Kayah (Karenni): Naming System


ကယားလူမျိုးတို့၏ ကင်ပွန်းတပ်အမည်ပေးခြင်းနှင့်အမွေဆက်ခံခြင်း ဓလေ့ထုံးစံများ

ရာမည ၊ ဓာတ်ပုံ – ခွန်းဆက်နေ/ကြေးမုံသတင်းစာ၊ မေ ၅၊ ၂၀၁၈

ကင်ပွန်းတပ်အမည်ပေးခြင်း

ကယားကလေးငယ်များကို ပြုစုစောင့် ရှောက်သည့်အခါတွင်လည်း ရိုးရာဓလေ့ထုံးစံ အရ ထိန်းသိမ်းစောင့်ရှောက်ကြသည်။ မွေးကင်းစကလေးငယ်ကို အမည်ပေးသော အခါ နှီးကိုချိုး၍လည်းကောင်း၊ ကြက်ရိုး ထိုးကြည့်၍လည်းကောင်း အမည်ပေးလေ့ ရှိကြသည်။ ကလေးကိုအမည်ပေးပြီးနောက် မကြာခဏဖျားနာလျှင် သို့တည်းမဟုတ် စိတ်ကောက်၍ ငိုတတ်လျှင် အမည်သစ် တစ်ခုကို ထပ်မံပြောင်းလဲပေးလေ့ရှိကြသည်။ ထို့ကြောင့် အချို့သော ကယားကလေးငယ်များ တွင် အမည်နာမ လေး၊ ငါးမျိုးခန့်ရှိနေတတ် ကြသည်။

ကယားအမျိုးသမီးများ မီးထွက်ချိန်၌ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကလေး ကို အမည်ပေးရန်ရည်ရွယ်၍ ကြက်ကလေး သို့မဟုတ် ကြက်ငယ်တစ်ကောင်ကို ရိုးရာ ဓလေ့ထုံးစံအရ ကြက်ရိုးထိုးလေ့ရှိကြသည်။ ကယားဘာသာစကားဖြင့် ရှေးလော့ ခေါ် ကြက်သွေးချိုးရန်အတွက် ကြက်တစ်ကောင် ၏ လည်ပင်းသွေးကိုယူ၍ ကလေးမိခင်၏ နောက်ကျောနှင့် နဖူးတို့ကို သုတ်လိမ်းပေးရ ပြီး ယင်းကြက်၏အသားကို မီးနေသည် စားရန်အတွက် ထားရှိရသည်။ ရှေးရိုးအခေါ် ကင်ပွန်းရည်သဘောမျိုးအနေဖြင့် အသုံးပြု သော ကြက်သွေးကို ခွက်တစ်လုံးဖြင့် ခံယူ ထားရသည်။ များသောအားဖြင့် ¤င်းသွေးကို ဝါးခြမ်းခွက်ဖြင့် ထားလေ့ရှိကြသည်။

ဝါးချည်ကြိုးများတွင် ပုတီးလုံးတစ်လုံးစီ ထိပ်တွင်ချည်၍ ထိုကြိုးတစ်ချောင်းစီကို ကြက်သွေးခွက်ထဲတွင်နှစ်ထားပြီး မီးနေသည် လာမေးသူတို့၏လက်ကို ချည်ပေးလေ့ရှိကြ သည်။ မီးနေသည်လာမေးသူ ဧည့်သည်တို့ ကလည်း အပြန်တွင် အိမ်ရှင်၏ဝင်းထရံ တစ်နေရာ၌ ထိုကြိုးကိုပြန်ချိတ်ခဲ့ပြီး နှုတ်မှ လည်း အိမ်ရှင်တို့ ဘေးအန္တရာယ်ကင်းရှင်း ပါစေဟု ဆုတောင်းကြရသည်။

ကြက်သွေးသုံးခြင်းမှာ ကင်ပွန်းရည် သဘောမျိုးပင်ဖြစ်ခြင်းကြောင့် ကင်ပွန်းရည် ကို အသုံးပြုခြင်းမရှိကြချေ။ အဆိုပါကြက်၏အသားကို သားသမီးများမမွေးဖွားနိုင်တော့သည့် အဘွားကြီးများသာ စားသုံးခွင့်ရှိပြီး လူငယ်နှင့် အခြားသူများ စားသုံးခွင့်မရှိကြ ပေ။ သို့သော်ငြား ယနေ့ကာလတွင် ထိုသို့ ကြက်သွေးသုံးစွဲသူများ အလွန်နည်းပါးသွားပြီ ဖြစ်ကြောင်း သိရသည်။

တစ်အိမ်သားလုံး မင်္ဂလာရှိစေရန်အတွက် ရှေးပယ်ခေါ်ကြက်ကိုချက်၍ တစ်အိမ်သားလုံး စားသုံးနိုင်ကြပြီး အခြားသူများကိုလည်း ကျွေးမွေးနိုင်သည်။ သို့သော် ရှေးမိခေါ် ကြက်ကိုမူ မွေးကင်းစကလေးများအမည်ပေး ရန်အတွက်သာ အသုံးပြုကြသည်။ ယင်း ကြက်သားကို ကျပ်ခိုးစင်ပေါ်တွင်တင်ထား ရပြီး အဆိုပါကျပ်ခိုးစင် မပျက်စီးသရွေ့ ကြက်သားကို မပစ်ရချေ။ ခွေးများ၊ ကြောင် များကိုလည်း ကျွေးမွေးခြင်းမပြုရသလို ယင်း အသားကို အိမ်သားများစားမိပါကလည်း လာဘ်တိတ်တတ်သည်ဟု အယူရှိကြသည်။

ထို့ပြင် ယင်းကြက်သားကို ကလေး၏နာမည်နှင့် ထပ်တူထပ်မျှဖြစ်သူများသာ စားသုံးနိုင်ပြီး အခြားသူများ စားသုံးခွင့်မရှိ ပေ။ ကလေးကိုနာမည်ပေးရာတွင် လူကြီး တစ်ဦးဦး၏ အမည်ကိုယူ၍ အမည်ပေးလေ့ ရှိကြသည်။ ထိုသို့အမည်ပေးခံရသော လူကြီး သည် ရှေးမိကြက်သားကို စားသုံးနိုင်သည်။ ကြက်လေးကောင်ကိုသတ်၍ ထိုသို့ပြုလုပ် ခြင်းမှာ ပူဇော်ပသတင်မြှောက်သည့် သဘောမျိုးမဟုတ်သော်လည်း အန္တရာယ်ကင်း စေရန် ကြက်ရိုးထိုးပြီး ကျွေးမွေးပွဲတစ်မျိုးပင် ဖြစ်၍ ယင်းဓလေ့မှာ ကယားတိုင်းရင်းသား တို့၏ ယုံကြည်မှုတစ်ရပ်ပင်ဖြစ်သည်ဆို၏။

အမွေဆက်ခံခြင်း

ကယားတိုင်းရင်းသားတို့သည် အမွေ ဆက်ခံခြင်းနှင့်ပတ်သက်၍ သေတမ်းစာ ရေးသားလေ့မရှိကြချေ။ သို့ရာတွင် ¤င်းတို့ ၏ ဓလေ့ထုံးစံအရ အမွေခွဲဝေရာတွင် သားသမီးအထွေးဆုံးက အမွေကိုပိုမိုရရှိပြီး ကျန်သားသမီးများက ညီတူညီမျှ ခွဲဝေယူကြ ရသည်။ အထွေးဆုံးသားသမီးများသည် လက်ထပ်ထိမ်းမြားပြီးသော်လည်း မိဘနှင့်ပင် တစ်သက်လုံးနေထိုင်၍ မိဘများကို ဂရုစိုက် ပြုစုကြပြီး အိမ်ခွဲနေလေ့မရှိကြချေ။ ထို့ကြောင့် အထွေးဆုံးသားသမီးများသည် အမွေပစ္စည်း ဝေစုအပြင် မိမိတို့နေထိုင်သည့် အိမ်ကိုပါ အမွေရရှိကြသည်။

အမွေခွဲဝေသည့်အခါတွင် ရပ်ရွာလူကြီး များက ဦးစီး၍ ခွဲဝေပေးကြသည်။ ထို့အတူ ပယဲတိုင်းရင်းသားနှင့် ယင်းခေတ် တိုင်းရင်း သားတို့၏ ဓလေ့ထုံးစံအရ သားအထွေးဆုံးက အမွေကိုပိုမိုရရှိကြသည်။ မနုမနော တိုင်းရင်း သားတို့၏ အမွေခွဲဝေမှုတွင် မိဘနှင့်အတူ နေသူက မိဘများကွယ်လွန်သည့်အခါ မိဘ များနေထိုင်သောအိမ်ကို ပိုင်ဆိုင်ခွင့်ရရှိကြ သည်။ ထို့ကြောင့် အမွေခွဲဝေရာ၌ အခြား သားများထက် သားအငယ်ဆုံးက ပိုမိုရရှိ သည်ဟု ဆိုနိုင်သည်။

အိမ်ထောင်ခွဲသားသမီးများသည် အိမ်ခွဲ နေသော်လည်း မိဘများကို အကူအညီ ပေးလေ့ရှိကြသည်။ သားသမီးမြေးမြစ်တို့က ၎င်းတို့၏အိမ်မှာပင် အဘိုးအို၊ အဘွားအို များကို ဂရုစိုက်ကျွေးမွေးပြီး လုပ်ငန်း ဆောင်တာများနှင့်ပတ်သက်သော ကိစ္စရပ် များကို တိုင်ပင်နှီးနှော အကြံဥာဏ်တောင်းခံ လေ့ရှိကြသည်။ အိမ်ထောင်မရှိသော ဦးကြီး၊ အရီးကြီး အစရှိသည်တို့ကိုလည်း ¤င်းတို့ အိမ်ပေါ်တွင် ခေါ်ထားလေ့ရှိကြသည်။

အိမ်ထောင်ဖက်ရွေးချယ်ရာတွင် မိဘ သဘောတူသူကိုသာ များသောအားဖြင့် ရွေးချယ်လေ့ရှိကြသည်။ သွေးသားအလွန် နီးစပ်သူအချင်းချင်း ယူရိုးထုံးစံမရှိကြချေ။ မောင်နှမဝမ်းကွဲ၊ ဦးလေးနှင့်တူမ၊ အဒေါ်နှင့် တူတို့သည် ကယားတိုင်းရင်းသားတို့၏ ဓလေ့ ထုံးစံအရ လက်ထပ်ပိုင်ခွင့်မရှိကြချေ။

Leave a comment

Filed under Anthropology, Ethnic Minority, Kayah, Research

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s