ယုဇနတ္ကာလ မတုိင္မီ အတိတ္ကုိ လွန္ျခင္း (၄)

ယုဇနတ္ကာလ မတုိင္မီ အတိတ္ကုိ လွန္ျခင္း (၄)

သင္ကာဘုန္းျမင့္

ၿမိဳ႕ႀကီးျပႀကီးျဖစ္၍ ၾကက္တြန္သံျဖင့္ မႏုိးမႈဘဲ ကားဟြန္းသံ၊ အင္ဂ်င္သံတို႔ျဖင့္ ႏိုးရေလသည္။ ဆရာဦးမုိးသည္ ေမွာင္ေနသည့္ သူ႔အခန္းထဲမွ ေဆးလိပ္တိုကို စမ္းတဝါးဝါးရွာလ်က္ ဝရံတာဘက္သို႔ ထြက္ခဲ့ၿပီ။ ဝရံတာ၌ ရပ္လ်က္ ရန္ကုန္ၿမိဳ႕၏ နံနက္ကို အက်ႌကၽြတ္ျဖင့္ ခံစားေနသည္။

တုိေသာေဆးလိပ္ ကုန္ေသာအခါမွ အခန္းတြင္းသို႔ ျဖည္းညွင္းစြာ ဝင္ေလလွ်င္ ေအာက္အနိမ့္မွ တက္လာသူကုိ အျမင့္ဘက္မွ လူက ရင္ဝသုိ႔ ဆီကန္သည့္ပမာ ဖင္ထိုက္လ်က္ မလဲ႐ံုတမယ္ျဖစ္လ်က္ လက္ရာေျမာက္လွစြာေသာ အ႐ူးခ်ီးပန္း ဗရမ္းဗတာ နံရံပန္းခ်ီကားခ်ပ္ႀကီးကုိ ေတြ႔ေလၿပီ။

တစ္ခုႏွင့္တစ္ခု ဆက္စပ္၍ အမွ်ဥ္တန္း ျဖစ္ေပၚတတ္သည့္ စိတ္၏ အဘိဓမၼာ သေဘာအရ ဦးမုိး၏ စိတ္သ႑ာန္ဝယ္ ေဆးအသစ္စက္စက္ သုတ္ထားသည့္ နံရံကို နဂိုမူလသေဘာသို႔ ေရာက္ရန္လိုျခင္း၊ ေအာက္ ၾကမ္းျပင္ေပၚတြင္လည္း ေဆးေတြ ဗရပြ ေပေနျခင္း၊ ယေန႔ ေန႔လည္တြင္ အခန္းရွင္လည္း ျဖစ္ေသာ က်ဴရွင္ေက်ာင္းပိုင္ရွင္ကို လာလည္ရန္ ခ်ိန္ဆုိထားမိျခင္း စသည္ စသည္တို႔သည္ မေနာကံတြင္ ျဖစ္ေပၚလာရာ ကာယကံအားျဖင့္ ေကမိုးႏွင့္ ေမာင္ဘုန္းတို႔ကုိ ေျခေထာက္ျဖင့္ကန္၍ ႏႈိးျခင္း၊ ဝစီကံအားျဖင့္ ေန႔လည္အခန္းပိုင္ရွင္ လာမစစ္မီ ေဆးျပန္သုတ္ၾကရန္ႏွင့္ ေဆးမ်ားကုန္သြားသျဖင့္ လက္ခံထားသည့္ ေဆးသုတ္အလုပ္အတြက္ ၿပီးမည္ မဟုတ္ေတာ့ေၾကာင္း တတြတ္တြတ္ ေရရြတ္ျမည္တမ္းျခင္းတို႔ကုိ တဆက္တည္း ျပဳလုပ္ေလေတာ့သတည္း။

ဤသည္ကား အႏုပညာသမားပီပီ ျဖစ္ခ်င္တုိင္းျဖစ္ခဲ့ေပၾကေသာ လူေပလူေတတို႔၏ မ်ားစြာေသာ ျဖစ္ရပ္တို႔အနက္မွ ဂႏၳဝင္ တစ္ကြက္တည္း။

(သင္ကာဘုန္းျမင့္၏ “ယုဇနတ္၊ ကိုးစတူဒီယိုႏွင့္ အေရာင္ရင့္သူမ်ား” စာမူထဲမွ)
With Nandar Bhone Myint Kay Moe Ko Aungsi Naymyo Jimmy Thi Ha Konyeinaung Hla

(ပန္းခ်ီ – Darlene Hassall)

-ယုဇနတ္ကာလ မတုိင္မီ အတိတ္ကုိ လွန္ျခင္း (၁)
https://bit.ly/2M4pVGw

-ယုဇနတ္ကာလ မတုိင္မီ အတိတ္ကုိ လွန္ျခင္း (၂)
https://bit.ly/2Y6I5tx

-ယုဇနတ္ကာလ မတုိင္မီ အတိတ္ကုိ လွန္ျခင္း (၃)
https://bit.ly/2y4PD5m

>>>>>>>>>>>>>>

ယုဇနတ်ကာလ မတိုင်မီ အတိတ်ကို လှန်ခြင်း (၄)

သင်ကာဘုန်းမြင့်

မြို့ကြီးပြကြီးဖြစ်၍ ကြက်တွန်သံဖြင့် မနိုးမှုဘဲ ကားဟွန်းသံ၊ အင်ဂျင်သံတို့ဖြင့် နိုးရလေသည်။ ဆရာဦးမိုးသည် မှောင်နေသည့် သူ့အခန်းထဲမှ ဆေးလိပ်တိုကို စမ်းတဝါးဝါးရှာလျက် ဝရံတာဘက်သို့ ထွက်ခဲ့ပြီ။ ဝရံတာ၌ ရပ်လျက် ရန်ကုန်မြို့၏ နံနက်ကို အင်္ကျီကျွတ်ဖြင့် ခံစားနေသည်။

တိုသောဆေးလိပ် ကုန်သောအခါမှ အခန်းတွင်းသို့ ဖြည်းညှင်းစွာ ဝင်လေလျှင် အောက်အနိမ့်မှ တက်လာသူကို အမြင့်ဘက်မှ လူက ရင်ဝသို့ ဆီကန်သည့်ပမာ ဖင်ထိုက်လျက် မလဲရုံတမယ်ဖြစ်လျက် လက်ရာမြောက်လှစွာသော အရူးချီးပန်း ဗရမ်းဗတာ နံရံပန်းချီကားချပ်ကြီးကို တွေ့လေပြီ။

တစ်ခုနှင့်တစ်ခု ဆက်စပ်၍ အမျှဉ်တန်း ဖြစ်ပေါ်တတ်သည့် စိတ်၏ အဘိဓမ္မာ သဘောအရ ဦးမိုး၏ စိတ်သဏ္ဍာန်ဝယ် ဆေးအသစ်စက်စက် သုတ်ထားသည့် နံရံကို နဂိုမူလသဘောသို့ ရောက်ရန်လိုခြင်း၊ အောက် ကြမ်းပြင်ပေါ်တွင်လည်း ဆေးတွေ ဗရပွ ပေနေခြင်း၊ ယနေ့ နေ့လည်တွင် အခန်းရှင်လည်း ဖြစ်သော ကျူရှင်ကျောင်းပိုင်ရှင်ကို လာလည်ရန် ချိန်ဆိုထားမိခြင်း စသည် စသည်တို့သည် မနောကံတွင် ဖြစ်ပေါ်လာရာ ကာယကံအားဖြင့် ကေမိုးနှင့် မောင်ဘုန်းတို့ကို ခြေထောက်ဖြင့်ကန်၍ နှိုးခြင်း၊ ဝစီကံအားဖြင့် နေ့လည်အခန်းပိုင်ရှင် လာမစစ်မီ ဆေးပြန်သုတ်ကြရန်နှင့် ဆေးများကုန်သွားသဖြင့် လက်ခံထားသည့် ဆေးသုတ်အလုပ်အတွက် ပြီးမည် မဟုတ်တော့ကြောင်း တတွတ်တွတ် ရေရွတ်မြည်တမ်းခြင်းတို့ကို တဆက်တည်း ပြုလုပ်လေတော့သတည်း။

ဤသည်ကား အနုပညာသမားပီပီ ဖြစ်ချင်တိုင်းဖြစ်ခဲ့ပေကြသော လူပေလူတေတို့၏ များစွာသော ဖြစ်ရပ်တို့အနက်မှ ဂန္ထဝင် တစ်ကွက်တည်း။

(သင်ကာဘုန်းမြင့်၏ “ယုဇနတ်၊ ကိုးစတူဒီယိုနှင့် အရောင်ရင့်သူများ” စာမူထဲမှ)
With Nandar Bhone Myint Kay Moe Ko Aungsi Naymyo Jimmy Thi Ha Konyeinaung Hla

(ပန်းချီ – Darlene Hassall)

-ယုဇနတ်ကာလ မတိုင်မီ အတိတ်ကို လှန်ခြင်း (၁)
https://bit.ly/2M4pVGw

-ယုဇနတ်ကာလ မတိုင်မီ အတိတ်ကို လှန်ခြင်း (၂)
https://bit.ly/2Y6I5tx

-ယုဇနတ်ကာလ မတိုင်မီ အတိတ်ကို လှန်ခြင်း (၃)
https://bit.ly/2y4PD5m

Leave a comment

Filed under Art, Novel

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s