အင်သား (Innthar)


အင်းသားလူမျိုးစုများအကြောင်း

ဥာဏ်ကောင်းဆက် / ဓာတ်ပုံ-ဌေးအောင် / ကြေးမုံသတင်းစာ၊ ဧပြီ ၂၁၊ ၂၀၁၈

လှေကို လက်ဖြင့်မလှော်ဘဲ ခြေဖြင့်လှော် သည့် ယဉ်ကျေးမှုတစ်ရပ်ကြောင့် အင်းသား လူမျိုးစုများကို လူသိများကြသည်။ ထို့အတူ ¤င်းတို့နေထိုင်ရာဒေသရှိ အင်းလေးကန်နှင့် အင်းလေး ဖောင်တော်ဦးဘုရားများကြောင့် လည်းလူသိပိုများခြင်းဖြစ်သည်။ အင်းသား လူမျိုးစုအများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ပတ်ဝန်းကျင် တွင် အဓိကနေထိုင်ကြပြီး ရပ်စောက်၊ တောင်နီ၊ ဘီလူးချောင်းမှတစ်ဆင့် မိုးဗြဲ၊ ဖယ်ခုံ ဒေသများတွင်လည်း ပျံ့နှံ့နေထိုင်ကြောင်း သိရသည်။

သမိုင်းကြောင်း

ပါးစပ်ရာဇဝင်များအရ အင်းသားလူမျိုးစု များသည် ထားဝယ်အဆက်အနွှယ်များဖြစ်ပြီး အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာ မှ အင်းလေးဒေသသို့ ရောက်ရှိခဲ့ရာတွင် နောက်တော်ပါ ထားဝယ်သားအချို့ကို ဤဒေသ၌ နေရာချထားခဲ့ရာတွင် နန်းသဲ၊ ဟဲယာရွာမ၊ ရွာကြီးပန်းပုံနှင့် နန်းပန် နောင်တော ဟူသော ရွာလေးရွာကို စတင် တည်ထောင်နေရာချထားပေးခဲ့သည်။ ထိုမှ အင်းလေးရွာဟု ခေါ်တွင်ခဲ့ကြသည်။

ခေတ်သစ် သမိုင်းသုတေသီများကမူ အင်းသားလူမျိုးစုများသည် ပုဂံသား မြန်မာ များဖြစ်ကြောင်း၊ ၉ ရာစုလောက်မှစပြီး မြန်မာပြည်မြေပြန့်ဒေသဘက်သို့ ဆင်းလာကြ သော တိဘက်မြန်မာမျိုးကွဲ အာသံမြန်မာ လူမျိုးစိတ်အစု ခြောက်စုအနက် မြန်မာအစု တွင်ပါဝင်သော လူမျိုးစုများဖြစ်ကြောင်း၊ မြေပြန့်သို့ဆင်းလာရာတွင် လိုက်ပါမလာကြဘဲ အင်းလေးဒေသဘက်သို့ ထွက်ခွာနေရစ်ခဲ့ရာမှ အင်းသားလူမျိုးများအဖြစ် ပေါ်ပေါက်လာ ကြောင်း ပြောဆိုကြသည်။ သမိုင်းကမည်သို့ပင် ဆိုသော်လည်း အင်းသားလူမျိုးစုများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသား အစုတွင်ပါဝင်သော တိုင်းရင်းသားမျိုးနွယ်စု များဖြစ်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ ရှိသော တိုင်းရင်းသားများပင်ဖြစ်သည်။

အင်းသားလူမျိုးစုများသည် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် လက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ပြီး နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာကြောင်း သိရသည်။ ”အင်းလေး ဒေသမှာ လက်မှုလုပ်ငန်းအနေနဲ့ ပန်းပဲ လုပ်ငန်း၊ ပန်းထိမ်လုပ်ငန်းဟာ လူသိများ တယ်၊ အဓိကတော့ ငွေပန်းထိမ်လုပ်ငန်းဖြစ် ပါတယ်၊ နောက်တစ်ခုက အင်းလေးဒေသမှာ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးလို့ ပြောရ မယ့် ကျေးရွာအလိုက် လက်မှုလုပ်ငန်းတွေ ရှိပါတယ်၊ ဥပမာ – ဟဲယာရွာမဆိုရင် ရွှေပန်းထိမ်၊ ငွေပန်းထိမ်၊ နမ့်ပန်ရွာကဆိုရင် လက်သမားလုပ်ငန်း (အဓိကလှေလုပ်ငန်း)၊ အင်းပေါခုန်ဆိုရင် ပိုးထည်လုပ်ငန်းနဲ့ ဆီဆုံမြို့ နယ် အနီးတစ်ဝိုက်မှာဆိုရင် ချည်ထည် လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်၊ တခြား ခြံလုပ်ငန်း၊ ရေခြံလုပ်ငန်းတွေလည်း လုပ်ကိုင် ကြပြီး ကျွန်းမျောပေါ်မှာ စိုက်တဲ့စိုက်ပျိုးရေးလုပ်ငန်းကလည်း အင်းလေးဒေသရဲ့ ထူးခြား တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်၊ ကျွန်းမျော ပေါ်မှာ ခရမ်းချဉ်၊ ပန်းစသည်ဖြင့် စိုက်ပျိုးကြ ပါတယ်”ဟု အင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးသောင်းရွှေ၏ပြောကြားချက်အရ သိရသည်။

အင်းသူအင်းသားတို့၏ ရိုးရာဓလေ့နှင့်ယဉ်ကျေးမှုအမွေအနှစ်များမှ အင်းရိုးရာ စည်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ အင်းရိုးရာစည်တွင် ဝင်စည်၊ ထွက်စည်၊ သီတင်းစည်၊ ဧည့်ခံပွဲထိုင်စည်၊ အိုးစည်ကူး ဟူ၍ စည်အမျိုးအစားများရှိသည်။

ဝင်စည်မှာ ဖောင်တော်ဦးမြတ်စွာဘုရား များ ဒေသစာရီကြွချီရာတွင် တီးခတ်သော စည်ဖြစ်သည်။ ပင်မစည်ကြီးတစ်လုံးဖြင့် အရန်စည်ငယ်နှစ်လုံးကို အခေါ်အလိုက် အအုပ်အခံချယ်သ၍ တီးခတ်ရခြင်းဖြစ်သည်။ ထွက်စည်ကို ဘုန်းကြီးပျံအန္တိမဈာပန အခမ်း အနားများတွင် တီးခတ်ကြသည်။ ဘုန်းကြီးလွန်စည်ဟုလည်းခေါ်ကြောင်း သိရသည်။သီတင်းစည်မှာ အဖိတ်၊ ဥပုသ်နေ့များ တွင် သီတင်းသီလဆောက်တည်နိုင်ရန် ဗုဒ္ဓ ဘာသာဝင်များအား နှိုးဆော်ရာတွင် တီးခတ် သော စည်ဖြစ်သည်။ အဖိတ်စည်ဟုလည်း ခေါ်ကြောင်း သိရသည်။ ဧည့်ခံစည်ခေါ် လံစည်ကို အလှူမင်္ဂလာပွဲများ၊ ကဆုန် ညောင်ရေသွန်းပွဲများ၊ ဆွမ်းတော်ကြီးကပ်လှူ ပွဲများတွင် တီးခတ်ကြောင်း သိရသည်။

အင်းသားအိုးစည်ကြီးအကနှင့် မီးဆုခံအက

အင်းသားတိုင်းရင်းသားတို့က အိုးစည်ကူး အကဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ဤအက တွင် ထိပ်ဝမျက်နှာပြင် အကျယ်နှစ်ပေခွဲ၊ အရှည်လူတစ်ရပ်ခန့်ရှိ အိုးစည်ကြီးနှင့်အတူ လင်းကွင်းတစ်စုံ၊ မောင်းကြီးတစ်လုံးတို့နှင့် တွဲဖက်တီးမှုတ်ကကြရသည်။

ညောင်ရွှေနှင့် အင်းလေးဒေသတွင် ရိုးရာ ဓလေ့ထုံးစံအရ ကျင်းပသော ပွဲလမ်းသဘင် များတွင် ယခုထိတိုင် အင်းသူအင်းသားများ ကိုယ်တိုင် ပါဝင်တီးခတ် ကခုန်ကြသည်။ ကိုယ်ဟန်ယိမ်းနွဲ့ကာ လက်ကို ညင်သာစွာ မြှောက်၍ နွဲ့နှောင်းသွဲ့ပျောင်းစွာ ပါဝင်ကပြ လေ့ရှိသည်။ အင်းသားအမျိုးသားများက မိမိတို့တတ်မြောက်ထားသည့် ဗန်တို၊ ဗန်ရှည် သိုင်းပညာကို အနုပညာဟန်ဖြင့် ဖြည်းညင်းစွာ သရုပ်ဆောင်ကပြကြသည်။

ယခုကပြသည့် အိုးစည်ကြီးအကကို ညောင်ရွှေမြို့ ကံသာရပ် အင်းသားအမျိုးသား များက တီးခတ်သရုပ်ဖော်ပြီး ကံသာသူ အမျိုးသမီးငယ်လေးများက ယိမ်းနွဲ့ကာဖြင့် အိုးစည်၊ မောင်း၊ လင်းကွင်းတို့၏ စည်းချက် နှင့်အတူ ကပြဖျော်ဖြေတင်ဆက်ကြသည်။

Leave a comment

Filed under Anthropology, Ethnic Minority, Research, Shan

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s