တောင်ရေးမြောက်ရေးမှ ပန်းချီဆိုင်းဘုတ်ဆိုင်သို့ (၃)

တောင်ရေးမြောက်ရေးမှ ပန်းချီဆိုင်းဘုတ်ဆိုင်သို့
(၃)

ပန်းချီအကြောင်းပဲ ဆက်ပြောပါဦးမယ်။ ကဗျာနဲ့ စာစီစာကုံးတွေမှာ ချော်တောငေါ့ပြီး ဆုတွေ ရပေမယ့် ပန်းချီကတော့ ငယ်ချစ် ဖြစ်နေတုန်းပဲ။ အိမ်ကိုပူဆာတော့ မရှိမယ့်ရှိမယ့်ကြားက ရောင်စုံခဲတံ ဝယ်ပေးတယ်။ အဲဒီမှာ ကာတွန်းနဲ့ ဝတ္တုမျက်နှာဖုံးတွေကို ကူးဆွဲတယ်။

ဆရာကြီး ကျော်သောင်း၊ မောင်မောင်သိုက်၊ မောင်မောင် စတဲ့ ပန်းချီဆရာကြီးတွေရဲ့ ကားတွေကို ကူးဆွဲတယ်။ မြိတ်ဝင်းထိန် ရေးတဲ့ ကာဗာပုံတွေလည်း ကြိုက်တယ်။

နောက်တော့ အိမ်ကိုပဲ ပူဆာပြီး တရုတ်ဖြစ် ရေဆေးအပေါစားတွေ ဝယ်ရေးတယ်။ ရေဆေးစက္ကူ မဝယ်နိုင်၊ နားလည်းမလည်တော့ လူတရပ်နီးနီး နိုင်ငံခြားကား ရုပ်ရှင်ပိုစတာကြီးတွေကို သူငယ်ချင်း မျိုးမြင့်ဆီက ဝယ်တယ်။ သူ့အဖေက ရုပ်ရှင်ရုံမှာ လုပ်တာကိုး။ မျိုးမြင့်က ကျနော် အားတာပဲ စောင့်ကြည့်နေတယ်။ အားတာမြင်ရင် စာအုပ်ထိုးပေးပြီး ပန်းချီရေးခိုင်းတော့တာပဲ။ ရေးပေးသမျှလည်း သိမ်းတယ်။ (ချင်းမိုင်မှာ မဟာဘွဲ့တက်နေတုန်း ရွာပြန်တော့ ပြန်ဆုံတယ်။ ထုံးစံအတိုင်း စားသောက်ဆိုင်မှာ ထိုင်ဖြစ်တော့ သူက ကြံ့ဖွံ့အသင်းဝင် ဖြစ်နေပြီး ကြံ့ဖွံ့ကောင်းကြောင်းတွေ ပြောပြနေတော့ အံ့သြသွားတယ်။ သူက အင်မတန်အေးပြီး စကားတောင် ကျယ်ကျယ်မပြော၊ ပြုံးနေတတ်တဲ့ကောင်။)

အဲဒီပိုစတာတွေကို အပိုင်းပိုင်းဖြတ်ပြီး ကျောဘက် ဗြောင်မှာ ရေးတယ်။ ပိုစတာက ကြွေစက္ကူဆိုတော့ ရေမစုပ်ဘူး။ ဆေးက စာရွက်ပေါ် တလည်လည်ဖြစ်နေတာပေါ့ (တချို့ အသိမ်းကောင်းလို့ ကျန်တာ ရှိတယ်၊ ဓာတ်ပုံရိုက်ပြီး တင်ပေးမယ်။)

မြန်မာသံတော်ကြီး ဦးခြိမ့် လေသံနဲ့ စာလုံးမပို၊ မှာထုံးအတို၊ လွှာကုံးကို ဆိုရရင် ဆယ်တန်းဖြေပြီးတော့ အဖေက တပ်ထဲက ပန်းချီ မတောက်တခေါက်ရေးတဲ့ ဦးသန်းအောင်နဲ့ ဆက်စပ်ပြီး သင်္ဃန်းကျွန်းက ပန်းချီဆိုင်းဘုတ်ဆိုင်ကို အပ်ပေးတယ်။ ဆိုင်နာမည်က ဟင်္သာမောင်မောင် တဲ့။

ကျနော်လည်း မအူမလည်ပေါ့ဗျာ။ ဆွဲထားတဲ့ ပေမဝင်တန်းမဝင် ပန်းချီလက်ရာလေးတွေ ပြပြီး ဘာပြောမလဲ စောင့်နေတာ ပန်းချီဆရာတွေက ရပါတယ်။ ထားခဲ့လေတဲ့။ အဲဒါနဲ့ အော်တိုမစ်တစ် ပန်းချီလက်သင် အောင်မြင်ပြီး ပန်းချီဆိုင်မှာ ညအိပ်ညနေ ရောက်ပါရောတဲ့။

သင်ကာ @ ခက်ထန်
(ဆက်ရန်)

Advertisements

Leave a comment

Filed under Art

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s