မျက်ဝန်းထဲက အပိုင်ရထားတဲ့ မြို့ပြ

Vector-Love-Dream_1600x1200

ရွှေကျီးတွေမသာ
စာလွှာတွေ ကြိုမရောက်ပေမယ့်
တိမ်တိုက်တွေ အောက်ကနေ
အပြာရောင်မြို့လေးကို
အိပ်မက်မဟုတ်ဘဲ
အတူတူ လှမ်းကြည့်ခဲ့ကြတယ် …။

အရောင်မဲ့ ဆက်သွယ်ရေးတွေကြား
မျက်ဝန်းနက်နက်တွေနဲ့ ဆန်းစစ်
လက်တွေ့အဖြစ်မှာ
စစ်ပြေငြိမ်းခဲ့ကြဖူးတယ် …။

စကားလုံတွေနဲ့ မီးမြိုက်တဲ့ ပူလောင်ခြင်းတွေကို
နူးညံ့ခြင်းများနဲ့ ဆေးတိုက်ပါ
အခု … ကိုယ် ဖျားနာနေလို့ …။

အဓိပ္ပာယ်ရှာဖို့
အနာဂတ်ကိုလည်း လွတ်လပ်ခွင့် ပေးလိုက်ဦး
မနက်ဖြန် တခုချင်းစီကိုသာ
တို့တွေ သိမ်းပိုက်ဖို့လိုပါတယ် …
ကဲ …
အချစ်ရေ … အသင့်ပြင် …။

Advertisements

Leave a comment

Filed under Poem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s