Silavisodhani (Quotes)

သီလဝိသောဓနီကျမ်း

သီလဝိသောဓနီကျမ်း

 

သန့်သက်ရေနှင့် ဒုက္ကဋ်အာပတ်

ငါတို့ ကျေးဇူးရှု ဆင်တဲဆရာတော်ဘုရားကား သန့်သက်ပုံးနှင့် သန့်သက်ရေ ကနုတံအစုံ ကိုယ်တိုင်ဆောင်ယူ၍ သွားသည်။ ကုဋီအိမ်မှာ သန့်သက်ရေ မထားရ၊ သန့်သက်ရေဝတ် တည်ပါရစေ ခွင့်ပန်သည်ကိုလည်း ခွင့်ပေးတော်မမူ။

ဆုံတားဆရာတော် ရေအိမ်တက်သည်ကို ဝန်ထောက်မင်း ကျောင်းဆရာ သန့်သက်ရေ ကနုတံကိုင်၍ ဝတ်ပြုလိုက်သည် ဟူ၍လည်း မိန့်သည်။

ရေအိမ်၌ သန့်သက်ရေထားခြင်း၊ ပုံးနှင့် သန့်သက်ရေ ဆောင်ခြင်း နှစ်ပါးတွင် ဆောင်ခြင်းသည် ဆရာမြတ်တို့ ဓလေ့တော်လည်း ဖြစ်သည်။ သန့်သက်ရေဝယ် ရေသစ်ဖြစ်၍ ပိုးရှိသော ရေ၌လည်း ယုံမှားကင်းရကား အသင့်။

(ဒုက္ကဋ်ရှစ်မျိုး၊ သီလဝိသောဓနီကျမ်း၊ တတိယနံမော် ဆရာတော် ဝိနန္ဒာသဘ)

 

အမတ်စည်းစိမ်နှင့် အသုဘ သညာ

… မြောက် နန်းကျောင်ဆရာတော်ကို အမတ်မျိုးဖြစ်၍ အရှင်ဘုရား လူဖြစ်တပြီး ဤသို့သော အမတ်စည်းစိမ်ကို ရလေ၏ဟု အမတ်တို့ လျှောက်သည်ကို သင်တို့အမတ်စည်းစိမ်သည် ငါ ရေအိမ်ထက် ပွားစေအပ်သော အသုဘ သညာ တစ်စိပ်ကို မှီမည်လောဟု မိန့်တော်မူကြောင်းကို ပြောစဉ်ရှိသည်။

(ဒုက္ကဋ်ရှစ်မျိုး၊ သီလဝိသောဓနီကျမ်း၊ တတိယနံမော် ဆရာတော် ဝိနန္ဒာသဘ)

 

မင်းရွာဆရာတော်နှင့် ဆွမ်းကိစ္စ

မင်းရွာဆရာတော်ဘုရားကား ဆွမ်းဘုဉ်းပေးစိမ့်သောငှာ ကပ်လာသော များစွာသောဆွမ်း၊ များစွာသော ဟင်းလျာတို့ကို ခွက်နှင့်ချည်း အသီးသီးရှိသည်တို့ကို အာရုံမပြုဘဲ မျက်စိမှိတ်၍ နှိုက်တော်မူသည်။ နှိုက်မိသောဆွမ်းခွက်၊ နှိုက်မိသော ဟင်းလျာကို မျက်စိဖြင့် ကြည့်ပြီးလျှင် ထိုနှိုက်မိသောခွက်၌ ရှိသော ဆွမ်းဟင်းလျာကိုသာ ဘုဉ်းပေးတော်မူသည်။ အခြားတို့၌ရှိသော ဆွမ်းဟင်းလျာကို ဘုဉ်းပေးတော်မမူ။ ဤခွက်ထိုခွက် ကောင်းနိုးရာရာ ရှာ၍စားသည်ကို လောလုပ္ပစာရ ဟူသတည်း။ ဆွမ်းကိစ္စပြီးလျှင် လုတ်ရေဆေး၍ လက်မသည်းခွံမျှ လက်ဖက်ကို စားတော်မူ၍ ကွမ်းနှစ်ယာသုံးပြီးလျှင် လုတ်ရေကျင်း၍ ထိုနေ့စားခြင်းကိစ္စကို ငြိမ်းစေတော်မူသည်။ … … … သူတစ်ပါးအား ကဲ့ရဲ့စကား ဆိုမည်ထား၍ ကဲ့ရဲ့စကား ပြောလာသူတို့၏ အသံကိုမျှလည်း မညိတ်။ မင်းရွာပုဂ္ဂိုလ် သို့စဉ် သိမ်းဆည်းသည်ဟု ရွှေတောင် ဆရာတော်ဘုရာကြီး မိန့်တော်မူဖူးသည်။

(သီလဝိသောဓနီကျမ်း၊ တတိယနံမော် ဆရာတော် ဝိနန္ဒာသဘ)

Advertisements

Leave a comment

Filed under Religion

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s