အဘများ၊ အမများ

ဘဘက သူများ အညှာတွေချည်း ကိုင်ခဲ့တာပေါ့
ဒါပေမယ့် အခု အနုပညာကို ချစ်တယ် …
(ပန်းချီကားတွေရော … ကော်ဖီပါ လွှတ်ချစ်တာ)

ဝါးတီး မပေးခဲ့ဘူး
အခု ထမင်း ရောင်းနေတယ် …
(ကားရေဆေးခိုင်းသူနဲ့ … ခုံသုတ်ရတာနဲ့ … စိတ်အတော် လျှော့ရတာကလား)

သေနတ်တွေ အောက်မှာ
စာရေးကြီး စစ်စစ်ပါခင်ဗျာ
အခုအခါ သမ္မတ လုပ်နေပါတယ် …
(ကြံရာပါ အကြွေးဆပ်ဖို့ ဟိုအစိုးရဆီ မျက်နှာချို သွေးရ … ကိုယ့်အောက်က လူတွေ မနိုင်လို့ မျက်နှာပျက်ရ)

ဒီနိုင်ငံထဲမှာ နန်းတော်ကြီးနဲ့နေတာ
အခုအခါတော့ ဟောဟိုနားမှာ တောထွက်ပြီး နေတယ်
ကိုယ်တော်ကြီးကို မပြစ်မှားကြကုန်လင့် …
(မနုဿတ္တဘာဝေါ ဒုလ္လဘော … အကုန်လုံးလည်း ဖျောပြီးပြီတဲ့)

အောက်လွှတ်တော်နော်
နောက်က ပစ်ဆော်လိုက်ရင် ကော့သွားမယ်
ရော့ … လာထား အပေးအယူ …
(မိမိကတော့ ဒီမိုကရေစီ လေဒီနဲ့ ပေါင်းပြီတဲ့)

ဒီမိုကရေစီနော်
ဒီလို လေဒီကမှ လုပ်နိုင်မှာ
အခြေခံ ဥပဒေဟာ ချုပ်ရိုးပြုတ် …
(ငုတ်တုတ်နေတဲ့ ကလေး ၂၅ ယောက်ကို ဆန်ပြုတ်တိုက်မတဲ့)

သံချပ်ထိုးမယ် … ပေါ်လစီပြောမယ်
သဘောမှာ ညိ … အပြောမှာ ထိရှ
သုမန ကျောမှာက ဒဏ်ရာတွေနဲ့ …
(ကဗျာမချို … စာမချို … အဂ္ဂရိယတ်ထိုးရမယ့် ကိုယ်တော်တွေတဲ့)

(မြှုပ်ကွက်များ ဆက်၍ ချန်ထားသည်။ ရေးရမှာ ပျင်းသည်။ ရေးရင် အရှည်ကြီးပဲမို့ … နိဂုံးကို ပို့ပြီ)

(ခေါင်းကိုင် ဖခင်ကြီးက တွေးသည်မှာ …)
သနားဖို့ ကောင်းလိုက်တဲ့ ကောင်တွေကွာ
ငါ့ဆို
ဖေ့စ်ဘုတ်မှာ
စာဖတ်နေသူကြီးပဲ နာမည် ထွက်သကွ
အဟက်အဟက် …
ဤသို့ဖြင့် ဇောက်မနက်သော်လည်း
(မနက်တိုင်း ဘုရားဖူး၍ နေလေသည်)

ထို့ကြောင့် မြန်မာပြည်ဟု ခေါ်သည်။
ဘုရားစူး မြန်မာပြည် ဖြစ်ပါသည်။

သင်ကာ
မေ၊ ၂၀၁၃

Advertisements

Leave a comment

Filed under Satire

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s