40

1390472_10201145268413699_657860910_n

ကယ်ရီကေးချား – ကာကြီး

ကျနော် အသက် ၄၀ ပြည့်တော့မည်။

ဆရာ မြသန်းတင့်၏ လမင်းကို ထရံပေါက်မှ ကြည့်ခြင်း (ဆောင်းပါး အသစ်များထည့်၍ ၂၀၁၄ ဒု ပုံနှိပ်ခြင်းကို) ဖတ်နေရင်းမှ အခု ကြုံနေရသော အကြပ်အတည်း အခက်အခဲများကို ကျနော်သည် ပြောက်တိပြောက်ကြား စဉ်းစားစရာတွေ ခေါင်းထဲဝင်ဝင်လာသဖြင့် စာအုပ်ကို ကောင်းစွာ ဖတ်၍ မရ။ စာကို အာရုံမစိုက်နိုင်ဟု ဆိုကောင်း ဆိုနိုင်သည်။

မိသားစု ကျန်းမာရေး အခက်အခဲများ၊ ကျန်းမာရေးနောက်တွင် လိုက်လာသည့် ငွေရေးကြေးရေး၊ မိသားစု၊ တသီးတသန့် ကိုယ့်ဖာသာ အိပ်မက်ထားသည့် ပညာရေး ပန်းတိုင်၊ ကိုယ့်ဝါသနာပါမှုနှင့် ကိုယ့်အသက်မွေးမှု အလုပ် … စသည်တို့သည် ကျနော်၏ ခုတလော မေ့တတ်သော ဦးနှောက်ကို တကန့်စီ တံခါးခေါက်နေကြသည်။

ပါရဂူဘွဲ့ ဝင်ခွင့်ရပြီးနောက် တစိတ်တပိုင်းပေးမည့် ပညာသင်ဆုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဆွေးနွေး၊ ကိုယ့်ဖာသာ ဆင်ခြင်ရာတွင် ကိုယ့်ဖာသာ အပြစ်တင်ဖို့သာ အကြောင်းတွေ မြင်မိသည်။
ကိုယ့်အသက် ၄၀ ဆို ကိုယ့် နှစ်ဖက်သောအဖွားတွေ ဘယ်လောက်ဖြစ်လိမ့်မယ် ကျနော် စဉ်းစားမိသော်လည်း ထဲထဲဝင်ဝင် မတွေးမိ။ စဉ်းစားခြင်းနှင့် တွေးတောခြင်းသည် ကွာသည်ဟု ကျနော် ထင်သည်။

အခု နှစ်ဖက်သော အဖွားများ (အဖိုးများကား မရှိတော့) ဆေးရုံနှင့် ဆေးနှင့်၊ ပြုစုစောင့်ရှောက်ရမည့် ကိစ္စနှင့် လိုအပ်သည်များကို ဖြည့်ဆည်းရမှုနှင့် … သံသရာ ပတ်လည်နေသည်။ မြန်မာပြည်မှာ ကျန်းမာရေးသည် ငွေနှင့် စက်ရသည်သာ။

ကျနော်သည် ယင်း အပိုင်းအခြားကို သေချာ မတွက်မိခဲ့။ မတွေးတောမိခဲ့။ အဖေနှင့် ဦးလေးဖြစ်သူကလည်း သူတို့ မိခင် (ကျနော့် အဖွား) နှင့် ပတ်သက်၍ အထူးပြင်ဆင်ထားခြင်းလည်း မရှိခဲ့။ အသစ်ထူထောင်ထားသည့် မနိုင်ဝန်များနှင့်။


ပညာရေးမှာ အိပ်မက်တွေ မက်ပြီး ကြိုးစားခဲ့ပေမယ့် အရွယ်ကောင်း တဖြတ်မှာ ကိုယ့်ဟာကိုယ် မိုက်မဲခဲ့သည်ဟု သိသည်။ ဒါပေမယ့် အားမလျှော့ခဲ့။ ဦးစားပေးရမှာတွေ ရှိလာသည်။ ဟော … ရောင်ခြည် ကိုယ့်ဖက်ပါပြီ။ ပညာသင်ဆု အပြည့်ကျတော့ ကျောင်းနဲ့ ဆုချီးမြှင့်မယ့် အဖွဲ့ လွဲသည်။ တခါ ထပ်ရပြန်တော့ ပညာသင်ဆုက အပြည့်မဟုတ်။ မီးတောက်သည် ငြိမ်းတော့မလို။

စိတ်ဓာတ်သည် ကမ်းပါးကနေ ကျနော့်မလိုလို ခနခန ဖြစ်သည်။ ဖြစ်တိုင်းလည်း အိပ်မက်ထဲမှာတောင် အကျမခံ၊ ကျနော် ရအောင် နိုးပြီး ရအောင် ထကြည့်သည်။ ဒါပေမယ့် အိပ်မက်သည် တကယ့်လူမှုဘဝ၏ နေ့စဉ် ရောင်ပြန်ဟပ်နေမှု တမျိုးဖြစ်ပြီး သိစိတ်ကိုလည်း ဒုက္ခပေးတတ်သည်။

ငယ်စဉ်ကထက် နုစဉ်ကလို့ ပြောလျှင် ပိုမှန်မည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များဆီ နုစဉ်က ရူးရူးမိုက်မိုက်အရွယ်။ ပုဂ္ဂလိက ကျောင်းအုပ်ဆရာကြီး တဦးရယ်၊ ပန်းချီဆရာတဦးရယ်၊ ကျနော်ရယ် တာမွေမှာ အတူခိုကြသည်။ ပေပေတေတေ။

တရက်မှာ ယမကာကြောင့် ဝမ်းကဟာ၊ ပိုက်ဆံစုတော့ ၃ ယောက်ပေါင်း ၂၀ မပြည့်။ မိတ်ဆွေ ပန်းချီဆရာက ဟာသနှောနိုင်သေးသည်။

“အခုချိန် ပိုက်ဆံ ၂၀ မရှိတဲ့သူ ဂျပန်မလိုက်ရဘူးဆို ကျနော်တို့ ၃ ယောက် ကျန်ခဲ့မှာဗျ” တဲ့။ ဂျပန်ကို အလုပ်သွားလုပ်ဖို့ စိတ်ကူးတဲ့ခေတ်။

လောကကို ခါးစောင်းတင်မယ်လို့ ကြိမ်းဝါးတာတွေက တခါတလေ ဘဝ တဆစ်ဆီမှာ ဓာတ်ခွဲခန်းထဲ ထည့်စစ်ဖို့ လိုသည်ဆိုတာ မေ့ခဲ့သည်။

ဆရာ မြသန်းတင့် အနှစ်ချုပ်သလို ဘာရှီးဗစ်ဆင်းဂါး၏ ဝတ္ထုတိုကလေးမှာ လောကကြီးကို ပြောင်းလဲချင်သူ တယောက် လောကကြီး၏ ပြောင်းလဲခြင်းကို ခံလိုက်ရသည့် ဇာတ်လမ်းသာ ဖြစ်သည် ဆိုတာမျိုးကဲ့သို့ပင်။

ဒါပေမယ့် သတိကြီးကြီးထားသည်။ ကျောင်းတက်တုန်းက စာမေးပွဲချိန်ကို သိသည်။ ပြင်ရသည်။ ဘဝမှာက မသိ။ မပြင်ထားပေမယ့် လွယ်လွယ်အရှုံးပေးလို့ မဖြစ်ဆိုသည့် ကိစ္စ ဖြစ်သည်။

တခါတလေ ဘဝ ထရန်ဇစ်ရှင်းလို့ တွေးမိသော်လည်း ယင်းနှင့် ဖြေလို့မရ။ လောကသည် သူ့သဘောသူဆောင်သည်။ ဆုတောင်း၍ မရနိုင်။
သင်ကာ
(–၊–၊—-)

Advertisements

Leave a comment

Filed under Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s