တကၠသိုလ္မွာ ၾကံဳတဲ့ “ဂ်င္း” (၁)

တကၠသိုလ္မွာ ၾကံဳတဲ့ “ဂ်င္း” (၁)

တကၠသိုလ္ အေဝးသင္ သိပၸံ ပထမႏွစ္တက္တုန္းက သူငယ္ခ်င္းအဖြဲ႔ထဲမွာ မိန္းကေလးတစ္ေယာက္ ပါတယ္။ သူက တျခား သူငယ္ခ်င္း အကုန္လံုးကို ဂ်င္းထည့္ခဲ့တယ္ဆိုတာ ေက်ာင္းၿပီးလို႔ ၁၀ ႏွစ္ေလာက္ ၾကာမွ တျဖည္းျဖည္းနဲ႔ သေဘာေပါက္လာတယ္။ သူလည္း ဘယ္ေရာက္လို႔ ဘယ္ေပါက္တယ္ဆိုတာ အဲဒီ ပထမႏွစ္ၿပီးကတည္းက မသိေတာ့ပါဘူး။ ပထမႏွစ္မွာ ေပါင္းမိတယ္ဆိုတာလည္း ပရက္တီကယ္ လုပ္တာမွာ တအုပ္စုတည္းက်ရာက ခ်က္ခ်င္း ခင္သြားၾကတာပါပဲ။

ျဖစ္ပံုက ဒီလို။ သူ႔အေဖနဲ႔ အေမက ကြဲေနတာ၊ သူက အေမရယ္၊ ေမာင္ေလးရယ္နဲ႔ ေနတယ္။ သူက အားငယ္တတ္ၿပီး ေတာ္ေတာ္ ႏူးႏူးညံ့ညံ့ထဲကပဲ။ ခပ္မာမာ၊ ခပ္စြာစြာ မဟုတ္ဘူးလို႔ ေျပာခ်င္တာ။ အဲဒီတုန္းက က်ေနာ္တို႔ zoology ယူထားတာ၊ ပရက္တီကယ္လုပ္ဖို႔ စေန၊ တနဂၤေႏြ ႏွစ္ရက္ ေက်ာင္းတက္ရတယ္၊ မွန္တာ ေျပာရရင္ ေဟးလားဟားလား အေလလိုက္ခြင့္ရတယ္ေပါ့ေလ။

ဇာတ္လမ္းက ပရက္တီကယ္ လုပ္ခ်ိန္မွာ စတယ္။ ပရက္တီကယ္ လုပ္ရင္ ေက်ာင္းသားေက်ာင္းသူေတြ လြယ္အိတ္ေတြကို ခံုမွာ စုပံုထားခဲ့ရတယ္။ ပရက္တီကယ္အၿပီး သူ႔လြယ္အိတ္ထဲကို ရည္းစားစာ တေစာင္ ေရာက္ေနတာ။

ရည္းစားစာကို ဝိုင္းဖတ္ၾကည့္ေတာ့ သူ႔ကို လူသိမခံဘဲ ခ်စ္ျမတ္ႏိုးေနသူ တဦးဘာညာေပါ့။ အတန္းထဲမွာ သူ႔ကို ဘယ္သူၾကည့္ေနလဲဆိုၿပီး သူငယ္ခ်င္းေတြကလည္း လိုက္႐ိႈးရတာေပါ့။ ဟိုေကာင္ထင္တယ္၊ ဒီေကာင္ထင္တယ္နဲ႔။

ေနာက္တပတ္ ပရက္တီကယ္က်ေနာ္ သူငယ္ခ်င္းေတြ မသိမသာ ႐ိႈးေနတာေပါ့။ လြယ္အိတ္ထဲ ရည္းစားစာ ေရာက္မေနဘူး။ ေနာက္တပတ္က်ေတာ့ ေမ့ေမ့ေလ်ာ့ေလ်ာ့ ျဖစ္ေနၾကတုန္း ပရက္တီကယ္ ၿပီးလို႔ ကန္တင္းမွာ အထိုင္ သူ႔လြယ္အိတ္ထဲ ရည္းစားစာက ေရာက္ေနတာ ေတြ႕ျပန္ေရာ။ သူ႔ကို ရိပ္မိမွာစိုးလို႔ ဘာညာနဲ႔ ေရးထားတယ္။ သူငယ္ခ်င္းေတြ ရွိေနေတာ့ သူ မခ်ဥ္းကပ္ဝံ့ေၾကာင္းလည္း ပါတယ္။

ဘယ္သူဘယ္ဝါမွန္းမသိရဘဲ ရည္းစားစာေပးေနေတာ့ သူငယ္ခ်င္း ေယာက်ာ္းေလးေတြလည္း မခံခ်င္ ျဖစ္တာေပါ့။ ပရက္တီကယ္ခန္းထဲမွာ လာထည့္သြားတာလား၊ ေက်ာင္းကားေပၚမွာ ထည့္သြားတာလားလည္း မေသခ်ာျပန္ဘူး။ ဒါနဲ႔ပဲ သူငယ္ခ်င္း ေယာက်ာ္းေလးေတြ တာဝန္တခု တိုးလာတယ္။ သူ႔လြယ္အိတ္ကို တလွည့္စီ လြယ္ေပးရတာ။

ဇာတ္ရွိန္က တက္လာတယ္။ အဲဒီတုန္း ဖုန္းဆက္ခ်င္ ဖုန္းရွိတဲ့အိမ္မွာ ပိုက္ဆံေပး ဆက္ရတာကိုး။ ကိုယ့္ဆီ ဖုန္းလာေစခ်င္ရင္လည္း ေျပာထားၿပီး ပိုက္ဆံေပးရတာပဲ။ သူ႔ရပ္ကြက္ထဲမွာ ဖုန္းက သူ႔အိမ္နဲ႔ မေဝးဘူး။

ေနာက္တပတ္ ေက်ာင္းမွာေတြ႕ေတာ့ သူက အေရးတႀကီးပံုစံနဲ႔ ေျပာစရာရွိတယ္ဆိုေတာ့ ေခ်ာင္က်က်ကန္တင္းမွာ ထိုင္တာေပါ့။ သူ႔ဆီကို အဲဒီလူက ဖုန္းဆက္လာတယ္တဲ့။ နင့္ဆီ ဆက္ရမယ့္ဖုန္း သူဘယ္လို သိမွာလဲဆိုေတာ့ … ရပ္ကြက္ထဲမွာ ဖုန္းရွိတဲ့အိမ္ သြားေမးၿပီး နံပါတ္ေတာင္းလိုက္ရင္ ရတာပဲေလတဲ့ … ဒါလည္း ဟုတ္ေပတာပဲေပါ့။

သူတို႔ အိမ္က လမ္းထိပ္နဲ႔ မေဝးဘူး။ လမ္းဟိုဘက္မွာ ရထားသံလမ္း အၿပိဳင္ ႏွစ္ခုရွိတယ္။ အဲဒီဟိုဘက္မွာ ကားလမ္း။ အဲဒီလူက ေျပာတယ္တဲ့ … မင္း ဖုန္းရွိတဲ့အိမ္ကိုသြားတာ သူေတြ႕တယ္တဲ့၊ ဝတ္ထားတာက ဘာအေရာင္ေလးေပါ့၊ သူက သံလမ္းဒီဘက္က ကားလမ္းေဘးမွာ ကားရပ္ၿပီး လွမ္းၾကည့္ေနတာတဲ့။ ဆိုလိုတာက သူ႔မွာ ကားလည္း ရွိတယ္၊ ကားထဲကေန ဆက္လို႔ရတဲ့ လက္ကိုင္ဖုန္းလည္း ရွိတယ္ေပါ့။ နင့္ကို အေတြ႕မခံတာ ပံုဆိုးပန္းဆိုးျဖစ္ေနလို႔ ေနမွာေပါ့လို႔ သံုးသပ္သူက သံုးသပ္။
(ဆက္ရန္)
==
တက္ကသိုလ်မှာ ကြုံတဲ့ “ဂျင်း” (၁)

တက္ကသိုလ် အဝေးသင် သိပ္ပံ ပထမနှစ်တက်တုန်းက သူငယ်ချင်းအဖွဲ့ထဲမှာ မိန်းကလေးတစ်ယောက် ပါတယ်။ သူက တခြား သူငယ်ချင်း အကုန်လုံးကို ဂျင်းထည့်ခဲ့တယ်ဆိုတာ ကျောင်းပြီးလို့ ၁၀ နှစ်လောက် ကြာမှ တဖြည်းဖြည်းနဲ့ သဘောပေါက်လာတယ်။ သူလည်း ဘယ်ရောက်လို့ ဘယ်ပေါက်တယ်ဆိုတာ အဲဒီ ပထမနှစ်ပြီးကတည်းက မသိတော့ပါဘူး။ ပထမနှစ်မှာ ပေါင်းမိတယ်ဆိုတာလည်း ပရက်တီကယ် လုပ်တာမှာ တအုပ်စုတည်းကျရာက ချက်ချင်း ခင်သွားကြတာပါပဲ။

ဖြစ်ပုံက ဒီလို။ သူ့အဖေနဲ့ အမေက ကွဲနေတာ၊ သူက အမေရယ်၊ မောင်လေးရယ်နဲ့ နေတယ်။ သူက အားငယ်တတ်ပြီး တော်တော် နူးနူးညံ့ညံ့ထဲကပဲ။ ခပ်မာမာ၊ ခပ်စွာစွာ မဟုတ်ဘူးလို့ ပြောချင်တာ။ အဲဒီတုန်းက ကျနော်တို့ zoology ယူထားတာ၊ ပရက်တီကယ်လုပ်ဖို့ စနေ၊ တနင်္ဂနွေ နှစ်ရက် ကျောင်းတက်ရတယ်၊ မှန်တာ ပြောရရင် ဟေးလားဟားလား အလေလိုက်ခွင့်ရတယ်ပေါ့လေ။

ဇာတ်လမ်းက ပရက်တီကယ် လုပ်ချိန်မှာ စတယ်။ ပရက်တီကယ် လုပ်ရင် ကျောင်းသားကျောင်းသူတွေ လွယ်အိတ်တွေကို ခုံမှာ စုပုံထားခဲ့ရတယ်။ ပရက်တီကယ်အပြီး သူ့လွယ်အိတ်ထဲကို ရည်းစားစာ တစောင် ရောက်နေတာ။

ရည်းစားစာကို ဝိုင်းဖတ်ကြည့်တော့ သူ့ကို လူသိမခံဘဲ ချစ်မြတ်နိုးနေသူ တဦးဘာညာပေါ့။ အတန်းထဲမှာ သူ့ကို ဘယ်သူကြည့်နေလဲဆိုပြီး သူငယ်ချင်းတွေကလည်း လိုက်ရှိုးရတာပေါ့။ ဟိုကောင်ထင်တယ်၊ ဒီကောင်ထင်တယ်နဲ့။

နောက်တပတ် ပရက်တီကယ်ကျနော် သူငယ်ချင်းတွေ မသိမသာ ရှိုးနေတာပေါ့။ လွယ်အိတ်ထဲ ရည်းစားစာ ရောက်မနေဘူး။ နောက်တပတ်ကျတော့ မေ့မေ့လျော့လျော့ ဖြစ်နေကြတုန်း ပရက်တီကယ် ပြီးလို့ ကန်တင်းမှာ အထိုင် သူ့လွယ်အိတ်ထဲ ရည်းစားစာက ရောက်နေတာ တွေ့ပြန်ရော။ သူ့ကို ရိပ်မိမှာစိုးလို့ ဘာညာနဲ့ ရေးထားတယ်။ သူငယ်ချင်းတွေ ရှိနေတော့ သူ မချဉ်းကပ်ဝံ့ကြောင်းလည်း ပါတယ်။

ဘယ်သူဘယ်ဝါမှန်းမသိရဘဲ ရည်းစားစာပေးနေတော့ သူငယ်ချင်း ယောကျာ်းလေးတွေလည်း မခံချင် ဖြစ်တာပေါ့။ ပရက်တီကယ်ခန်းထဲမှာ လာထည့်သွားတာလား၊ ကျောင်းကားပေါ်မှာ ထည့်သွားတာလားလည်း မသေချာပြန်ဘူး။ ဒါနဲ့ပဲ သူငယ်ချင်း ယောကျာ်းလေးတွေ တာဝန်တခု တိုးလာတယ်။ သူ့လွယ်အိတ်ကို တလှည့်စီ လွယ်ပေးရတာ။

ဇာတ်ရှိန်က တက်လာတယ်။ အဲဒီတုန်း ဖုန်းဆက်ချင် ဖုန်းရှိတဲ့အိမ်မှာ ပိုက်ဆံပေး ဆက်ရတာကိုး။ ကိုယ့်ဆီ ဖုန်းလာစေချင်ရင်လည်း ပြောထားပြီး ပိုက်ဆံပေးရတာပဲ။ သူ့ရပ်ကွက်ထဲမှာ ဖုန်းက သူ့အိမ်နဲ့ မဝေးဘူး။

နောက်တပတ် ကျောင်းမှာတွေ့တော့ သူက အရေးတကြီးပုံစံနဲ့ ပြောစရာရှိတယ်ဆိုတော့ ချောင်ကျကျကန်တင်းမှာ ထိုင်တာပေါ့။ သူ့ဆီကို အဲဒီလူက ဖုန်းဆက်လာတယ်တဲ့။ နင့်ဆီ ဆက်ရမယ့်ဖုန်း သူဘယ်လို သိမှာလဲဆိုတော့ … ရပ်ကွက်ထဲမှာ ဖုန်းရှိတဲ့အိမ် သွားမေးပြီး နံပါတ်တောင်းလိုက်ရင် ရတာပဲလေတဲ့ … ဒါလည်း ဟုတ်ပေတာပဲပေါ့။

သူတို့ အိမ်က လမ်းထိပ်နဲ့ မဝေးဘူး။ လမ်းဟိုဘက်မှာ ရထားသံလမ်း အပြိုင် နှစ်ခုရှိတယ်။ အဲဒီဟိုဘက်မှာ ကားလမ်း။ အဲဒီလူက ပြောတယ်တဲ့ … မင်း ဖုန်းရှိတဲ့အိမ်ကိုသွားတာ သူတွေ့တယ်တဲ့၊ ဝတ်ထားတာက ဘာအရောင်လေးပေါ့၊ သူက သံလမ်းဒီဘက်က ကားလမ်းဘေးမှာ ကားရပ်ပြီး လှမ်းကြည့်နေတာတဲ့။ ဆိုလိုတာက သူ့မှာ ကားလည်း ရှိတယ်၊ ကားထဲကနေ ဆက်လို့ရတဲ့ လက်ကိုင်ဖုန်းလည်း ရှိတယ်ပေါ့။ နင့်ကို အတွေ့မခံတာ ပုံဆိုးပန်းဆိုးဖြစ်နေလို့ နေမှာပေါ့လို့ သုံးသပ်သူက သုံးသပ်။
(ဆက်ပါမယ်)

Leave a comment

Filed under Short Story

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s