“ဂျင်း” ထောက်ခံပွဲနဲ့ “အမှန်အကန်” ထောက်ခံပွဲ

ဟိုတစ်ပတ်တုန်းက Line Walker 2 မရိုက်ခင် “ဖွဲ့စည်းပုံ မပြင်ရေး လူထု ထောက်ခံပွဲ” ဟုဆိုသော ပွဲတစ်ပွဲ လုပ်သွားတယ်။

လမ်းကြုံလို့ ဝင်ကြည့်တော့ လိုက်ထရပ်တွေနဲ့ လူတွေ ခေါ်ချလာတာ တချို့တွေ ကားပေါ်က မဆင်းဘဲ ငိုက်နေကြတယ်။ ကားထဲ လှဲအိပ်တဲ့သူက အိပ်။ အားလုံးမှာ စားစရာ တစ်ဗူးနဲ့ ရေသန့် တစ်ဗူး ပါတယ်။ အင်္ကျီအဖြူတွေ အပေါ်က ထပ်ဝတ်လာပြီး ပူတော့ ချွတ်ထားကြတယ်။

လူပြည့်အောင် ထိုင်ပြီး ရှေ့က ဟောတဲ့သူ နှပ်ကြောင်းပေးတဲ့အတိုင်း လိုက်အော်ရတယ်၊ ဖြေရတယ်။ တချို့က စိတ်မဝင်စားဘူး၊ ပန်းခြံထဲမှာ စားစရာဗူး တွယ်နေတယ်၊ တချို့က ခပ်လှမ်းလှမ်းက ပန်းခြံတွင်း ဓာတ်ပုံပြပွဲ လျှောက်ကြည့်နေတယ်။ တချို့ကလည်း မိသားစုဝင်တွေ ထင်ပါ့ … ဟဲ့ … နားထောင်ထားဦး၊ ပွဲပြီးလို့ ကားထွက်သွားဦးမယ် တဲ့။

တချို့ကလည်း သေချာမှာထားပုံ ရပေမယ့် ကြံ့ဖွံ့ဝတ်စုံတွေ ဝတ်လာတယ်။ ဟိုဘွတ်လက်ကြီးကလည်း သူ့ကိုယ်သူ ဆယ်လီမှတ်နေလား မသိဘူး၊ လူတကာ လိုက်ရယ်ပြနေတယ်။

ပွဲက အမြီးအမောက် မတည့်ဘူး။ ဟောတဲ့လူကတော့ အာရွှင်တယ်။ သူက အပိတ်အနေနဲ့ ရှေ့က တိုင်ပေးပြီး လက်ခုပ်သံကို နားအရသာခံနေတုန်း အခမ်းအနားမှူး အမျိုးသမီးက ထတဲ့ပြီး “ဟောပြောပေးပါသော …” ဆိုပြီး ကျေးဇူးတင်မလို့ စလိုက်တုန်း ဟောတဲ့လူက “ဟေ့ … မပြီးသေးဘူး၊ မပြီးသေးဘူး …” ဆိုပြီး မိုက်ကြီးနဲ့ လှမ်းငေါက်လိုက်တော့ ရယ်လိုက်ရတာ …

“ဂျင်း” ထောက်ခံပွဲနဲ့ “အမှန်အကန်” ထောက်ခံပွဲ ကွာပုံများ ပြောပါတယ် …

Advertisements

Leave a comment

Filed under Politics

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s