ဆရာတပည့္ႏွစ္ေယာက္၊ ေလးထပ္အိမ္နဲ႔ ေျခာက္ျခားမႈ (၃)

ဆရာတပည့္ႏွစ္ေယာက္၊ ေလးထပ္အိမ္နဲ႔ ေျခာက္ျခားမႈ (၃)

က်ဳပ္က နည္းနည္းလည္း မူးလာ၊ မိုးလည္း စုပ္စုပ္ခ်ဳပ္လာ၊ ဆိုဖာေပၚလွဲၿပီး တီဗီၾကည့္ေနတယ္၊ ဟိုေကာင္ကေတာ့ ခပ္လွမ္းလွမ္းက။ ဆိုဖာေပၚ ေစာင္းၿပီးလွဲေနေတာ့ အသံေလးေတြ ၾကားရတယ္၊ ရပ္ကြက္ထိပ္က ကားႀကီး ေမာင္းသြားတဲ့အသံလိုလို၊ ရပ္ကြက္ထဲက တခ်ိဳ႕အိမ္ေတြက ကေလးေတြ ေအာ္ဟစ္ ေျပာေနသလိုလို၊ ဒါ အရင္ကလည္း ၾကားႏိုင္မွာပဲ၊ တိတ္ဆိတ္ၿပီး တမင္ သတိထားေနလို႔ ၾကားမိတဲ့ အသံလိႈင္းေတြပါကြာလို႔ အေျဖေပးလိုက္တယ္။

ေတာ္ေတာ္မူးလာေတာ့ က်ဳပ္ ေပါက္ကရ စၿပီေလ၊ ေဟ့ေကာင္ အေပၚထပ္ မီးေတြ ပိတ္ထားကြာ၊ ငါ့ကို ဓာတ္မီးေပးလို႔။ ဟိုေကာင္က ခင္ဗ်ား အေပၚထပ္က အသံၾကားလား၊ က်ေနာ္ၾကားတယ္ေတြလုပ္၊ က်ဳပ္ကလည္း သူေျပာလို႔ပဲ ျဖစ္ျဖစ္၊ ကိုယ္ၾကားလို႔ပဲ ျဖစ္ျဖစ္၊ ၾကားတယ္ဆိုတိုင္း အေပၚထပ္ကို အသာေလး ေျပးတက္ၿပီး ဓာတ္မီးနဲ႔ထိုး၊ မီးဖြင့္၊ စိန္ေခၚ၊ ၾကာေတာ့ ေမာလာၿပီး ဝိုင္ေလး ထပ္ေသာက္ရင္း အိပ္ေပ်ာ္သြားလိုက္တာ မိုးလင္းပါေလေရာ၊ သရဲက လာထမ္းေခၚသြားေတာင္ သိမွာ မဟုတ္ဘူး။

ခံုကို ေနာက္ကဆြဲတာ ဆရာႀကီးက လူႀကီးမို႔လို႔ သတိေမ့ၿပီး ခံုကို မဆြဲမိတာေနမွာ၊ ဆိုဖာမွာက အသံလိႈင္းေၾကာင့္၊ ေရခဲေသတၱာထဲက အသံက ေကာ္ေရဗူးေတြဟာ အေအးဓာတ္ကို ႁမွင့္ထားၿပီး ေရတစ္ဝက္ပဲ ရွိရင္ အဲလိုပဲ ေလကို စုပ္ၿပီး ျပန္ေဖာင္းရင္ အသံထြက္တတ္တယ္၊ အခန္းထဲ ေလတိုးတာ အေပၚထပ္မို႔ ေဘးတိုက္ေတြထက္ ျမင့္လို႔ ေလဝင္တာေနမယ္ဆိုၿပီး ရွင္းျပၿပီး ျပန္ခဲ့ေရာ။

ရက္သိပ္မၾကာဘူး၊ အေမာတေကာနဲ႔ ထပ္ေရာက္ခ်လာတယ္၊ အိမ္ေျပာင္းေတာ့မယ္ ခ်က္ခ်င္းတဲ့။

ျဖစ္ပံုက အိမ္ရွင္ ဘိုးေတာ္ႀကီးက ႏွစ္ပတ္၊ ဆယ္ရက္ တစ္ခါဆိုသလို ဆိုင္ကယ္ေလးနဲ႔ လာလာၿပီး၊ ျခံထဲ ျမက္ရွင္းတာ၊ ပန္းပင္ေတြ ျပဳျပင္တာ လုပ္ေလ့ရွိတယ္တဲ့၊ အဲဒါ မေန႔က မနက္ပိုင္း အိမ္ေရာက္လာၿပီး ေဆးဘူး၊ စုတ္တံေတြနဲ႔ အျပင္ကေနၿပီး သံပန္းေတြကို ေဆးသုတ္ေနေတာ့ က်ေနာ္ ႏုတ္ဆက္ခဲ့ေသးတယ္တဲ့၊ ေန႔လည္ေလာက္မွာ အိမ္ရွင္ အဘိုးႀကီးက ထမင္းစားျပန္မယ္ဆို ဆိုင္ကယ္နဲ႔ ထြက္သြား၊ လမ္းထိပ္မွာ လမ္းမႀကီးေပၚ ေကြ႕ၿပီးအတက္ ကားႀကီးတစ္စီး ဝင္တိုက္တာ ပြဲခ်င္းၿပီးပဲ၊ ေတာ္ၿပီ ဆရာႀကီးေရာ က်ေနာ္ေရာ မေနရဲေတာ့ဘူး၊ စေပၚေငြလည္း ဆံုးခ်င္ ဆံုးပေစေတာ့တဲ့။

ေတာ္ေသးတယ္၊ က်ဳပ္ေသာင္းက်န္းခဲ့လို႔ လို႔ေတာ့ အျပစ္တင္မသြားဘူး၊ အဲဒါေၾကာင့္ အပ်ိဳႀကီးေတြကလည္း ေျပာတာ၊ အိမ္က မသန္႔ပါဘူးဆိုတဲ့ …။ ဒါေပမယ့္ ေသာင္းက်န္းႀကီး ေပါက္ကရ လုပ္တာကေတာ့ က်ဳပ္ပါပဲ၊ က်ဳပ္ကိုေတာ့ လာေျခာက္တာေတြ၊ ဘာေတြေတာ့ သတိမထားမိပါဘူး။ သူတို႔ ဆရာတပည့္ေတာ့ အိမ္ေပၚက အထုပ္ပိုက္ၿပီး ခ်က္ခ်င္း ဆင္းေျပးၿပီး ေျပာင္းသြားၾကေလရဲ႕။

(ၿပီး)

==

ဆရာတပည့်နှစ်ယောက်၊ လေးထပ်အိမ်နဲ့ ခြောက်ခြားမှု (၃)

ကျုပ်က နည်းနည်းလည်း မူးလာ၊ မိုးလည်း စုပ်စုပ်ချုပ်လာ၊ ဆိုဖာပေါ်လှဲပြီး တီဗီကြည့်နေတယ်၊ ဟိုကောင်ကတော့ ခပ်လှမ်းလှမ်းက။ ဆိုဖာပေါ် စောင်းပြီးလှဲနေတော့ အသံလေးတွေ ကြားရတယ်၊ ရပ်ကွက်ထိပ်က ကားကြီး မောင်းသွားတဲ့အသံလိုလို၊ ရပ်ကွက်ထဲက တချို့အိမ်တွေက ကလေးတွေ အော်ဟစ် ပြောနေသလိုလို၊ ဒါ အရင်ကလည်း ကြားနိုင်မှာပဲ၊ တိတ်ဆိတ်ပြီး တမင် သတိထားနေလို့ ကြားမိတဲ့ အသံလှိုင်းတွေပါကွာလို့ အဖြေပေးလိုက်တယ်။

တော်တော်မူးလာတော့ ကျုပ် ပေါက်ကရ စပြီလေ၊ ဟေ့ကောင် အပေါ်ထပ် မီးတွေ ပိတ်ထားကွာ၊ ငါ့ကို ဓာတ်မီးပေးလို့။ ဟိုကောင်က ခင်ဗျား အပေါ်ထပ်က အသံကြားလား၊ ကျနော်ကြားတယ်တွေလုပ်၊ ကျုပ်ကလည်း သူပြောလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ကြားလို့ပဲ ဖြစ်ဖြစ်၊ ကြားတယ်ဆိုတိုင်း အပေါ်ထပ်ကို အသာလေး ပြေးတက်ပြီး ဓာတ်မီးနဲ့ထိုး၊ မီးဖွင့်၊ စိန်ခေါ်၊ ကြာတော့ မောလာပြီး ဝိုင်လေး ထပ်သောက်ရင်း အိပ်ပျော်သွားလိုက်တာ မိုးလင်းပါလေရော၊ သရဲက လာထမ်းခေါ်သွားတောင် သိမှာ မဟုတ်ဘူး။

ခုံကို နောက်ကဆွဲတာ ဆရာကြီးက လူကြီးမို့လို့ သတိမေ့ပြီး ခုံကို မဆွဲမိတာနေမှာ၊ ဆိုဖာမှာက အသံလှိုင်းကြောင့်၊ ရေခဲသေတ္တာထဲက အသံက ကော်ရေဗူးတွေဟာ အအေးဓာတ်ကို မြှင့်ထားပြီး ရေတစ်ဝက်ပဲ ရှိရင် အဲလိုပဲ လေကို စုပ်ပြီး ပြန်ဖောင်းရင် အသံထွက်တတ်တယ်၊ အခန်းထဲ လေတိုးတာ အပေါ်ထပ်မို့ ဘေးတိုက်တွေထက် မြင့်လို့ လေဝင်တာနေမယ်ဆိုပြီး ရှင်းပြပြီး ပြန်ခဲ့ရော။

ရက်သိပ်မကြာဘူး၊ အမောတကောနဲ့ ထပ်ရောက်ချလာတယ်၊ အိမ်ပြောင်းတော့မယ် ချက်ချင်းတဲ့။

ဖြစ်ပုံက အိမ်ရှင် ဘိုးတော်ကြီးက နှစ်ပတ်၊ ဆယ်ရက် တစ်ခါဆိုသလို ဆိုင်ကယ်လေးနဲ့ လာလာပြီး၊ ခြံထဲ မြက်ရှင်းတာ၊ ပန်းပင်တွေ ပြုပြင်တာ လုပ်လေ့ရှိတယ်တဲ့၊ အဲဒါ မနေ့က မနက်ပိုင်း အိမ်ရောက်လာပြီး ဆေးဘူး၊ စုတ်တံတွေနဲ့ အပြင်ကနေပြီး သံပန်းတွေကို ဆေးသုတ်နေတော့ ကျနော် နုတ်ဆက်ခဲ့သေးတယ်တဲ့၊ နေ့လည်လောက်မှာ အိမ်ရှင် အဘိုးကြီးက ထမင်းစားပြန်မယ်ဆို ဆိုင်ကယ်နဲ့ ထွက်သွား၊ လမ်းထိပ်မှာ လမ်းမကြီးပေါ် ကွေ့ပြီးအတက် ကားကြီးတစ်စီး ဝင်တိုက်တာ ပွဲချင်းပြီးပဲ၊ တော်ပြီ ဆရာကြီးရော ကျနော်ရော မနေရဲတော့ဘူး၊ စပေါ်ငွေလည်း ဆုံးချင် ဆုံးပစေတော့တဲ့။

တော်သေးတယ်၊ ကျုပ်သောင်းကျန်းခဲ့လို့ လို့တော့ အပြစ်တင်မသွားဘူး၊ အဲဒါကြောင့် အပျိုကြီးတွေကလည်း ပြောတာ၊ အိမ်က မသန့်ပါဘူးဆိုတဲ့ …။ ဒါပေမယ့် သောင်းကျန်းကြီး ပေါက်ကရ လုပ်တာကတော့ ကျုပ်ပါပဲ၊ ကျုပ်ကိုတော့ လာခြောက်တာတွေ၊ ဘာတွေတော့ သတိမထားမိပါဘူး။ သူတို့ ဆရာတပည့်တော့ အိမ်ပေါ်က အထုပ်ပိုက်ပြီး ချက်ချင်း ဆင်းပြေးပြီး ပြောင်းသွားကြလေရဲ့။

(ပြီး)

Leave a comment

Filed under Short Story

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s