Kooe Art Studio (b)

11988537_412242548973687_5414665978693894597_n

ယုဇနမြို့တော် …
ရေညှိတက် အခန်းများ …
ရေလွှမ်းတဲ့ လမ်းတွေ …
အရက်တပုလင်း …
၁၀ သိန်းတန် ပန်းချီကားနဲ့ ဝမ်းရေး ၁ သိန်း …
ကုလားဝဲ တံတား …
လူမသိ သူမသိ ဝိဥာဉ်လွင့် အရောင် အတ္တများ …။

မူကြိုတက်မယ့် သမီးလေးအတွက် စကတ်တထည် …
ငွေဖြစ်ဖို့ အတွက် ဆေးပြန်အုပ်လိုက်ရသော ပန်းချီကားများ …
မာနနဲ့ ခေါက်ဆွဲပြုတ်တထုတ် …
အတွေးအခေါ်နဲ့ မြည်းသော ဆေးလိပ်တိုတထွာ …
မိုဒီဂလျာနီနဲ့ ခင်မောင်ရင် …။

ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်သော နေများ … လများ …
ဆေးများများ ကွမ်းယာတယာ …
နာရေးကြော်ငြာတခု …
ကိုကျော်သူ မခေါ်အားဘူး
ပန်းချီကားရောင်းပြီး အသုဘချမလို့ပါ …
အနုပညာ အသီးသီးမှာ
သေပြီးမှ ဈေးကြီးတတ်တာ …
ပန်းချီရဲ့ ကျိန်စာလား …
ထမင်းတလုပ် စုတ်တချက် ဘဝများ …။

အရက်တပုလင်းကို သေမင်းထံက ဆွဲလုထားရ …
မျှော်လင့်ချက်များက မငိုနိုင် မရယ်နိုင် …။

စသည်ဖြင့် စသည့်ဖြင့်ပေါ့ဗျာ …
ရင်ထဲမှာ မခွဲရသေးတဲ့
ဇာတ်ညွှန်း အစိမ်းလတ်လတ်တွေပေါ့ …

သင်ကာ

Advertisements

Leave a comment

Filed under Poem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s