ကဗ်ာဆရာ ေမြးျမဴျခင္း

ဒီကဗ်ာကေတာ့ ၂၀၀၃ ေမလ ၁၅ ရက္လို႔ ေန႔စြဲတပ္ထားတယ္။ က်ေနာ္က ကဗ်ာေရးမယ္လို႔ ေျပာတဲ့အခါ ကိုယ့္အေပၚ ေပးတဲ့ မွတ္ခ်က္ေတြကိုက ကဗ်ာဆန္ေနလို႔ ကဗ်ာျဖစ္သြားတာ။ စိတ္ဝင္စားမွာပါ။ ဖတ္ၾကည့္ေပါ့။ ေနခဲ့တဲ့ ပတ္ဝန္းက်င္ေလးကို ျမင္လိမ့္မယ္။ ေခါင္းစဥ္ကေတာ့ ရင့္ခ်င္ ရင့္လိမ့္မယ္။
****

“ကဗ်ာဆရာ ေမြးျမဴျခင္း”

“ျမစ္ကို အလ်ားလိုက္ ကူးမလို႔လား” … တဲ့။ (ဆရာ ေလးကိုတင္)
ေရးလက္စ စကားလံုးေတြ က်ကြဲသြားတယ္
ဆြံ႔အဖို႔ မဟုတ္ဘူး
ငါ့ ပုခံုးေတြ ေမာင္းျပန္တင္ဖို႔ …။

“စကားလံုးေတြ ေလာ္မာစမ္းပါ” (ကဗ်ာဆရာ တိုးေႏွာင္မိုး)
အာဏာရ အဘိဓာန္ တအုပ္လို
ျမွဳပ္ကြက္ေတြ ေဖာ္ေပးမယ့္ ပံုစံမ်ိဳးနဲ႔
တေယာက္ကလည္း
ပုလင္းထဲက ေခါင္းထုတ္ၿပီး ေအာ္လိုက္တယ္ …။

“အာသာေျဖဖို႔လား”
“လူတန္းစား တရပ္လား” … တဲ့။ (စိုးခက္မင္း)
ထိုင္ခံုတလံုးကို ခံတပ္လုပ္
လက္ဖက္ရည္ခြက္ေတြနဲ႔ က်ားကြက္ထိုးရင္း
ဂႏၳဝင္ကို အာခံဖို႔ ေမးခြန္းထုတ္တယ္ …။

ကဗ်ာဆရာရဲ႕ တေန႔တာမွာ
ညေနဟာ အစီအစဥ္ အက်ဆံုး
ဆံုမွတ္လမ္း …
ဆံုမွတ္ဆိုင္ …
မကြဲျပားတဲ့ အိပ္မက္ေတြနဲ႔
ညတိုင္း … ညတိုင္းကို က်က်နန ထုတ္ပိုးရင္း …။

(မူလလက္ေဟာင္း သင္ကာ)

>>>>>

ဒီကဗျာကတော့ ၂၀၀၃ မေလ ၁၅ ရက်လို့ နေ့စွဲတပ်ထားတယ်။ ကျနော်က ကဗျာရေးမယ်လို့ ပြောတဲ့အခါ ကိုယ့်အပေါ် ပေးတဲ့ မှတ်ချက်တွေကိုက ကဗျာဆန်နေလို့ ကဗျာဖြစ်သွားတာ။ စိတ်ဝင်စားမှာပါ။ ဖတ်ကြည့်ပေါ့။ နေခဲ့တဲ့ ပတ်ဝန်းကျင်လေးကို မြင်လိမ့်မယ်။ ခေါင်းစဉ်ကတော့ ရင့်ချင် ရင့်လိမ့်မယ်။
****

“ကဗျာဆရာ မွေးမြူခြင်း”

“မြစ်ကို အလျားလိုက် ကူးမလို့လား” … တဲ့။ (ဆရာ လေးကိုတင်)
ရေးလက်စ စကားလုံးတွေ ကျကွဲသွားတယ်
ဆွံ့အဖို့ မဟုတ်ဘူး
ငါ့ ပုခုံးတွေ မောင်းပြန်တင်ဖို့ …။

“စကားလုံးတွေ လော်မာစမ်းပါ” (ကဗျာဆရာ တိုးနှောင်မိုး)
အာဏာရ အဘိဓာန် တအုပ်လို
မြှုပ်ကွက်တွေ ဖော်ပေးမယ့် ပုံစံမျိုးနဲ့
တယောက်ကလည်း
ပုလင်းထဲက ခေါင်းထုတ်ပြီး အော်လိုက်တယ် …။

“အာသာဖြေဖို့လား”
“လူတန်းစား တရပ်လား” … တဲ့။ (စိုးခက်မင်း)
ထိုင်ခုံတလုံးကို ခံတပ်လုပ်
လက်ဖက်ရည်ခွက်တွေနဲ့ ကျားကွက်ထိုးရင်း
ဂန္ထဝင်ကို အာခံဖို့ မေးခွန်းထုတ်တယ် …။

ကဗျာဆရာရဲ့ တနေ့တာမှာ
ညနေဟာ အစီအစဉ် အကျဆုံး
ဆုံမှတ်လမ်း …
ဆုံမှတ်ဆိုင် …
မကွဲပြားတဲ့ အိပ်မက်တွေနဲ့
ညတိုင်း … ညတိုင်းကို ကျကျနန ထုတ်ပိုးရင်း …။

(မူလလက်ဟောင်း သင်ကာ)

Leave a comment

Filed under Poem

Leave a comment