“စွယ်မစုံ ကျော်မထင်”

ခုတလော ကိုယ့် နှမဝမ်းကွဲလေးတွေ၊ အသိထဲက ကလေးတွေ ဆယ်တန်းအောင်တော့ (အဝေးသင်မှာ) တက္ကသိုလ် ဘာရွေးရမလဲဆိုတာ အကျယ်အကျယ် မငြိမ်းဖွယ်ပဲ …။

ကျုပ်တို့ခေတ် ပြန်သတိရမိသေးတော့ … ကျုပ်တို့တွေက ဆယ်တန်း (ဝိပ္ပံ အပူး စတဲ့နှစ်) ကျမယ်ထင်ပြီး အောင်တဲ့ကောင်တွေ ဆိုတော့ အနေသာပဲလေ …။ ခက်တာက peer pressure … ကိုယ့်ဆီက လာတာ မဟုတ်ဘဲ သူငယ်ချင်းတွေ … မိဘတွေ ဆီက လာတာ …။

ဆေးနဲ့ အင်ဂျင်နီယာ မမီရင် သိပ္ပံယူတဲ့ … ကိုင်း … ဘာရမလဲ တင်လိုက်တော့ ဓာတုဗေဒတဲ့ … သင်္ချာတောင် ခြေရော လက်ရော ကျန်တာရော ပေါင်းနေရတဲ့ဟာ …။ ဒါနဲ့ ကိုယ်က ပန်းချီတော့ရလေတော့ သတ္တဗေဒ ရောက်ကရော … ပရက်တီကယ်ဆို ပုံတွေဆွဲပေးရတာ လက်မလည်ဘူး …။ တစ်အုပ် လက်ဖက်ရည်တစ်ခွက် … နောက်တစ်အုပ် စိုးမြင့်ကြော် … လာထား …။

တကယ်စိတ်ဝင်စားတာက မြန်မာစာ၊ အရှေ့တိုင်းပညာ … အဲဒီတော့ ဘာဖြစ်လဲ … အရက်သောက် … လျှောက်လည် … ရည်းစားထား … ဘွဲ့ရ …။ ဘာမှ စိတ်မဝင်စားတော့ ပန်းချီဆိုင်သွားပြီး ဆိုင်းဘုတ်သွားရေးတယ် … ငယ်တုန်းဆိုတော့ ပညာ အာသာ မပြေဘူး … (ခုခေတ် ကလေးတွေတော့ ဆရာကြီးတွေ ဆရာမကြီးတွေ တန်းဖြစ်ကြတာပဲ) …။

ဘုန်းကြီးသွားဝတ် … သင်ချင်တာတွေ လျှောက်သင်လိုက်သဟာမှာ ဦးမြကြိုင် … မနေရမ္မကနေ … ပထမပြန်အထိ ရောက်ရော … ဟိုစပ်စပ် ဒီစပ်စပ် …။

အရှည်အရှည် မပြောတော့ပါဘူး … မိဘ ဖိအား … သူငယ်ချင်းတွေ ပြောသမျှ နားယောင် … ပတ်ဝန်းကျင်ကို အားကျသလိုလိုဆိုတဲ့ peer pressure တွေကို ဖယ်ခွာကြပါ …။

ခေတ်ကြီးက ကောင်းပြီ (မဟုတ်သေးပေမယ့်) လမ်းတွေတော့ စပွင့်ပြီပေါ့ … စိတ်ဝင်စားတာကို လုပ်ကြပါ … ဥပဒေ ယူတယ်ဆိုပါစို့ … ငါးနှစ် … ကိုယ်က ဒီပညာ စိတ်ဝင်စားလို့လား … လုပ်စားမှာလား … မိဘဘက်လည်း ပြန်ငဲ့ … ဘွဲ့တစ်လုံးနဲ့ မောင်ဘုန်းအိုကေပဲ လုပ်မှာလား … ဘွဲ့မရခင် အလုပ်ရ … ရတဲ့အလုပ်နဲ့ တစ်သက်လုံး လုပ်တဲ့သူတွေလည်း ရှိတာပဲ …။

ဒါကြောင့် စဉ်းစားကြ ကလေးတို့ … မဟုတ်ရင် “စွယ်မစုံ ကျော်မထင်” ဖြစ်နေမယ် …။ နမူနာဆိုရင် အခုရေးတင်ထားသူကို ကြည့်ကြကွယ့် …။

(ကိုယ်တွေက ပင်ကိုယ်ရေးတော့ ဖြစ်သေးတယ် … ကျုပ်ထက်ဆိုးတာ ကြည့်ချင်ရင် သူများ ဖေ့စ်ဘုတ်ကပို့စ်တွေ ဆင်တူရိုးမှားကူးပြီး … ပါလေရာ ငပိချက်တချို့ကို ကြည့်ကြကွယ့် … အဟား … 😀 )

Leave a comment

Filed under Education

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s