ထိုင်းတွေ မြန်မာအပေါ် အထင်မသေးကြတော့ဖို့ စပြောပြီ

တနေ့က ရုံးမှာ ပရင်တာနားမှာတွေ့တဲ့ ဘန်ကောက်ပို့စ်ရဲ့ စပက်ထရမ်ဆက်ရှင် သီခြားအချပ်ပိုကို ကောက်လှန်လိုက်တယ်။ မြန်မာပြည်အကြောင်းတွေ အများကြီးပါတယ်။

အဲဒီမှာ “အသွင်သစ်” မြန်မာအပြည်နဲ့ ဆက်ဆံရေးလုပ်တဲ့အခါ ထိုင်းတွေ စိတ်ထားပြောင်းဖို့ လိုပြီ (Thailand needs fresh mindset in dealing with ‘new’ Myanmar) ဆိုတဲ့ ဆောင်းပါးကို စိတ်ဝင်တစား ဖတ်ကြည့်တယ်။ အချရာ အရှာယာဂါချတ် (Achara Ashayagachat) က ချူလာလေင်ကွန်းတက္ကသိုလ်နဲ့ နာရေစွမ် တက္ကသိုလ်တွေက ပညာရှင်တွေ အပါအဝင် တော်တော်များများကို မေးပြီးရေးတာပါ။

သူရေးထားတာကို အနှစ်ချုပ် ပြန်ပြောရရင် ဒီလိုပါ။

ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာတဲ့ မြန်မာ့ ပင်မနိုင်ငံရေး ရေစီးကြောင်းဟာ ထိုင်းတွေအဖို့ မြန်မာတွေအပေါ် ထားတဲ့သဘောထားကို အလျင်အမြန်ပြောင်းဖို့ ဖြစ်လာတော့မယ်လို့ မျှော်လင့်စရာရှိပါတယ်။

ထိုင်းမှာ ရောက်ရှိနေပြီး ထိုင်းစီးပွားရေး မောင်းနှင်လည်ပတ်မှုကို အကြီးအကျယ် အထောက်အကူပြုနေတဲ့ တရားဝင်၊ တရားမဝင် မြန်မာလုပ်သား သွင်းအားစုကြီးကို မီးမောင်းထိုးပြပြီး ဆောင်းပါးရှင် ပြောထားတာက သူတို့သာ တပြုံလုံး ပြန်သွားလို့ကတော့ ခက်ရချည့်ဆိုတာကို တပ်လှန့်ထားပါတယ်။ တရားမဝင် ခိုးဝင်ရောက်ရှိလာတာပဲဖြစ်ဖြစ်၊ ဒုက္ခသည်စခန်းတွေကနေ ရောက်လာတဲ့ မြန်မာအလုပ်သမားတွေပဲဖြစ်ဖြစ် သူတို့ရဲ့ လုပ်အားခ ချိုသာမှုနဲ့ အောက်ခြေသိမ်း လုပ်ပေးနိုင်မှုတွေဟာ ထိုင်းရဲ့ နိုင်ငံလုံးချီ စီးပွားရေးလည်ပတ်မှုကြီးမှာ အခရာဖြစ်နေတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့ အချက်ဖြစ်တယ်ဆိုတာလည်း ဆောင်းပါးမှာ ပေါ်လွင်အောင် ရေးထားတယ်။

ထိုင်းဟာ မြန်မာနဲ့ ဆက်ဆံရာမှာ စိတ်သဘောထား အသစ်တွေ ထားဖို့ လိုနေပြီ၊ မြန်မာဟာ မဟာအင်အားကြီး (အမေရိကန်၊ တရုတ်၊ အိန္ဒိယ) တွေနဲ့ ဆက်စပ်ပြီး ပထဝီ မဟာဗျူဟာမြောက် ဖြစ်လာနေပြီလို့ ချူလာလောင်ကွန်းတက္ကသိုလ်က တွဲဖက် ပါမောက္ခ ဆူရာချာ့တ် ဘမ်ရူဆတ် (Surachart Bamrugsuk) ကို ကိုးကားရေးသားထားတယ်။

မြန်မာပြည် စီးပွားရေး လမ်းပွင့်၊ စန်းပွင့်မှုဟာ ထိုင်းအပါအဝင် ဒေသတွင်းနိုင်ငံတွေကို အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုင်းအနေနဲ့ မြန်မာရဲ့ ဖွံ့ဖြိုးဖို့ အားယူလာမှုတွေအပေါ် ကူညီရမယ်ဆိုတာလည်း ဆောင်းပါးမှာ ရေးထားတယ်။

အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက နာရေစွမ် တက္ကသိုလ် (ထိုင်းအခေါ် နာရေစွမ်၊ မြန်မာအခေါ် ဗြနရာဇ် ဘုရင်ကို ဂုဏ်ပြုမှည့်ခေါ်ထားတာ) က လူမှုရေးဘာသာရပ် တွဲဖက်ပါမောက္ခ၊ မြန်မာစာနဲ့ ယဉ်ကျေးမှု ကျွမ်းကျင်သူ ပါရဂူ ဝီရတ် မျုံတမ် (Wirat Miyomtam) ရဲ့ မှတ်ချက်ပါ။

မြန်မာတွေအပေါ်မှာ ပုံသေကားကျနဲ့ “လုံချည်ဝတ်တွေ၊ တယူသန် ဗုဒ္ဓဝါဒီတွေ၊ အာဏာရှင်လက်အောက်မှာ စုတ်ပြတ်နေတဲ့ လယ်သမားတွေ” ဆိုတာ ထိုင်းသာမာန်လူထုရဲ့ အမြင်ဖြစ်နေတယ်။ ဒီလို အများသဘောထားဖြစ်အောင် လုပ်ထားခဲ့ကြတဲ့ ကိစ္စတွေကို မူဝါဒ ချမှတ်သူတွေဟာ ထည့်သွင်းစဉ်းစားရမယ်လို့ သူက ပြောထားပါတယ်။

ဆောင်းပါးမှာ ထိုင်း-မြန်မာ နယ်စပ် ခွဲခြားမှု ရှင်းလင်းပြတ်သားရေးကိုလည်း အတော်ဇောင်းပေး ထည့်ထားတာတွေ့ရတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ အခုက တိုင်းရင်းသားလက်နက်ကိုင်တွေက နယ်စပ်မှာ ထိန်းချုပ်ထားတော့ သူတို့တွေက မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းကြပြီဆို နယ်စပ်ပြဿနာက ရှင်းလင်းမှ ဖြစ်တော့မယ့် ကိစ္စကိုး။

မြန်မာ့စီးပွားရေးစန်းပွင့်မှုမှာ ထိုင်းက မြန်မာ အပေါ် အရင်သဘောထားဟောင်းတွေနဲ့ အလုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်း၊ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံလာပြီဖြစ်တဲ့ မြန်မာအပေါ် “လေးလေးစားစား သဘောထားဖို့နဲ့ အမြတ်ထုတ်ဖို့လောက် မြင်တာတွေ မပါတဲ့ လမ်းကြောင်းမျိုး” ထားသင့်ပြီလို့ တွဲဖက် ပါမောက္ခ Surachart Bamrugsuk က ပြောလိုက်ပါတယ်။

(Facebook မှာ ဖတ်လိုလျှင် Click Here)

သင်ကာ
(ဧပြီ ၃၊ ၂၀၁၂)

Advertisements

Leave a comment

Filed under Article, Translation

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s