ကိုယ္ေတြ႔ ရဟန္းေကာင္း (၁)

ကိုယ္ေတြ႔ ရဟန္းေကာင္း (၁)

လွေအာင္

က်ေနာ္နဲ႔ ေမာင္ဘုန္းဟာ ငယ္ကတည္းက ေပါင္းခဲ႔တာမဟုတ္ ေပမယ္႔ တကယ္႔ငယ္ေပါင္းလိုပဲ။ သူတကၠသိုလ္ျပန္မဆက္ခင္ဆုံရေတာ႔ ငယ္ေပါင္းပဲေျပာၾကတာေပါ႔။သူနဲ႔သိရ တာကမၾကာခင္ကဆုံးသြားတဲ႔ ပန္းခ်ီ ေက်ာ္သာဒြန္းေခၚလာလို႔ပါ။ တခါက က်ေနာ္အဲ႔အေၾကာင္းေရးဖူးပါတယ္။ ေမာင္ဘုန္းက ရဟန္း က်ေနာ္က ရဟန္းလူထြက္ စမ္းေခ်ာင္းက မေနာရမၼက ပညာဒါန သင္တန္းတက္ ၾကတယ္။အပါတ္စဥ္ ၂။ အဲ႔မွာ ေမာင္ဘုန္းက ကိုရင္ႀကီးတပါးနဲ႔ ရင္းႏွီးလာတယ္။ က်ေနာ္႔စာအုပ္ဆိုင္ေလးကို ပင္႔လာတယ္။ ဘြဲ႔က ဓမၼသာရတဲ႔။ ေနာက္အေတာ္ရင္းႏွီးသြားၾကတယ္။ ရင္ဘတ္ခ်င္းနီးၾကတာကိုး။

ကိုရင္ႀကီးက အဲ႔ကတည္းက ထက္တာ ဗုဒၶစာေပနဲ႔ပါတ္သတ္တဲ႔ ေဆာင္းပါးေတြကို အဂၤလိပ္လို ေရးတာ အေမရိကန္ ဗုဒၶအဖြဲ႔အစည္းတခ်ိဳ႕က ထုတ္ေဝတဲ႔ မဂၢဇင္းေတြမွာ ေဖၚျပခံေနရၿပီ။ ေနာက္သူနဲ႔ ျပန္ကြဲကြာ သြားၾကတယ္။ ေမာင္ဘုန္းနဲ႔ က်ေနာ္နဲ႔ ေတာ႔ ယေန႔ထိ အဆက္အသြယ္မျပတ္ တၿမိဳ႕တည္းေနတာကိုး။ ဦးဇင္းဓမၼသာရ ကေတာ႔ က်ေနာ္နဲ႔ ေမာင္ဘုန္းရွိရာၾကြလာရွာပါတယ္။ သူျဖတ္သန္းမႈ႔က ၾကမ္းပါတယ္။ က်မ္းတေစာင္ ေပတဖြဲ႔ျဖစ္ေလာက္ပါတယ္။

စမ္းေခ်ာင္း ဥယာဥ္တိုက္မွာ ဘာသာစကား သင္ၾကားရင္း သူကိုယ္ တိုင္ဗုဒၶစာေပကို အဂၤလိပ္လို ျပန္ပို႔ခ်ပါတယ္။ ၿပီးေတာ႔ ဧဟိပသိေကာ ဆိုၿပီး ဓမၼဒူဓပေရာဂ်က္ တခုလုပ္ပါတယ္။ ဗုဒၶစာေပေတြ စုေဆာင္းတယ္။ ႏိုင္ငံတကာကို စာေရး အလွဴခံတယ္။ စာအုပ္ပါပဲ ေငြေၾကးမဟုတ္ပါ။ ေနာက္အဲ႔ စမ္းေခ်ာင္းက ဘယ္ေရာက္သြားမွန္း မသိပါ။

အဆက္အသြယ္ရေတာ႔ ဥကၠံမွာ စာခ်ေနေၾကာင္း သိရပါတယ္။ ဒီေနရာမွာ တခုျဖတ္ေျပာရမွာ သူ႔ပညာေရးပါ။သူဟာ အဂၤလိပ္စာနဲ႔ ဘြဲ႔ရတာ ကလြဲလို႔ ပရိယတၱိစာေပ ဘာဘြဲ႔မွ မရွိ ပါဘူး။ ဒါေပမယ္႔ က်ေနာ္တို႔ စာသင္သား အေခၚေတာ႔ က်မ္းႀကီးေဖာက္ ဆိုရမွာေပါ႔။ ဗုဒၶစာေပေတြကို ကိုယ္႔ဘာသာ ဖတ္ရႈ႕ ေလ႔လာက်က္မွတ္တာေပါ႔။ က်မ္းလဲႏွ႔ံ ပါရဲ႕။ တရက္သား က်ေနာ္က က်ေနာ္႔မိဘေတြရဲ႕ သားရဟန္း ရွိရာ လက္ပံတန္းကို အသြား ဥကၠံ ကိုျဖတ္ သြားရေတာ႔ ကိုယ္႔ဦးဇင္းရွိရာ ဝင္မယ္ဆိုၿပီး ဝင္ၾကည္႔မိေတာ႔ အဲ႔ခ်ိန္ ကိုယ္ေတာ္က က်ေနာ္အိမ္ေရာက္ေန။ ေဘးအိမ္က က်ေနာ္႔တပည္႔က ဆရာ အိမ္ကိုဦးဇင္းတပါးၾကြလာလို႔ ေျပာပါဦး ဆိုလို႔ ဖုန္းေျပာမွ သူမွန္းသိရတယ္။ လြဲခ်က္က က်ေနာ္က သူရွိတဲ႔ ဥကၠံေရာက္ သူက က်ေနာ္ေနတဲ႔ ရန္ကုန္က သကၤန္းကြ်န္းေရာက္တယ္။

ေရာက္လက္စနဲ႔ သူေက်ာင္းထဲ ဝင္ေလ႔လာေတာ႔ စိတ္ဝင္စားစရာ ဦးဇင္းတပါးကို ေက်ာင္းဝန္းထဲ အပင္တပင္ စိုက္ခိုင္းၿပီး တာဝန္ေပး တယ္။ အဲ႔အပင္မွာ ရိုးရိုးအေခၚ ရုကၡေဗဒ အဂၤလိပ္လို အေခၚႏွစ္မ်ိဳးတပ္ၿပီး ေစာင္႔ေရွာက္ရတဲ႔ ဦးဇင္းဘြဲ႔ပါ ေရးထား တာေတြ႔ရတယ္။ အပင္အေတာ္မ်ားတယ္။

ေနာက္တခါေတြ႔ေတာ႔ ဥကၠံမွာ ရွိတုန္း တပည္႔ရဟန္း သုံးေလးဆယ္ေလာက္ကို ဦးေဆာင္ၿပီး သပိတ္သကၤန္း အစုံနဲ႔ပဲခူးကို ဘုရားဖူး ကုန္းေၾကာင္း ၾကြၾကတာ ရဲနဲ႔ ေထြအုပ္က ပင္႔ၿပီး စုံစမ္းစစ္ေဆးတာ ခံရေၾကာင္းျပန္ေျပာျပတယ္။ ကားနဲ႔ အတင္းပို႔မယ္ ဆိုတာခ်ည္းပဲ။ ကိုယ္႔ဟာကိုယ္ ကုန္ေၾကာင္းၾကြတာ ဆႏၵျပမယ္ထင္ေနၾကတာ။ က်ေနာ္ေတာင္ စဥ္းစားမိတယ္ ဘုရားရွင္မ်ား ရွိေသးရင္ ေနာက္ပါရဟန္းငါးရာနဲ႔။ ရဲနဲ႔ ေထြအုပ္က လိုက္လာၿပီး ေမးၾကဦးမလားလို႔။ဆက္ပါဦးမယ္။

(ဆက္ရန္)

>>>>>>>>>>>>>

ကိုယ်တွေ့ ရဟန်းကောင်း (၁)

လှအောင်

ကျနော်နဲ့ မောင်ဘုန်းဟာ ငယ်ကတည်းက ပေါင်းခဲ့တာမဟုတ် ပေမယ့် တကယ့်ငယ်ပေါင်းလိုပဲ။ သူတက္ကသိုလ်ပြန်မဆက်ခင်ဆုံရတော့ ငယ်ပေါင်းပဲပြောကြတာပေါ့။သူနဲ့သိရ တာကမကြာခင်ကဆုံးသွားတဲ့ ပန်းချီ ကျော်သာဒွန်းခေါ်လာလို့ပါ။ တခါက ကျနော်အဲ့အကြောင်းရေးဖူးပါတယ်။ မောင်ဘုန်းက ရဟန်း ကျနော်က ရဟန်းလူထွက် စမ်းချောင်းက မနောရမ္မက ပညာဒါန သင်တန်းတက် ကြတယ်။အပါတ်စဉ် ၂။ အဲ့မှာ မောင်ဘုန်းက ကိုရင်ကြီးတပါးနဲ့ ရင်းနှီးလာတယ်။ ကျနော့်စာအုပ်ဆိုင်လေးကို ပင့်လာတယ်။ ဘွဲ့က ဓမ္မသာရတဲ့။ နောက်အတော်ရင်းနှီးသွားကြတယ်။ ရင်ဘတ်ချင်းနီးကြတာကိုး။

ကိုရင်ကြီးက အဲ့ကတည်းက ထက်တာ ဗုဒ္ဓစာပေနဲ့ပါတ်သတ်တဲ့ ဆောင်းပါးတွေကို အင်္ဂလိပ်လို ရေးတာ အမေရိကန် ဗုဒ္ဓအဖွဲ့အစည်းတချို့က ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာ ဖေါ်ပြခံနေရပြီ။ နောက်သူနဲ့ ပြန်ကွဲကွာ သွားကြတယ်။ မောင်ဘုန်းနဲ့ ကျနော်နဲ့ တော့ ယနေ့ထိ အဆက်အသွယ်မပြတ် တမြို့တည်းနေတာကိုး။ ဦးဇင်းဓမ္မသာရ ကတော့ ကျနော်နဲ့ မောင်ဘုန်းရှိရာကြွလာရှာပါတယ်။ သူဖြတ်သန်းမှု့က ကြမ်းပါတယ်။ ကျမ်းတစောင် ပေတဖွဲ့ဖြစ်လောက်ပါတယ်။

စမ်းချောင်း ဥယာဉ်တိုက်မှာ ဘာသာစကား သင်ကြားရင်း သူကိုယ် တိုင်ဗုဒ္ဓစာပေကို အင်္ဂလိပ်လို ပြန်ပို့ချပါတယ်။ ပြီးတော့ ဧဟိပသိကော ဆိုပြီး ဓမ္မဒူဓပရောဂျက် တခုလုပ်ပါတယ်။ ဗုဒ္ဓစာပေတွေ စုဆောင်းတယ်။ နိုင်ငံတကာကို စာရေး အလှူခံတယ်။ စာအုပ်ပါပဲ ငွေကြေးမဟုတ်ပါ။ နောက်အဲ့ စမ်းချောင်းက ဘယ်ရောက်သွားမှန်း မသိပါ။

အဆက်အသွယ်ရတော့ ဥက္ကံမှာ စာချနေကြောင်း သိရပါတယ်။ ဒီနေရာမှာ တခုဖြတ်ပြောရမှာ သူ့ပညာရေးပါ။သူဟာ အင်္ဂလိပ်စာနဲ့ ဘွဲ့ရတာ ကလွဲလို့ ပရိယတ္တိစာပေ ဘာဘွဲ့မှ မရှိ ပါဘူး။ ဒါပေမယ့် ကျနော်တို့ စာသင်သား အခေါ်တော့ ကျမ်းကြီးဖောက် ဆိုရမှာပေါ့။ ဗုဒ္ဓစာပေတွေကို ကိုယ့်ဘာသာ ဖတ်ရှု့ လေ့လာကျက်မှတ်တာပေါ့။ ကျမ်းလဲနှံ့ ပါရဲ့။ တရက်သား ကျနော်က ကျနော့်မိဘတွေရဲ့ သားရဟန်း ရှိရာ လက်ပံတန်းကို အသွား ဥက္ကံ ကိုဖြတ် သွားရတော့ ကိုယ့်ဦးဇင်းရှိရာ ဝင်မယ်ဆိုပြီး ဝင်ကြည့်မိတော့ အဲ့ချိန် ကိုယ်တော်က ကျနော်အိမ်ရောက်နေ။ ဘေးအိမ်က ကျနော့်တပည့်က ဆရာ အိမ်ကိုဦးဇင်းတပါးကြွလာလို့ ပြောပါဦး ဆိုလို့ ဖုန်းပြောမှ သူမှန်းသိရတယ်။ လွဲချက်က ကျနော်က သူရှိတဲ့ ဥက္ကံရောက် သူက ကျနော်နေတဲ့ ရန်ကုန်က သင်္ကန်းကျွန်းရောက်တယ်။

ရောက်လက်စနဲ့ သူကျောင်းထဲ ဝင်လေ့လာတော့ စိတ်ဝင်စားစရာ ဦးဇင်းတပါးကို ကျောင်းဝန်းထဲ အပင်တပင် စိုက်ခိုင်းပြီး တာဝန်ပေး တယ်။ အဲ့အပင်မှာ ရိုးရိုးအခေါ် ရုက္ခဗေဒ အင်္ဂလိပ်လို အခေါ်နှစ်မျိုးတပ်ပြီး စောင့်ရှောက်ရတဲ့ ဦးဇင်းဘွဲ့ပါ ရေးထား တာတွေ့ရတယ်။ အပင်အတော်များတယ်။

နောက်တခါတွေ့တော့ ဥက္ကံမှာ ရှိတုန်း တပည့်ရဟန်း သုံးလေးဆယ်လောက်ကို ဦးဆောင်ပြီး သပိတ်သင်္ကန်း အစုံနဲ့ပဲခူးကို ဘုရားဖူး ကုန်းကြောင်း ကြွကြတာ ရဲနဲ့ ထွေအုပ်က ပင့်ပြီး စုံစမ်းစစ်ဆေးတာ ခံရကြောင်းပြန်ပြောပြတယ်။ ကားနဲ့ အတင်းပို့မယ် ဆိုတာချည်းပဲ။ ကိုယ့်ဟာကိုယ် ကုန်ကြောင်းကြွတာ ဆန္ဒပြမယ်ထင်နေကြတာ။ ကျနော်တောင် စဉ်းစားမိတယ် ဘုရားရှင်များ ရှိသေးရင် နောက်ပါရဟန်းငါးရာနဲ့။ ရဲနဲ့ ထွေအုပ်က လိုက်လာပြီး မေးကြဦးမလားလို့။ဆက်ပါဦးမယ်။

(ဆက်ရန်)

Leave a comment

Filed under Buddhism, Diary, Essay, Ko Hla Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s