ဧးၿငိမ္းမိုး ေျပာတဲ့ ေက်ာ္သာဒြန္း

ငွက္ဆိုးထိုးသံ မၾကားရဘဲ
တစ္ဖက္ကမ္းကို အရင္ကူးသြားခဲ့တယ္ …

ခင္ဗ်ားရဲ႕ ဘယ္ဘက္ရင္အံုကို
က်ဳပ္ လက္တစ္စံုနဲ႔ ပုတ္ႏိုးခဲ့ေပမယ့္
ခင္ဗ်ား အိပ္ယာက မႏိုးထႏိုင္ေတာ့ဘူး …

မီးသၿဂိ ၤဳဟ္ေရွ႕ကို
ခင္ဗ်ား ႐ုပ္ကလာပ္ႀကီး အေရာက္
ဥၾသဆြဲသံ ကားဟြန္းသံေတြ
ဆူညံပြက္ေလာ႐ိုက္သြားတယ္ …။

ခင္ဗ်ားကို က်ဳပ္ေျပာခဲ့ဖူးတယ္
ေရွ႕အခန္း ဆက္ ကဖို႔အတြက္
လိုက္ကာေတြ ခ်လိုက္ပါလို႔ေလ …။

အခုေတာ့ဗ်ာ
ပတ္စာခြာ ဖ်ာသိမ္းၿပီး
ခင္ဗ်ားက ပြဲၿပီး မီးေသ လုပ္ရက္တယ္ ….။

“ဧးၿငိမ္းမိုး Ko Hla Moe”

 

>>>>>>>>>>>>

ငှက်ဆိုးထိုးသံ မကြားရဘဲ
တစ်ဖက်ကမ်းကို အရင်ကူးသွားခဲ့တယ် …

ခင်ဗျားရဲ့ ဘယ်ဘက်ရင်အုံကို
ကျုပ် လက်တစ်စုံနဲ့ ပုတ်နိုးခဲ့ပေမယ့်
ခင်ဗျား အိပ်ယာက မနိုးထနိုင်တော့ဘူး …

မီးသဂြိ ၤုဟ်ရှေ့ကို
ခင်ဗျား ရုပ်ကလာပ်ကြီး အရောက်
ဥသြဆွဲသံ ကားဟွန်းသံတွေ
ဆူညံပွက်လောရိုက်သွားတယ် …။

ခင်ဗျားကို ကျုပ်ပြောခဲ့ဖူးတယ်
ရှေ့အခန်း ဆက် ကဖို့အတွက်
လိုက်ကာတွေ ချလိုက်ပါလို့လေ …။

အခုတော့ဗျာ
ပတ်စာခွာ ဖျာသိမ်းပြီး
ခင်ဗျားက ပွဲပြီး မီးသေ လုပ်ရက်တယ် ….။

“ဧးငြိမ်းမိုး Ko Hla Moe”

Leave a comment

Filed under Art, Obituary, Poem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s