ကိုယ်တွေးတာ ကိုယ်ရေးတာပဲ

ဖေ့စ်ဘုတ်က အားယားနေလို့ သုံးတာ မဟုတ် … အလုပ်သဘောအရကိုက သုံးနေရတာ … ။ (ဘလော့ဂ်ခေတ်မှာလည်း ထို့အတူ)

မိုက်ခဲ့ မဲခဲ့တာတွေလည်း အဆုံးပေါ့ … ခုက အသက် ၄၀ ရှိပြီ … အသစ်တွေက ရင်ဘတ်ထဲက မဝင်ဘဲ ခေါင်းထဲက ပြောင်း ဝင်တယ် … လက်သီးက ပြန်ထွက်ချင်တာလည်း ရှိတယ် …။

စိတ်ကတော့ ဆယ်စုနှစ် ၄၀ ကြာ အချဉ်တည်မှ တယ်စားကောင်းမယ် မဟုတ်ဘူး ထင်မိတာပဲ …။ ကိုယ့်ဖြတ်သန်းမှုက ကန့်လန့်လား … ခေတ် စနစ်ပေါ် ကိုယ်က ပြုတ်ကျတာလား … ဒါမှမဟုတ် လူရည်ချွန်တွေကြား ကျောင်းပြေးနေကျ ကျုပ်က သူပုန်စိတ် မပျောက်တာလား …။

ခုထိ ပြောင်းလဲလို့ မဆုံးသေးတာကို ကြိုက်ပါတယ် … ဖြစ်တည်မှုကို ရှာတုန်း …။

အကောင့်ထဲမှာလည်း ကိုယ်က လေးစားသူ … ကိုယ်နဲ့ အပြန်အလှန် လေးစားသူတွေပဲရှိတာ ကြိုက်လို့ friends အဖြစ်ပဲရေးပြီး နှစ် အများအကြီး နေခဲ့တယ် … ။ public ဖွင့်လိုက်တာကလည်း တယ်မကြာသေးပါဘူး …။

ခုတော့ စိတ်တော်တော်ပျက်လာတယ် …။ ပတ်ဗလစ်လည်း ပိတ်ပြီး ဆန္ဒရှိရာနဲ့ … မျှချင်တာလေးတွေပဲ ရေးတော့မယ် … မကြိုက်ဘူးဆို ဘလော့ခ်တာ ကိုယ့်မူပဲ …။

ကိုယ်မသေခင် လုပ်ချင်တာလေးတွေ တည်ဆောက်ဖို့ … ဥခွံလေးတစ်ခုလိုတယ် …။

ဘာအစ်ဇင်မှ မတွေးကြကြေး ဖရန့်တို့ …။ ကိုယ်တွေးတာ ကိုယ်ရေးတာပဲ …။

(ဓာတ်ပုံ – ရန်ကုန်တိုင်းရှိ ထင်ရှားတဲ့ အစိုးရ ဆေးရုံကြီး အများသုံး အိမ်သာထဲမှာ ဆွဲထားတဲ့ပုံကို ၂၀၁၆ ခုနှစ်က ကျနော် ရိုက်ထားတာပါ)

Leave a comment

Filed under Blogging, Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s