“ဒေါက်တာ၊ ဒေါက်တား၊ ဒေါက်တက်စ် (၂)”

(၂) ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရ ဆရာတော်တွေ

နောက်တစ်မျိုးခွဲရရင် ဂုဏ်ထူးဆောင်ဘွဲ့ ဆက်ကပ်ခံရတဲ့ ဆရာတော်တွေပါ။ ရန်ကုန်တက္ကသိုလ်၊ ထိုင်းရှိ တက္ကသိုလ်ကြီးတွေ၊ အသိအမှတ်ပြု ဗုဒ္ဓတက္ကသိုလ်တွေက ဆက်ကပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိတဲ့ ဆရာတော်တွေ ဖြစ်ပါတယ်။

ဒီနှစ်ထဲ ထူးထူးခြားခြား တစ်ခုသတိပြုမိတာက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) က ဆရာတော်ကြီး တစ်ပါးကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဆက်ကပ်တာပါ။ မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သဒ္ဓိယကို ဆက်ကပ်တာ ဖြစ်ပါတယ်။

ဒီမှာတော့ အားလုံးလိုလိုပဲ ဂုဏ်ထူးဆောင်ဘွဲ့ကို အမှီပြုပြီး “ဒေါက်တာ” တပ်ကြပါတယ်။ သီတဂူဆရာတော်ကို ရန်ကုန်တက္ကသိုလ်၊ ထိုင်း၊ အိန္ဒိယနဲ့ ကမ္ဘောဒီယားက တက္ကသိုလ်တွေက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဆက်ကပ်ထားပါတယ်။

ဒီလို ဂုဏ်ထူးဆောင် ဒေါက်တာ ဆရာတော်များအတွက်က သူတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအရ ပေးကြတာဖြစ်လို့ ပြောစရာ မရှိပါ။ အဂ္ဂမဟာပဏ္ဍိတ စတဲ့ ဘွဲ့တံဆိပ်လိုမျိုးပဲ သဘောပြုပြီး ဘွဲ့အမည်ရှေ့မှာ ဒေါက်တာ တပ်တယ်လို့ပဲ ယူဆပါတယ်။

နိုင်ငံတော်တော် များများမှာတော့ လူပုဂ္ဂိုလ်တွေက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရလို့ ဆိုပြီး ရှေ့က ဒေါက်တာ တပ်လေ့ မရှိတာ တွေ့ရပါတယ်။ တစ်ကြိမ်မှာတော့ ဂျာမနီက သူတို့ ဘာသာရပ်ဆိုင်ရာမှာ ထင်ရှားတဲ့ ပါမောက္ခတစ်ဦးဟာ ဒေါက်တာဘွဲ့ နှစ်ထပ်ရလို့ “Dr. Dr. xxxxx” ဆိုပြီး နှစ်ကျော့ပြန် တပ်ထားတာ ထူးထူးဆန်းဆန်း တွေ့ဖူးပါတယ်။

(ဆက်ရေးပါဦးမယ်)
သင်ကာ

Leave a comment

Filed under Education, Religion

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s