“ပိုအမ်”

42284239_12335795153358290944_n

ဘဝ ဆယ်စုနှစ် လေးခုမှာ
စပ်မိတဲ့ အနာလည်းရှိ
ထမိတဲ့ ရောဂါဟောင်းလည်းရှိ
ခေါင်းထဲမှာ ဟောင်းလောင်း မဟုတ်သလို
ရင်ဘတ်ကလည်း ထင်မှတ်စရာကြီး ဖြစ်လို့ …။

ဂရန်း ဝီစကီ၊ အမြည်းနဲ့
အရမ်းမြည်တွန် တောက်တီးတာလည်း ရှိတယ် …
(တို့ အချင်းချင်း အခေါ်) ဘော့မာလေနဲ့
ပေါ့သွားတာတွေလည်း ရှိတယ် …
အနှစ် လေးဆယ်ကို ရေးဆိုတော့
စကားလုံးတွေက ပစ်ပြေးသွားတယ် …။

အသာအယာ ဘေးနားမှာရှိတဲ့ ချစ်သူက
ငါဘာတွေးသလဲဆိုတာ သိသွားရင်
သူ့ဆံပင်တွေ အခုထက် ဖွေးကုန်မယ် …
ဒါပေမယ့် ယုံပါ
အနာတွေနဲ့ ကုန်သည် မဟုတ်
ကဗျာတွေနဲ့ ပုံဖျောက်
ရှာဖွေမယ့် လူတစ်ယောက် …။

ဇာတိနဲ့ ဇရာ မလာခင်
ဗျာတိနဲ့ မရဏ ရောက်တဲ့ခေတ် …
အဲဒါ …
ငါကြည့်မိတဲ့ ရုပ်ရှင် ဖြစ်နေတယ် …။

သင်ကာ
(တစ်ခုသော မနက်၊ ၂၂ စက်တင်ဘာ ၂၀၁၈)

Advertisements

Leave a comment

Filed under Art, Poem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s