၂၀၁၉

၂၀၁၉

-ထူးထူးခြားခြား ညီမငယ် Kay Zon Nway က သတင်းထောက်၊ အယ်ဒီတာနဲ့ ပရော်ဖက်ရှင်နယ် ခြားနားချက်ကို ရေးပါဟု တောင်းဆိုသည်။ အလျဉ်းသင့်ရင် ရေးပါမယ်ဟုသာ အာမဘန္တေ ခံထားလိုက်ရသည်။

-ကျနော့် နှစ်ဖက် အဘွား၊ အမေ၊ အဖေ တို့ အသက်ရှည်သည်။ သို့သော် ကျနော် သူတို့လို အသက်ရှည်မည်ဟု မထင်တာက ပြဿနာ။

-ထို့ကြောင့် ဒီနှစ်ထဲ ရေးလက်စတွေ ဖြတ်မည်။

-၂၀၁၉ တွင် ကိုယ်မြင်တာ၊ ကိုယ်ယူဆတာကို ဒဲ့ရေးမည်ဟု ဆုံးဖြတ်သည်။ အနာပေါ် တုတ်ကျလည်း ဖြစ်ချင်ဖြစ်မည်။ အခင်အမင်လည်း ပျက်ချင် ပျက်မည်။ ပိတ်ဆို့ (block) ချင်လည်း လုပ်ကြပါ။

-သူများကို ပိုးစိုးပက်စက်တွေ ပြောမည်ဖြစ်သော်လည်း ကိုယ့်ကို ပြောသောအခါ လက်ခံချင်သည်ကို လက်ခံမည်၊ လက်မခံချင်သောအခါ ပိတ်ဆို့မည်။ (အတ္တ၊ မာန)

-မြန်မာ့နိုင်ငံရေးကို လမ်းပိတ်နေသည် (Deadlock) ဟု NLD အစိုးရ မတိုင်ခင်က ပြောခဲ့ကြသည်။ အခုလည်း ဆက်ပြီး လမ်းပိတ်နေပြန်ပြီ။ ရှေ့ဖြစ်ကို မဟောတတ်အောင် ရှိသည်။

-ဂျာမန် ဝန်ကြီး တပါးက “ပြဿနာများ၏ မိခင်မှာ ရွှေ့ပြောင်းဝင်ရောက်မှုဖြစ်သည်” ဟု ပြောသည်။ ကျနော်တို့ ကမ္ဘာ့အခြေအနေကို မျက်ခြေ မပြတ်သင့်။ (အမေရိကန်-မက္ကဆီကို နယ်စပ်၊ သြစတြေးလျရဲ့ ကျွန်းတင်စနစ်၊ ဗြိတိန် ခွဲထွက်လိုမှုနဲ့ တူရကီအပေါ် ဂျာမန်လို နိုင်ငံတွေက အမြင် မကြည်မှု)

-ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး၊ ဖြစ်ရင်ခံ ဆိုတာ စစ်အစိုးရလက်ထက်ကနေ အခုထိ ရှိနေဆဲဆိုတာ မမေ့သင့်။

-သေချင်တဲ့အချိန် သေချင်သလို သေမယ်၊ ကြိုက်တာလုပ်။

၂၀၁၉ မှာ မှုန်ဝါးနေသူ
သင်ကာ

Leave a comment

Filed under Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s