Drinking Circle

Photo - Sunnyga

သံသရာ

7 pm – ၁ ပက် = အင်တာနက်ပေါ် ဟိုဖွင့် ဒီဖွင့် ဟိုကြည့်ဒီကြည့်။

7:30 pm – ၂ ပက် = သီချင်းမြူးမြူး (သို့) လွမ်းလွမ်းတွေ စဖွင့်လာ။

8:00 – ၄ ပက် = ဖေ့စ်ဘုတ်မှာ လေသံမာလာ (သို့) ဟီးဟား ပြော။

8:30 – ၆ ပက် = ဂျီမေးလ်ဖွင့်ကာ ရန်စလျှင်စ၊ မစရင် လာပြောတဲ့လူကို ဘုတော၊ မတောရင် လူနိုင်တွေကို လိုက်စ၊ မစရရင် ဘုန်းကြီးတွေ၊ စာဂျပိုးတွေကို သူတို့ မဖတ်ဖူးလောက်တဲ့ စာအုပ်တွေနဲ့ Googling လုပ်ပြီး ကိုင်ပေါက်၊ စာအုပ်စင်ပေါ်က စာအုပ်တွေ ဆွဲချပြီး လှန်၊ စကားနိုင်လု၊ မလုရင် စိတ်တိုတတ်တဲ့သူကို မခံချင်အောင် စ၊ ရန်ဖြစ်တဲ့ အထိစ။

9:00 – ၈ ပက် = ဖေ့စ်ဘုတ်မှာရော၊ ဂျီတော့ခ်ရော တွေ့သမျှလူကို စိန်ခေါ်။

10:00 – ၁၀ ပက် = တဖက်ကလူက မခံနိုင်တော့ block သွား၊ ဂျီမေးလ်ကနေ ဖြုတ်သွား၊ ရစ်လို့ရမယ့်လူ လိုက်ရှာပြီး ထပ်ရစ်။

11:30 – ၁၂ ပက် = ညစာစားဖို့ မေ့ပြီး တီဗီကြည့်ကာ အိပ်ပျော်။

– – – –

9 am – ငါညက ဘာတွေ လျှောက်လုပ်ထားပြီလဲလို့ မလုံမလဲနဲ့ ဖေ့စ်ဘုတ်တက်ကြည့်ပြီး ဟိုဟာဖျက်၊ ဒီဟာဖျက်။ အဲဒီအချိန် ဖုန်းဝင်လာ၊ အစ်ကို ညက ပြောထားတာ ကူညီဦးလေ … တဲ့။ ဘာ ပြောခဲ့မှန်းမသိလို့ ဖေ့စ်ဘုတ်နဲ့ ဂျီတော့ခ်မှာ ပြန်ရှာ …။

(23. Mar. 2012)

Advertisements

1 Comment

Filed under Joke

One response to “Drinking Circle

  1. Anonymous

    ကောင်းတဲ့အလုပ်တွေတော်တော်လုပ်နေတာပဲ ကောင်းတာပေါ့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s