ဗန္ဓုလနဲ့ တီကောင် (၂)

General Mahar Bandoola by U Ba Nyuan

General Mahar Bandoola by U Ba Nyuan

ဗန္ဓုလနဲ့ တီကောင်

(၂)

အဖေ ပန်းချီကို ကလေးဘဝကတည်းက ဘာကြောင့် စိတ်နာသွားသလဲဆိုတာ အဖေကိုယ်တိုင်ရော၊ အဖွားပါ ခဏခဏ ပြောကြပါတယ်။

အဖေ ငယ်ငယ်က မင်းတပ်မြို့မှာ ကျောင်းတက်တယ်။ တရက်မှာ ကျောင်းပန်းချီပြိုင်ပွဲလုပ်တယ်တဲ့။ အဖေက ဗန္ဓုလပုံ အကျအနရေးပြီး ပြိုင်တယ်။ သူ့ပြိုင်ဘက် ချင်းကျောင်းသားလေးက တီကောင်ဆွဲပြီး ပြိုင်တယ်။
ဒါပေမယ့် တီကောင်ဆွဲတဲ့ချင်းက ပထမ ရသတဲ့။

ဘာလို့လဲဆိုတော့ ချင်းလေးရဲ့ အဖေက ကျောင်းအုပ်ကြီးနဲ့ သူငယ်ချင်းတဲ့။ အဖေတို့ကတော့ ဖတဆိုး မျက်နှာမွဲပေါ့လေ။ အဲဒီကတည်းက အဖေဟာ ပန်းချီဆို လှည့်ကိုမကြည့်တော့ဘူး။ ဆွဲဖို့လည်း မကြိုးစားတော့တာ တသက်လုံးပဲ။

ကျနော်ကျတော့ ကံကောင်းတယ် ပြောရမယ်။ မူလတန်းမှာ ရမ်းသမ်းဆွဲနေတာကနေ အလယ်တန်းရောက်တော့ ဆရာတွေ့တယ်။ ဒဂုံမြို့သစ်တောင်ပိုင်း၊ လေးထောင့်ကန်ရွာက အလယ်တန်းကျောင်းမှာ ပြောင်းတက်တော့ ပထဝီဆရာ ဦးမောင်ငွေက ပန်းချီလည်း ဆွဲတယ်။ အဲဒီတုန်းက ကံကောင်းချင်တော့ ကျောင်းမှာ ရေဆေးတွေကလည်း ဖောဖောသီသီ ရှိနေတယ်။

ဒါ့အပြင် မြင်းခင်းပြိုင်ပွဲ၊ လှေပြိုင်ပွဲ၊ စည်ပင်ပန်းချီပြိုင်ပွဲ စတာတွေကလည်း အလှည့်ကျ ရှိနေတယ်။
အဲဒါနဲ့ မြို့နယ် ပြိုင်ပွဲတွေအတွက် ဆရာ ဦးမောင်ငွေက သင်ပေးတယ်။ အားတဲ့ရက် ဆရာ့အိမ်သွား၊ ဆရာဆွဲထားတာတွေ ကူးရေး၊ ဆရာက နေ့လည် သူထိုင်နေကျ ပက်လက်ကုလားထိုင်မှာပဲ ထိုင်ပြီး တရေးအိပ်။ ကျနော်က တိတ်တိတ်ဆိတ်ဆိတ် ပန်းချီဆွဲပေါ့။

အဲလိုနဲ့ပဲ ကူးဆွဲရင်း အခြေခံသဘောတွေကို သင်ရတယ်။ မြို့နယ်ပွဲ မတိုင်ခင် ကျောင်းတွင်းပြိုင်ပွဲ အရင်ပြိုင်ရတယ်။ ပထမရမှ မြို့နယ် တက်ပြိုင်ရတယ်။

အမှန်အတိုင်းပြောရရင် လက်ထဲ မီးသွေးခဲ၊ ခဲတံ၊ ဘောပင် ရောက်တာနဲ့ လက်ဆော့တဲ့သူမို့ အလေ့အကျင့်က ရပြီးသားအပြင် အဲဒီတုန်းက လေးထောင်ကန်က တောကျနေသေးတော့ ကိုယ် အရမ်းမတော်ပေမယ့် အနူတောမှာ လူချောဖြစ်တဲ့ သဘောပါပဲ။
ကျောင်းတွင်းပြိုင်ပွဲ မစခင် ကျောင်းသားတွေ ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ဆွဲကြတယ်။ ဇော်ကြီးဆိုတဲ့ တယောက်က သစ်ပင်ကို ဆွဲနေတယ်။ ပန်းပွင့်ပုံ အတွန့်အတွန့် ဝိုင်းလိုက်ပြီး မြင်းပြိုင်နှစ်ချောင်းနဲ့ ပင်စည်တပ်လိုက်တယ်။ ဒါပဲ။ ကိုယ်ကမြင်တော့ “သစ်ပင် အဲဒီလို မဆွဲရဘူး” ဆိုပြီး အကိုင်းအခက်တွေနဲ့ ဖောက်ပြီး ဆွဲပြတယ်။ ဇော်ကြီးက မင်းက ကျွမ်းနေပြီ၊ ငါ နိုင်မှာ မဟုတ်ဘူးဆိုပြီး အိမ်ပြန်သွားပါလေရော။

မှန်းပြီးသားအတိုင်း မြို့နယ် တက်ပြိုင်ရတယ်။ ဆရာဦးမောင်ငွေက ကိုယ့်ဘာသာ အိုင်ဒီယာနဲ့ ကလေးအတွေးပေါ်အောင် လွှတ်ထားပေးပြီး ရေးစေတယ်။ လိုအပ်တာ ရေအနည်းအများ၊ စုတ်တံရွေးချယ်မှု ညွှန်ကြားတာကလွဲရင် လုံးဝ ဝင်ဆွဲမပေးဘူး။

ဒဂုံတောင် ယောက်ကော် ဘုရားအဝင်နားက ကျောင်းမှာ ပန်းချီပြိုင်ရတယ်။ အဲဒီမှာ တပ်လန်တာပဲ။ တခြားကျောင်းက ကျောင်းသားတွေက ဆရာတွေ ထုတ်ပေးတဲ့ ပုံစံကို သင်ထားတဲ့အတိုင်း ရေးတာ။ ကိုယ်က တတ်သလောက်ဆွဲတာဆိုတော့ တတိယတောင် မချိတ်ပါဘူး။ ပြန်ခဲ့ရတာပဲ။
အဲ … ချော်တောငေါ့ပြီး ကဗျာနဲ့ စာစီစာကုံးတွေမှာ ဆုရတာတော့ ရှိသေးတယ်

သင်ကာ @ ခက်ထန်
(ဆက်ရန်)

Advertisements

Leave a comment

Filed under Art

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s