“ဒေါက်တာ၊ ဒေါက်တား၊ ဒေါက်တက်စ် (၁)”

“ဒေါက်တာ၊ ဒေါက်တား၊ ဒေါက်တက်စ် (၁)”

အခု ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌ (ဒေါက်တာ) ဝင်းသိမ်းရဲ့ ဒေါက်တာဘွဲ့ဟာ သက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်းတွေက အသိအမှတ်မပြုတဲ့ ကျောင်းက စီးပွားဖြစ် ပေးထားတဲ့ ဘွဲ့ကြီးဆိုပြီး ပြောနေကြတာ တွေ့ရတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကတော့ သူအွန်လိုင်းက ရထားတဲ့ ဒေါက်တာဘွဲ့က အတုမှန်း မသိခဲ့ဘူးလို့ ဝန်ခံပြီး အင်္ဂလိပ်လို ရေးတဲ့ သတင်းတွေမှာ bogus doctor အတပ်ခံခဲ့ရကာ နောက်ဆုံး ရာထူးကပါ ထွက်သွားရတယ်။ တလောကလည်း မယ်ပိုး #Poe Phyu Thant က ထိပ်ဆုံးမှာ တွေ့မယ်ပြောပြောနေတဲ့လူ တပ်လိုက်၊ မတပ်လိုက် လုပ်နေတဲ့ ဒေါက်တာဘွဲ့ တကယ် အသိအမှတ်ပြုခံရတဲ့ တက္ကသိုလ်က ဟုတ်လို့လားလို့ မေးထားတာ ဖတ်လိုက်ရတယ်။

အခုပြောချင်တာက လူပုဂ္ဂိုလ် ဆိုင်ရာ မဟုတ်ပါဘူး။ သက်ကြီးဝါကြီး ဆရာတော်ကြီးတွေ အပါအဝင် ရဟန်းတော်တွေ ရနေတဲ့ “ဒေါက်တာ” ဘွဲ့တွေကို နည်းနည်း ပြောချင်ပါတယ်။

ကျနော် သိသလောက်ပဲ ဆွေးနွေးသွားပါမယ်။

(၁) ပါရဂူ ဒေါက်တာဘွဲ့ရ ပညာရှင် ဆရာတော်တွေ

မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ် တည်ထောင်ပြီး ဒီပလိုမာ၊ BA, MA, Ph.D တန်းတွေ မဖွင့်ခင် အစိုးရဓမ္မာစရိယ တက္ကသိုလ်တွေက မဟာဓမ္မာစရိယဘွဲ့အဖြစ် MA တန်းတွေ အထိပဲ အရင်က ဖွင့်နိုင်၊ တက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် သီတဂူ တက္ကသိုလ်ခွဲတွေ၊ အရှင် ဆန္ဒာဓိက ထောင်တဲ့ ဗုဒ္ဓတက္ကသိုလ်၊ အောက်စဖို့ဒ် ဆရာတော် ထောင်တဲ့ တက္ကသိုလ် စသဖြင့် အများကြီး ရှိလာပါပြီ။

လိုရင်းပြောရရင် အရင်က MA, Ph.D တွေ တက်ချင်တဲ့ မြန်မာ ရဟန်းတော်များဟာ သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း၊ ဒီ့ထက် ငွေအား၊ ဥာဏ်အား စွမ်းနိုင်ရင် အင်္ဂလန်နဲ့ အမေရိကန် အထိတောင် သွားပြီး သင်ကြားလေ့လာရပါတယ်။

အခု ပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသဟာ သီရိလင်္ကာရှိ ကေလာနိယ တက္ကသိုလ်ကနေ MA နဲ့ Ph.D ရလာခဲ့တာပါ။ အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိကတော့ အများသိကြတဲ့အတိုင်း အောက်စဖို့ဒ်ကနေ D.Litt ရလာပါတယ်။ ဒီလို ကြိုးစားလေ့လာပြီး MA ဘွဲ့၊ Ph.D ဘွဲ့တွေ ရလာတဲ့ ဆရာတော် ကြီးငယ်တွေ ရှိပါတယ်။

တချို့လည်း သင်ကြားရေးဘက်တွေမှာ တာဝန်ယူပြီး တချို့လည်း ဟောပြောရေးဘက်ပါ တွဲလုပ်ပါတယ်။

(ဆက်ရေးပါဦးမယ်)

သင်ကာ

Leave a comment

Filed under Education, Religion

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s