Martial Arts of Danu

ရိုးရာမပျက် ဓနုခြေလက် ဓားသိုင်းကွက်

ဥာကောင်းဆက်၊ ဓာတ်ပုံ-ဌေးအောင်/ကြေးမုံသတင်းစာ၊ မေ ၅၊ ၂၀၁၈

တိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုအကများရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ဟိုခိုကျေးရွာမှ ဓနုတိုင်းရင်းသား များတွင်လည်း အကနှင့်သိုင်း တွဲဖက်တင်ဆက်သည့် အနုပညာတစ်ရပ်ရှိရာ ပွဲလမ်းသဘင်အခမ်းအနားများတွင် ကပြတင်ဆက်လေ့ရှိကြသည်။

”ဓနုရိုးရာသိုင်းနှင့် ဓနုအကဟာ ခွဲလို့မရအောင် ဒွန်တွဲနေပါတယ်၊ အကရဲ့ လှုပ်ရှားမှုတိုင်းက ကကြိုးတိုင်းဟာ သိုင်းပညာရဲ့ အခြေခံသဘောတရား တွေဖြစ်တဲ့ ခြေပူးတက်၊ ပူးခွဲ၊ ဆုတ်နှင့် လက်အမူအရာတွေကို အကနဲ့ ပေါင်းစပ်ပြီး တွေ့မြင်ကြရမှာဖြစ်ပါတယ်၊ နေ့ကြီးရက်ကြီး၊ အခါကြီးရက်ကြီး များမှာ ကပြဖျော်ဖြေလေ့ရှိပါတယ်”ဟု ဓနုတိုင်းရင်းသူတစ်ဦးက ပြောသည်။

 

ရိုးရာအက၏ အတက်၊ အခွဲ၊ ချွန်းတက်၊ ရို့တက် လက်အမူအရာနှင့် ရိုးသားလှသော ဓနုတိုင်းရင်းသားများ၏ စိုက်ပျိုးရေးကိုအခြေခံကာ လက်ဖက်ခူး၊ ကြံခုတ်၊ စပါးစိုက်၊ နေထိုင်စားသောက်ပုံနှင့် ၁၉၇၄ ခုနှစ် ကတည်းက တိမ်မြုပ်ပျောက်ကွယ်ခဲ့သော ဓနုပန်းဖွားအက ကြိုးထက်မှာ ပန်းဖွားအစား မီးနှင့် ရိုးရာဓားသိုင်းအတိုက်အခိုက် အကကို ပြန်လည်ဖော် ထုတ်ကာ ကကြိုးကကွက်နှင့်အတူ ပတ္တမြားအရောင်အသွေး ဓနုမောင်မယ်များ ၏ ကျေးလက်တေးသံသာနှင့်အတူ သရုပ်ဖော်ကာ ဘိုးဘွားစဉ်ဆက်ထိန်းသိမ်း ခဲ့သော ရိုးရာအကဖြစ်ကြောင်း သိရသည်။

ဓနုတိုင်းရင်းသားတို့တွင် ရှေးရိုးစဉ်လာ လက်သိုင်း၊ လှံသိုင်း၊ ကြိုးသိုင်း နှင့် ဓားသိုင်းဟူ၍ ရှိသည်။ ဓနုရိုးရာ ရာသီပွဲတော်များအနက် နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့မှ ကဆုန်လပြည့်နေ့အထိ ရွာစဉ်တိုင်းတွင် အတာတက်ပွဲများကို ကျင်းပလေ့ရှိသည်။ ထိုအတာတက်ပွဲကို တစ်ရွာပြီးတစ်ရွာ ရွာစဉ်ဆက်ပြီး ကျင်းပကြသည်။ ထိုအတာတက်ပွဲများတွင် ဆရာသမားများထံမှ ဓားသိုင်းကွက် ကို လူငယ်များက အမွေဆက်ခံယူကြကြောင်း သိရသည်။ ။

Leave a comment

Filed under Anthropology, Ethnic Minority, Research, Shan

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s