အေၾကာင္းတုိက္ဆုိင္စြာ မိတ္ေဆြေဟာင္းမ်ား ျပန္လည္ဆံုေတြ႔ျခင္း မိတ္ေဆြသစ္မ်ား တုိးပြားျခင္း

(“အေၾကာင္းတုိက္ဆုိင္စြာ မိတ္ေဆြေဟာင္းမ်ား ျပန္လည္ဆံုေတြ႔ျခင္း မိတ္ေဆြသစ္မ်ား တုိးပြားျခင္း” အခန္းထဲမွ ေကာက္ႏုတ္ေဖာ္ျပပါတယ္။ ကြယ္လြန္သြားတဲ့ ပန္းခ်ီ ေက်ာ္သာဒြန္း (ခ) ကိုရွည္ႀကီးအတြက္ အမွတ္တရ)

သင္ကာဘုန္းျမင့္

ေကမုိးတို႔၏ ႏွလံုးေမြ႕ေလ်ာ္ ေပ်ာ္ဖြယ္ရာရွိေသာ တုိက္တန္းလ်ား တည္ရွိရာ လမ္းေၾကာင္းကိုလည္း စာဖြဲ႔ထုိက္စြာ၏။ လမ္းေပါင္း ၁၇ ခုရွိသည့္ ယုဇနတ္ဝယ္ တစ္ခုတည္းေသာ ထူးဆန္းသာေမာဖြယ္ ေကာင္းသည့္ လမ္းအျဖစ္ “ယုဇနတ္ ဗင္းနစ္” ဟု မည္ထုိက္ေသာ လမ္းဝယ္ ေကမုိးတို႔ ေနထိုင္၏။ မုိးအခါ “မည္းနက္” ေသာ အနည္မႈန္တုိ႔ျဖင့္ အတိၿပီးကာ “နက္မည္း” ေသာ အေရာင္ရွိသည့္ ေရတို႔သည္ လမ္းဟိုမွာဘက္ ဒီမွာဘက္ ထိပ္ႏွစ္ခုကို ဆည္ဖို႔ပိတ္ကာ တမင္ ေလွာင္ထားသည့္ႏွယ္ လမ္းတေလွ်ာက္လံုး အုိင္ထြန္းလ်က္ရွိေလသည္။

တိုက္တန္းလ်ား၏ အေျခသုိ႔ ဟိုဘက္တျခမ္း ဒီဘက္တျခမ္းကပ္လ်က္ သဲအိတ္မ်ားကုိ ေျခတစ္လွမ္းစာ ခင္းထားျခင္းအားျဖင့္ ယုဇနဗင္းနစ္လမ္းကုိ ေက်ာ္ျဖတ္ရ၏။ ေျခသံုးဖဝါးစာမွ်သာ အက်ယ္ရွိေသာ သဲအိတ္မ်ားအေပၚ လွမ္းေလွ်ာက္ရသည့္အခါ ေဘးရိွ ဗြက္နက္ထဲသို႔ ေျခေလ်ာ္မက်မိေစရန္ လက္ႏွစ္ဖက္ကို အနည္းငယ္ ကားလ်က္ ခႏၶာကိုယ္ကို ဆပ္ကပ္ထဲတြင္ ႀကိဳးတန္းေလွ်ာက္ဘိသကဲ့သုိ႔ ဘဲလန္႔စ္ ညွိကာ ေလွ်ာက္ရ၏။

အိတ္၊ ထမင္းခ်ဳိင့္ စသည္တုိ႔ ကိုင္လာလွ်င္လည္း သင့္ေလွ်ာ္စြ။ တစ္ဖက္စီကိုင္စြဲ၍ ဘဲလန္႔စ္ ညွိကာ သဲအိတ္မွာ ေသးေသာေၾကာင့္ လည္းေကာင္း၊ အခါမ်ားစြာ ေလွ်ာက္ဖန္မ်ား၍ အနည္အႏွစ္မ်ားတင္ကာ ေခ်ာေန၍ လည္းေကာင္း လမ္းေလွ်ာက္ျဖတ္သည့္အခါ ျမန္ျမန္ႏွင့္ ဟန္ခ်က္ညီညီ ခုန္ဆြခုန္ဆြ သြားၾကရသည္မွာ က်န္းမာေရးအတြက္ ေလ့က်င့္ခန္း လုပ္ၿပီးသား ျဖစ္ေပေတာ့သည္ဟု အေကာင္းဘက္က ျမင္ဖို႔ရွိေလသည္။

တခါတရံ သြားေရာက္လည္ပတ္၍ စာဖတ္ေနမိသည့္အခါ၊ ျပတင္းေပါက္ကုိ ေက်ာေပးေနမိသည့္ အခါတို႔၌ ႀကိမ္ေရမ်ားစြာပင္ “မုိးရြာၿပီ”၊ “မုိးရြာၿပီ”၊ “အဝတ္ေတြ႐ုတ္” ဟု ေမာင္ဘုန္းက သတိေပးမိ၏။ အမွန္မွာ အႏွီ တေဝါေဝါ အသံသည္ မိုးရြာသည့္အသံ မဟုတ္၊ ထိုအနည္အႏွစ္မ်ားႏွင့္ အိုင္ထြန္းေသာ ေရေတာထဲသုိ႔ မ်က္စိလည္ လမ္းမွား၍ ေရာက္လာတတ္သည့္ တကၠစီကားမ်ား ျဖတ္ေမာင္းသြားျခင္းသာ ျဖစ္ေလသည္။

မုိးအခါမွသာ ထုိသို႔ သဘာဝတရားႏွင့္ ျပည့္စံုၾကသည္ မဟုတ္ေသး။ ေႏြအခါ၌ သာယာပံုကုိလည္း ေဖာ္ျပရဦးမည္။ အနည္အႏွစ္တို႔သည္ အမႈန္ျဖစ္သည့္ ဖုန္သေဘာသုိ႔ ကူးေျပာင္းကာ တေထာင္းေထာင္းႏွင့္ ႏွာေခါင္း ပိတ္ထားရသည္မွအပ သာေမာဖြယ္ေကာင္းသည္ဟု ျမင္စရာသတည္း။ သိသာလြယ္သျဖင့္ မ်ားစြာ အက်ယ္မဆုိေတာ့ၿပီ။

ယုဇနတ္မွာ ပဲခူးျမစ္ႏွင့္ နီး၍ေလာ၊ ေရထြက္ေစရန္ နက္နက္မတူး၍ေလာ၊ ဘာေလာေၾကာင့္မွန္း မသိ၊ ေရပိုက္ကက်သည့္ သံုးေရမွာ ဝါတာတာရွိလွ်က္ အက်ႌအျဖဴကုိ ထုိေရျဖင့္ မွန္မွန္ေလွ်ာ္ေပးပါက တစ္လအတြင္း အလုိလုိ အဝါေရာင္ ေတာက္ေသာဟူ၏။ ထုိေရကုိ ခပ္ယူသမွ်ေသာ ခြက္ပလံုးတို႔သည္ လည္းေကာင္း၊ ေရခ်ဳိးခန္း တမံသလင္း၊ ခြက္ေယာက္ ေဆးသည့္ ေဘစင္၊ အိမ္သာ ကမုခ္ခြက္တို႔မွာ ဆုိင္ရာမူရင္း ကာလာတြင္ အဝါေရာင္အသီးသီး စြက္လ်က္ရွိၾကေလ၏။

ယုဇနတ္ ဗင္းနစ္လမ္း၏ ထက္ေအာက္ဝန္းက်င္ကို ေပၚလြင္ေအာင္ ေဖာ္ျပေပးဦမည္။ သုိ႔မွသာ ယုဇနတ္၏ အတၳရသသည္ ေပၚလြင္ေပအ့ံ။ ေကမုိးတို႔ တုိက္ေဘးက တုိက္တြဲႏွင့္ မလွမ္းမကမ္း ဟုိမွာဒီမွာရွိသည္ တိုက္တြဲတုိ႔မွာ ေဟာလိဝုဒ္ ဓာတ္ရွင္မင္းသား ဝီလ္စမစ္သ္ သ႐ုပ္ေဆာင္သည့္ I am Legend ဇာတ္ကားထဲမွ တုိက္ပ်က္ႀကီးမ်ား ႐ံႈးေလာက္ေအာင္ ယိုယြင္းၿပိဳပ်က္လ်က္ရွိ၏။ ေျပာက္ႀကိဳေျပာက္ၾကား တစ္ခန္းတစ္ေလ လူေနသည္လည္း ရွိ၏။

လူမေနေသာ တုိက္ခန္းတြဲႀကီးမ်ားမွာ တံခါးမ်ား တစ္ခ်ပ္မွ် မရွိေတာ့ေပ။ ထုိအခန္းမ်ားထဲသို႔ ေန႔ဘက္တြင္ပင္ မဝင္ဝ့ံေအာင္ အမႈိက္မ်ား၊ အေကာင္ဘေလာင္မ်ား ခုိေအာင္းေနၾကသည့္တုိင္ ကြန္ဒံုးအစြပ္မ်ား၊ ေမြ႔ယာအစုတ္မ်ား၊ ပုလင္းခြံမ်ား ေတြ႔ရသည္ကုိေထာက္၍ ဝင္ေလာက္သည့္အေၾကာင္း ခိုင္လံုေအာင္ သတၱိေကာင္းသူမ်ား ရွိသည္ဟု သိအပ္၏။

တခ်ဳိ႕တုိက္တြဲႀကီးမ်ားကုိ “ေအာ္ရီဒူး” ဟု အရပ္က ေခၚေၾကာင္း၊ “ေဟာင္ေကာင္ ရပ္ကြက္” ဟု ပန္းခ်ီဆရာ ေတြက ေခၚေၾကာင္း ကနဦးတြင္ ေျပာခဲ့ၿပီ။ အဆိုပါ တုိက္မ်ားကုိ ေခြး အၾကင္လင္မယားမ်ားလား၊ ေခြး ေဆြမ်ဳိးသားခ်င္းမ်ားလား၊ ေခြး အိမ္ရွင္ႏွင့္ ေခြးအိမ္ငွားမ်ားလား မကြဲျပားသည့္ ေခြးအရြယ္စံုတစ္စုတို႔ အပုိင္စီးထားသျဖင့္ ေျခသလံုးကို အားနာၿပီးလွ်င္ ခ်က္ကို ေဆးထုိးမခံဝ့ံသူ မွန္သမွ် အနီးသုိ႔ မခ်ဥ္းကပ္ဝံ့။

ဗင္းနစ္လမ္းကုိ ေအာင္ျမင္စြာ ေက်ာ္လႊားႏိုင္ျခင္း အလုိ႔ငွာ အထက္တြင္ ေျပာခဲ့သကဲ့သို႔ ခုန္ဆြခုန္ဆြ မသြားမူ၍လည္း စက္ဘီးျဖင့္ တရႊမ္းရႊမ္းျမည္ေအာင္ ခပ္သုတ္သုတ္ နင္းျဖတ္သြားၾကကုန္၏။ တခ်ဳိ႕လည္း ဆုိင္ကယ္ကုိေမာင္း၊ ေျခႏွစ္ေခ်ာင္းကို ေဘးသို႔ ကားေျမွာက္ကာ ကုိ႔ယို႔ကားယား စတိုင္ထြားလ်က္ စီးသြားၾကကုန္၏။

သုိ႔စင္လ်က္ ေရေတာထဲသုိ႔ တမင္တကာ ေလွ်ာက္ၿပီး အနည္အေနာက္တုိ႔၏ အရသာကုိ မခံခ်င့္ခံခ်င္ႏွင့္ ခံရသူမ်ားလည္း ရွိေပေသး၏။ တျခားသူမ်ားမဟုတ္၊ ဆုိခဲ့ၿပီးေသာ အေရာင္ေျပာင္းေစသည့္ သတၱိရွိသည့္ ေရပိုက္က လာေပထေသာ သံုးေရကုိ ခ်က္ျပဳတ္ျခင္း၌ထည့္ၿပီး အူေဆးဆုိးရန္ မျဖစ္ႏုိင္သည့္ အားေလ်ာ္စြာ ေရသန္႔ကုိလည္း အလုိရွိအပ္သျဖင့္ ထုိေရသန္႔ကုိ လွည့္လည္ေရာင္းေသာ ေရစည္သမား၊ အႏုပညာသမားတို႔၏ ခြက္ပုန္းမ်ားကုိ ေဖာ္ထုတ္ေပးေသာ ပုလင္းခြံ၊ ဗူးခြံဝယ္သည့္ တြန္းလွည့္းသမား၊ အမိႈက္ လွည့္လည္ ေကာက္ျခင္းကို အေၾကာင္းျပဳ၍ ေျမညီထပ္မ်ားဝယ္ လစ္လွ်င္ လစ္သလုိ သုတ္၊ မလစ္လွ်င္ သနားစဖြယ္ ေတာင္းရမ္း အလွဴခံေလ့ရွိသည့္ ကေလးတစ္စုတို႔တည္း။

ဤကဲ့သုိ႔ ဂုဏ္ထူးဝိေသသႏွင့္ ျပည့္စံုလွေသာ အႏွီ ယုဇနတ္ ဗင္းနစ္လမ္း၏ တဖက္ေသာ လမ္းထိပ္ ေရမလြတ္ တလြတ္ ဧရိယာဝယ္ ပန္းခ်ီဆရာ သစ္ေန ေနထုိင္၏။ သူသည္ ယခင္က ေက်ာက္စီ ပန္းခ်ီသမား ျဖစ္ေသာ္လည္း ေကမိုး၏ အဆြယ္ေကာင္းမႈေၾကာင့္ ဝမ္းဗုိက္ကို ပိန္လိုက္ ေဖာင္းလုိက္ျဖစ္ေစမည့္ ေဆးေရး ပန္းခ်ီဘက္သုိ႔ သတၱိေကာင္းစြာ ေျပာင္းလ်က္ ပန္းခ်ီကားေတြကုိ ခပ္သြက္သြက္ ေရးေနသူတည္း။

ေကမုိးႏွင့္ သစ္ေနတို႔ ကြန္းခိုရာ ႏွစ္ေနရာၾကားတြင္ အလယ္နားတြင္ ဂ်င္မီ ေန၏။ ထုိ႔ေၾကာင့္ ထိုလမ္းသို႔ အလည္သြားသည္ရွိေသာ္ လမ္းထိပ္တြင္ “သစ္ေနေရ” ဟု ေအာ္သံကိုၾကားရၿပီး လမ္းလယ္တြင္ “ဂ်င္မီေရ” ေခၚသံၾကားလွ်င္ ထုိေခၚသြားေသာသူမွာ ေကမုိးျဖစ္ေၾကာင္း သိႏိုင္၏။

တျခားေသာ ဘေလာက္ဝယ္ ေမာင္ဘုန္းတို႔က ကိုရွည္ႀကီးဟု ေခၚေသာ အညာသား ပန္းခ်ီ ေက်ာ္ဒြန္းသည္ လည္းေကာင္း၊ ပန္းခ်ီေက်ာ္ဒြန္း၏ ရွည္လ်ားစြာေသာ အရပ္ႏွင့္ ဆန္႔က်င္ဘက္ အရပ္အေမာင္းရွိေသာ ပန္းခ်ီေက်ာ္ ကိုတူးသည္လည္းေကာင္း ေနၾကေပေသးသည္။

(“ယုဇနတ္၊ ကိုးစတူဒီယိုႏွင့္ အေရာင္ရင့္သူမ်ား” စာမူထဲမွ)

with Kay Moe Ko Nandar Bhone Myint Aungsi Naymyo Jimmy Thi Ha Konyeinaung Yuzana Art School

(ဓာတ္ပံု – ViewScape)

>>>>>>>>>>>>>>>>>>

(“အကြောင်းတိုက်ဆိုင်စွာ မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ခြင်း မိတ်ဆွေသစ်များ တိုးပွားခြင်း” အခန်းထဲမှ ကောက်နုတ်ဖော်ပြပါတယ်။ ကွယ်လွန်သွားတဲ့ ပန်းချီ ကျော်သာဒွန်း (ခ) ကိုရှည်ကြီးအတွက် အမှတ်တရ)

သင်ကာဘုန်းမြင့်

ကေမိုးတို့၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော တိုက်တန်းလျား တည်ရှိရာ လမ်းကြောင်းကိုလည်း စာဖွဲ့ထိုက်စွာ၏။ လမ်းပေါင်း ၁၇ ခုရှိသည့် ယုဇနတ်ဝယ် တစ်ခုတည်းသော ထူးဆန်းသာမောဖွယ် ကောင်းသည့် လမ်းအဖြစ် “ယုဇနတ် ဗင်းနစ်” ဟု မည်ထိုက်သော လမ်းဝယ် ကေမိုးတို့ နေထိုင်၏။ မိုးအခါ “မည်းနက်” သော အနည်မှုန်တို့ဖြင့် အတိပြီးကာ “နက်မည်း” သော အရောင်ရှိသည့် ရေတို့သည် လမ်းဟိုမှာဘက် ဒီမှာဘက် ထိပ်နှစ်ခုကို ဆည်ဖို့ပိတ်ကာ တမင် လှောင်ထားသည့်နှယ် လမ်းတလျှောက်လုံး အိုင်ထွန်းလျက်ရှိလေသည်။

တိုက်တန်းလျား၏ အခြေသို့ ဟိုဘက်တခြမ်း ဒီဘက်တခြမ်းကပ်လျက် သဲအိတ်များကို ခြေတစ်လှမ်းစာ ခင်းထားခြင်းအားဖြင့် ယုဇနဗင်းနစ်လမ်းကို ကျော်ဖြတ်ရ၏။ ခြေသုံးဖဝါးစာမျှသာ အကျယ်ရှိသော သဲအိတ်များအပေါ် လှမ်းလျှောက်ရသည့်အခါ ဘေးရှိ ဗွက်နက်ထဲသို့ ခြေလျော်မကျမိစေရန် လက်နှစ်ဖက်ကို အနည်းငယ် ကားလျက် ခန္ဓာကိုယ်ကို ဆပ်ကပ်ထဲတွင် ကြိုးတန်းလျှောက်ဘိသကဲ့သို့ ဘဲလန့်စ် ညှိကာ လျှောက်ရ၏။

အိတ်၊ ထမင်းချိုင့် စသည်တို့ ကိုင်လာလျှင်လည်း သင့်လျှော်စွ။ တစ်ဖက်စီကိုင်စွဲ၍ ဘဲလန့်စ် ညှိကာ သဲအိတ်မှာ သေးသောကြောင့် လည်းကောင်း၊ အခါများစွာ လျှောက်ဖန်များ၍ အနည်အနှစ်များတင်ကာ ချောနေ၍ လည်းကောင်း လမ်းလျှောက်ဖြတ်သည့်အခါ မြန်မြန်နှင့် ဟန်ချက်ညီညီ ခုန်ဆွခုန်ဆွ သွားကြရသည်မှာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်ပေတော့သည်ဟု အကောင်းဘက်က မြင်ဖို့ရှိလေသည်။

တခါတရံ သွားရောက်လည်ပတ်၍ စာဖတ်နေမိသည့်အခါ၊ ပြတင်းပေါက်ကို ကျောပေးနေမိသည့် အခါတို့၌ ကြိမ်ရေများစွာပင် “မိုးရွာပြီ”၊ “မိုးရွာပြီ”၊ “အဝတ်တွေရုတ်” ဟု မောင်ဘုန်းက သတိပေးမိ၏။ အမှန်မှာ အနှီ တဝေါဝေါ အသံသည် မိုးရွာသည့်အသံ မဟုတ်၊ ထိုအနည်အနှစ်များနှင့် အိုင်ထွန်းသော ရေတောထဲသို့ မျက်စိလည် လမ်းမှား၍ ရောက်လာတတ်သည့် တက္ကစီကားများ ဖြတ်မောင်းသွားခြင်းသာ ဖြစ်လေသည်။

မိုးအခါမှသာ ထိုသို့ သဘာဝတရားနှင့် ပြည့်စုံကြသည် မဟုတ်သေး။ နွေအခါ၌ သာယာပုံကိုလည်း ဖော်ပြရဦးမည်။ အနည်အနှစ်တို့သည် အမှုန်ဖြစ်သည့် ဖုန်သဘောသို့ ကူးပြောင်းကာ တထောင်းထောင်းနှင့် နှာခေါင်း ပိတ်ထားရသည်မှအပ သာမောဖွယ်ကောင်းသည်ဟု မြင်စရာသတည်း။ သိသာလွယ်သဖြင့် များစွာ အကျယ်မဆိုတော့ပြီ။

ယုဇနတ်မှာ ပဲခူးမြစ်နှင့် နီး၍လော၊ ရေထွက်စေရန် နက်နက်မတူး၍လော၊ ဘာလောကြောင့်မှန်း မသိ၊ ရေပိုက်ကကျသည့် သုံးရေမှာ ဝါတာတာရှိလျှက် အင်္ကျီအဖြူကို ထိုရေဖြင့် မှန်မှန်လျှော်ပေးပါက တစ်လအတွင်း အလိုလို အဝါရောင် တောက်သောဟူ၏။ ထိုရေကို ခပ်ယူသမျှသော ခွက်ပလုံးတို့သည် လည်းကောင်း၊ ရေချိုးခန်း တမံသလင်း၊ ခွက်ယောက် ဆေးသည့် ဘေစင်၊ အိမ်သာ ကမုခ်ခွက်တို့မှာ ဆိုင်ရာမူရင်း ကာလာတွင် အဝါရောင်အသီးသီး စွက်လျက်ရှိကြလေ၏။

ယုဇနတ် ဗင်းနစ်လမ်း၏ ထက်အောက်ဝန်းကျင်ကို ပေါ်လွင်အောင် ဖော်ပြပေးဦမည်။ သို့မှသာ ယုဇနတ်၏ အတ္ထရသသည် ပေါ်လွင်ပေအံ့။ ကေမိုးတို့ တိုက်ဘေးက တိုက်တွဲနှင့် မလှမ်းမကမ်း ဟိုမှာဒီမှာရှိသည် တိုက်တွဲတို့မှာ ဟောလိဝုဒ် ဓာတ်ရှင်မင်းသား ဝီလ်စမစ်သ် သရုပ်ဆောင်သည့် I am Legend ဇာတ်ကားထဲမှ တိုက်ပျက်ကြီးများ ရှုံးလောက်အောင် ယိုယွင်းပြိုပျက်လျက်ရှိ၏။ ပြောက်ကြိုပြောက်ကြား တစ်ခန်းတစ်လေ လူနေသည်လည်း ရှိ၏။

လူမနေသော တိုက်ခန်းတွဲကြီးများမှာ တံခါးများ တစ်ချပ်မျှ မရှိတော့ပေ။ ထိုအခန်းများထဲသို့ နေ့ဘက်တွင်ပင် မဝင်ဝံ့အောင် အမှိုက်များ၊ အကောင်ဘလောင်များ ခိုအောင်းနေကြသည့်တိုင် ကွန်ဒုံးအစွပ်များ၊ မွေ့ယာအစုတ်များ၊ ပုလင်းခွံများ တွေ့ရသည်ကိုထောက်၍ ဝင်လောက်သည့်အကြောင်း ခိုင်လုံအောင် သတ္တိကောင်းသူများ ရှိသည်ဟု သိအပ်၏။

တချို့တိုက်တွဲကြီးများကို “အော်ရီဒူး” ဟု အရပ်က ခေါ်ကြောင်း၊ “ဟောင်ကောင် ရပ်ကွက်” ဟု ပန်းချီဆရာ တွေက ခေါ်ကြောင်း ကနဦးတွင် ပြောခဲ့ပြီ။ အဆိုပါ တိုက်များကို ခွေး အကြင်လင်မယားများလား၊ ခွေး ဆွေမျိုးသားချင်းများလား၊ ခွေး အိမ်ရှင်နှင့် ခွေးအိမ်ငှားများလား မကွဲပြားသည့် ခွေးအရွယ်စုံတစ်စုတို့ အပိုင်စီးထားသဖြင့် ခြေသလုံးကို အားနာပြီးလျှင် ချက်ကို ဆေးထိုးမခံဝံ့သူ မှန်သမျှ အနီးသို့ မချဉ်းကပ်ဝံ့။

ဗင်းနစ်လမ်းကို အောင်မြင်စွာ ကျော်လွှားနိုင်ခြင်း အလို့ငှာ အထက်တွင် ပြောခဲ့သကဲ့သို့ ခုန်ဆွခုန်ဆွ မသွားမူ၍လည်း စက်ဘီးဖြင့် တရွှမ်းရွှမ်းမြည်အောင် ခပ်သုတ်သုတ် နင်းဖြတ်သွားကြကုန်၏။ တချို့လည်း ဆိုင်ကယ်ကိုမောင်း၊ ခြေနှစ်ချောင်းကို ဘေးသို့ ကားမြှောက်ကာ ကို့ယို့ကားယား စတိုင်ထွားလျက် စီးသွားကြကုန်၏။

သို့စင်လျက် ရေတောထဲသို့ တမင်တကာ လျှောက်ပြီး အနည်အနောက်တို့၏ အရသာကို မခံချင့်ခံချင်နှင့် ခံရသူများလည်း ရှိပေသေး၏။ တခြားသူများမဟုတ်၊ ဆိုခဲ့ပြီးသော အရောင်ပြောင်းစေသည့် သတ္တိရှိသည့် ရေပိုက်က လာပေထသော သုံးရေကို ချက်ပြုတ်ခြင်း၌ထည့်ပြီး အူဆေးဆိုးရန် မဖြစ်နိုင်သည့် အားလျော်စွာ ရေသန့်ကိုလည်း အလိုရှိအပ်သဖြင့် ထိုရေသန့်ကို လှည့်လည်ရောင်းသော ရေစည်သမား၊ အနုပညာသမားတို့၏ ခွက်ပုန်းများကို ဖော်ထုတ်ပေးသော ပုလင်းခွံ၊ ဗူးခွံဝယ်သည့် တွန်းလှည့်းသမား၊ အမှိုက် လှည့်လည် ကောက်ခြင်းကို အကြောင်းပြု၍ မြေညီထပ်များဝယ် လစ်လျှင် လစ်သလို သုတ်၊ မလစ်လျှင် သနားစဖွယ် တောင်းရမ်း အလှူခံလေ့ရှိသည့် ကလေးတစ်စုတို့တည်း။

ဤကဲ့သို့ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံလှသော အနှီ ယုဇနတ် ဗင်းနစ်လမ်း၏ တဖက်သော လမ်းထိပ် ရေမလွတ် တလွတ် ဧရိယာဝယ် ပန်းချီဆရာ သစ်နေ နေထိုင်၏။ သူသည် ယခင်က ကျောက်စီ ပန်းချီသမား ဖြစ်သော်လည်း ကေမိုး၏ အဆွယ်ကောင်းမှုကြောင့် ဝမ်းဗိုက်ကို ပိန်လိုက် ဖောင်းလိုက်ဖြစ်စေမည့် ဆေးရေး ပန်းချီဘက်သို့ သတ္တိကောင်းစွာ ပြောင်းလျက် ပန်းချီကားတွေကို ခပ်သွက်သွက် ရေးနေသူတည်း။

ကေမိုးနှင့် သစ်နေတို့ ကွန်းခိုရာ နှစ်နေရာကြားတွင် အလယ်နားတွင် ဂျင်မီ နေ၏။ ထို့ကြောင့် ထိုလမ်းသို့ အလည်သွားသည်ရှိသော် လမ်းထိပ်တွင် “သစ်နေရေ” ဟု အော်သံကိုကြားရပြီး လမ်းလယ်တွင် “ဂျင်မီရေ” ခေါ်သံကြားလျှင် ထိုခေါ်သွားသောသူမှာ ကေမိုးဖြစ်ကြောင်း သိနိုင်၏။

တခြားသော ဘလောက်ဝယ် မောင်ဘုန်းတို့က ကိုရှည်ကြီးဟု ခေါ်သော အညာသား ပန်းချီ ကျော်ဒွန်းသည် လည်းကောင်း၊ ပန်းချီကျော်ဒွန်း၏ ရှည်လျားစွာသော အရပ်နှင့် ဆန့်ကျင်ဘက် အရပ်အမောင်းရှိသော ပန်းချီကျော် ကိုတူးသည်လည်းကောင်း နေကြပေသေးသည်။

(“ယုဇနတ်၊ ကိုးစတူဒီယိုနှင့် အရောင်ရင့်သူများ” စာမူထဲမှ)

with Kay Moe Ko Nandar Bhone Myint Aungsi Naymyo Jimmy Thi Ha Konyeinaung Yuzana Art School

(ဓာတ်ပုံ – ViewScape)

Leave a comment

Filed under Art, Novel

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s