“ဇာတ်ကွက်ပြောင်းမယ် မခင်ပျို”

4230674846_b7d8d6fde6_z

မရည်ရွယ်ဘဲ ဆရာ ဇော်ဇော်အောင်ရဲ့ အသက် ၇၂ နှစ်ပြည့် ဝတ္ထုတို ပေါင်းချုပ် ချိုင်းကြားညှပ်၊ စနေနေ့မှာ စောစော မထစဖူး ထပြီး လူသူမရှိ စားသောက်ဆိုင် နုတ်နုတ်ကလေးမှာ ထမင်းကြော် တပွဲနဲ့ မှာစားတယ်။ ယုဇန မခင်ပျို ရောက်တော့ ထမင်းကြော် ရောက်မလာသေးဘူး။ ဒေါက်တာ မသီတာ ရောက်ချိန် ထမင်းကြော် ရောက်လာတယ်။ မခင်ပျိုပြောတာ ကြားမိတော့ ကျနော်လည်း စားလက်စ ထမင်း ထားခဲ့၊ ပိုက်ဆံ ရှင်းပြီး ထွက်လာတယ်။

ချင်းမိုင် ကျုံးရေတွေက အေးမြမြ နေခြည်မှာ တလှပ်လှပ် ပြေးချင်ယောင် ဆောင်နေတယ်။ လူရည်သန့် တယောက် ကျုံး တလျှောက် ငရှဥ့်နှိုက်နေတယ်။

ပတ်ဝန်းကျင်က ယုဇနမခင်ပျိုကို ပြောင်လှောင် နေတာလား။ နေရောင်ခြည်ကို ရှောင်ရှားရင်း ဒေါသပါးပါး ထွက်ခဲ့တယ်။

ဟောဟို ထောင့်မှာ သူမကို တွေ့ပါပြီ။ ဒဿနပါးပါးမှာ အားရှိစရာပြုံးလို့။ ဒါဟာ တခုလုံးဆောင် ကဗျာပဲလေ။

“ဇာတ်ကွက်ပြောင်းမယ် မခင်ပျို”

ယုဇန မခင်ပျို
ကိုယ်ကိုယ်တိုင်က
ဟိုလိုလို ဒီလိုလို
မိုးတောင်က ညိုခဲ့တယ် …။

ကြမ္မာ အဖျက်မှာ
တခါ တသက်
ကမ္ဘာ မပျက်ဘဲ
ငါတို့ပဲ ခါးသက်ကြရပြန်ပြီ …။

တမာတွေကြား
ငှက်ခါးတွေပျံ
လေဆန်အန်တု
သူမမှုပေမယ့်
ပျံလေတဲ့ ငှက်ခါး
နားမှ သိမတဲ့လား
သူချိုရင် ကိုယ် မခါးပါဘူးလေ ….။

ချစ်ခဲ့တယ် မခင်ပျို
ချစ်ခဲ့တယ် ဒေါက်တာ မသီတာ
ဇော်ဇော်အောင် ပြောတော့
မခင်ပျို၊ မသီတာ၊ သူပါသေဆုံး
သူတို့အားလုံး အသက်ရှင်သတဲ့ …။

မဏိမေခလာ
ကျနော့်ကို ဆယ်ထားရစ်တဲ့
ရေနစ်မယ့် ခေတ်ထဲမှာ
ဆိုင်မွန်ဒီဗူးဗွားက လွဲလို့ပေါ့။

ခင်ဗျားကို ချစ်ချင်တယ်
ယုဇန မခင်ပျို …
ဒါပေမယ့် ခင်ဗျားကို ချစ်တယ်
ယုဇန မခင်ဝါ …။

သင်ကာ

Advertisements

Leave a comment

Filed under Classic, Poem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s