အတွေးများ

၁) ထေရဝါဒက အထင်ကရ ၅ နိုင်ငံပဲရှိတယ်။ အဲဒီ ၅ နိုင်ငံက အတင်းကြီး လက်တွဲမထားပေမယ့် ပြဌာန်းချက် ဓမ္မ (ပိဋက သုံးပုံ) နဲ့ အညီ ရှိဆဲ နိုင်ငံရဲ့ ယဉ်ကျေးမှု အခံတွေနဲ့ လိုက်လျောညီထွေစွာ ပြဿနာ မရှိနေကြတယ်။

၂) လောကီ၊ လောကုတ္တရာ ခွဲထားပြီး ရောယှက်မှု နည်းတယ်။ မည်သည့် နိုင်ငံချီ ပြဿနာကိုမဆို တနိုင်ငံနဲ့ တနိုင်ငံ ဘာသာရေး ဆွဲမထည့်ဘူး။ လောကီအရ ပြောဆိုကြတယ်။ သမိုင်းမှာ ကျူးကျော်သူ မွန်ဂိုတွေကို ရှင်ဒိသာပါမောက် မိန့်ခဲ့တာဟာ ဓမ္မကို ဦးတည်ပြီး ပြောတယ်။ အလွန်အကျွံ သံတမန်ရေးကို မသုံးဘူး။

၃) ဗြိတိသျှ ဖဲ့ထုတ်တဲ့ ခရစ်ယာန် သက်ဝင်ယုံကြည်မှု လောကမှာလည်း ပြဿနာ မတွေ့ရဘူး။ ကျောက်ကွင်းအရေးတော်ပုံဟာ အဆင့်မြင့်တဲ့ ဖီလိုဆိုဖီ ငြင်းခုန်မှု တမျိုးထက် မပိုဘူး။ အဲဒီစာအုပ်ကိုင်ပြီး ခုထိ ထသတ်တဲ့ ခရစ်ယာန်-ဗုဒ္ဓဘာသာ မရှိဘူး။ ငြင်းရင် ဖီလိုဆိုဖီ၊ ဗျာဒိတ်တော်များအရပဲ ငြင်းကြတယ်။

၎) အာဖဂန်မှာ ဆင်းတုတွေ ဖြိုတော့လည်း သီတဂူ ဆရာတော်ကသာ ထုတ်ဖော် ပြောဆိုတော်မူတယ်။ ကျန်သူတွေက ခန္တီစ ကြတယ်။ ဗုဒ္ဓဘာသာ နိုင်ငံတွေအနေနဲ့ သည်းခံခဲ့ကြတယ်။

၅) ထေရဝါဒက လောကီ၊ လောကုတ္တရာ ခွဲမှု လိုင်းပြတ်သားသလို ဝိနည်း ကျင့်ဝတ်တွေ စည်းပြတ်တယ်။ ဘာသာရေး ဦးဆောင်သူများအနေနဲ့ အိမ်ထောင်ပြုမှုကအစ ပြတ်သားတဲ့ စည်းမျဉ်းတွေ ရှိတယ်။

အခုပြောခဲ့တဲ့ အချက်အလက်တွေကို ပေတံ လုပ်ကြည့်မိတယ်။ တခုဆီမှာ တခြားသော ဘာသာရေး factor တွေ ထည့်ကြည့်ရင် ရလဒ်တွေကို ဘာများ ထွက်လာမလဲ။

ကျနော်က ဘာသာ (လုံးဝ) မရှိပါ။ ဘာသာတရားများရဲ့ ကျမ်းစာများကို လေးမြတ်ပါတယ်။ ကျမ်စာတွေ ရွတ်ပြပြီး တလွဲကျင့်သုံးသူတွေကို အထင်မကြီးပါ။ ဘယ်ဘုရားသခင်မှလည်း ဘဝထဲ စိတ်ထဲ ထည့်မထားပါ။ မြန်မာပြည်မှာ နေခဲ့ဖူးသမျှကို အီကွေးရှင်း ထုတ်ကြည့်တာပါပဲ။

ချွန်ထွက်နေတာတွေ ကျနော့်ကို ထောက်ပြရင် လက်ခံရန် အသင့်ပါ။ ကျေးဇူးလည်း တင်မှာပါ။

သင်ကာ
ဧပြီ၊ ၂၀၁၃

Advertisements

Leave a comment

Filed under Religion

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s