက်တယ်တဲ့။ သူအပြင်ထွက်ရင် ကြောက်လို့ သူ့မောင်လေးကို ခေါ်ခေါ်သွားရတယ်တဲ့။ တနင်္လာကနေ သောကြာအထိ သူ့အမေက အထည်ဆိုင်ထွက်တယ်၊ သူ့မောင်လေးက ကျောင်းတက်တယ်၊ သူတယောက်တည်း ကြောက်တယ်တဲ့။ အဲဒါနဲ့ တခါတလေ ကြားရက်တွေလည်း သူ့အိမ်မှာ သွားပြီး စားကြ သောက်ကြ ကင်းစောင့်ပေးကြတယ်ပေါ့။

ဇာတ်ရှိန်က တက်လာလိုက်တာ သူက ရပ်ကွက်ထဲက ယုံကြည်ရတဲ့ အဖော်မိန်းမတစ်ယောက် ခေါ်ပြီး လူချင်းသွားတွေ့တဲ့အထိ ဖြစ်လာတယ်။ သူငယ်ချင်းတွေသိတော့ ဆူကြတာပေါ့၊ နင်အတင့်ရဲလှချည်လားလို့။ သူတို့ရပ်ကွက်နားက လူစည်တဲ့အအေးဆိုင်မှာ တွေ့တာပါတဲ့။ အချောကြီးမဟုတ်ပေမယ့် မဆိုးပါဘူးတဲ့၊ သူ့အဖေက သင်္ဘောသားတဲ့။ နင်သဘောကျလားဆိုတော့ ဟင့်အင်း တဲ့ … သူ အဲဒီတုန်းက အဖော် မိန်းမတယောက်ရှေ့လည်း ဖြစ်ပြန် ချက်ချင်းငြင်းရမှာတော့ အားနာပြန်ဆိုတော့ ဘာမှ အထွေအထူး မပြောခဲ့ဘူးတဲ့။ ကဲ ရှိစေတော့။

အဲဒါနဲ့ပဲ သူ့ဆီ ဖုန်း ခဏခဏ ဆက်တာရယ်၊ ဖုန်းဆက်ရင် သူတို့ပြောတာတွေ နားထောင်ရင်းနဲ့ရယ်ပဲ သူ့ဇာတ်လမ်းက စာသင်နှစ် တနှစ်ကျိုးသွားရော ကျနော်တို့က အဲဒီကောင်ကို မမြင်ဖူးလိုက်ဘူး။ ကျနော်က စာမေးပွဲကျတာနဲ့ သူငယ်ချင်းတွေ အုပ်စုကွဲသွားလိုက်တာ အဲဒီကတည်းက အဆက်အသွယ်ပြတ်ရော။

ကိုယ်လည်း ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်ရင်း၊ စာရူးပန်းချီရူး ရူးရင်း၊ ကဗျာလေးစပ်လိုက်၊ ပန်းချီလေးဆွဲလိုက်၊ အချစ်ဝတ္ထုတိုလေး ဘာလေး ရေးလိုက်ပေါ့။ တရက်ကျတော့ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကြောင်း ရှာရင်း သူ့အကြောင်း သွားတွေးမိတယ်။

တွေးရင်းတွေးရင်း တစိမ့်စိမ့် သဘောပေါက်လာတော့တယ်။ ကျန်တဲ့ မိန်းကလေး သူငယ်ချင်းတွေကိုရော ယောကျာ်းလေး သူငယ်ချင်းတွေကိုပါ သူဂျင်းထည့်ခဲ့တယ်ဆိုတာ။ ကျန်တဲ့ကောင်တွေ ပြေးပြောလိုက်ချင်ပေမယ့် ဘယ်သူနဲ့မှ အဆက်အသွယ်လည်း မရှိတော့ဘူး။

ဇာတ်လမ်းဇာတ်ကွက်ကို ချကြည့်လိုက်တော့ သူထည့်ခဲ့တဲ့ ဂျင်းက ရည်းစားစာကို သူကိုယ်တိုင်ရေး၊ သူ့ဟာသူဝှက်ပြီး သူ့လွယ်အိတ်ထဲ သူထည့်ခဲ့တာပဲ။ ဖုန်းဆက်တယ်ဆိုတာလည်း သူ့အပြော၊ လူချင်းတွေ့တယ်ဆိုတာလည်း သူ့အပြော။ လက်စသတ်တော့ သူဟာ စိတ်ကူးတွေ အယဉ်လွန်ပြီး စိတ္တဇဆန်ဆန် ဂျင်းထည့်သွားခဲ့တာပဲ။

တကယ်တော့ သူ့ကို အပြစ်မတင်ပါ။ သူ့ရဲ့ အကြီးမားဆုံး အားနည်းချက်က အားလုံးရဲ့ ဂရုစိုက်ခံချင်တာ၊ အားလုံးရဲ့ attention ကို ရချင်လို့ ဇာတ်လမ်းအကြီးကြီးကို ပိပိရိရိ လုပ်ခဲ့တာပါပဲ။ ကျနော်တို့ကို ထိခိုက်စေလိုတယ်တော့ မဟုတ်ပါဘူး။ အပျင်းတောင် ပြေခဲ့ကြပါသေးတယ်။ ကျနော်ကသာ ဆက်စပ်စဉ်းစားပြီး နှစ်အကြာကြီးကြာမှ ရိပ်မိတာ၊ ကျန်တဲ့ကောင်တွေဆို ခုထိတောင် သိမယ် မထင်မိဘူး။
(ပြီး)

Leave a comment

Filed under Short Story

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s