Wa and Wi

(Xcitefun fantasy and illusion art work-1)

ဝနဲ့ ဝိ

မြရဲ့ …

ဘဝဟာ လနဲ့ တူတယ်

အေးမြသည်မဟုတ်

မှောင်လှသည်မဟုတ်

သူသည် ငုတ်တုတ် အရှိတရား

ကဗျာဆရာတွေကြောင့်

သူဖျားနေတာ …။

မြရဲ့ …

လောကနဲ့ ဘဝမှာ

ဘယ်သင်းဟာ တရားစီရင်စေလို့

ငါတို့ ရင်ဖွင့်ရဲခဲ့တာ မဟုတ်ဘူး

မင်း ထန်းသီးဖြစ်တဲ့အခါ အော်မယ်

ကျီး ဖြစ်တဲ့အခါ ဆော်မယ်

လောကဟာ ရေးထားတဲ့ ဝတ္ထု တပုဒ်မဟုတ်ဘူး

အေး … ငါလား

ငါ့ဇာတ်ညွှန်း ငါခွဲ

အသက်လည်း ၃၀ ကျော်သွားတယ် …။

မြရဲ့ …

လက သာမြဲ

ထန်းသီးတွေ သီးမြဲ

ကျီးတွေလည်း နားမြဲ

ဇာတ်ညွှန်းဆက်ရေးနေတာက

ငါတယောက်တည်းတော့ မဟုတ်ဘူးရယ် …။

သင်ကာ

၈. ၈. ၂၀၁၁

(မျက်ရှုမဂ္ဂဇင်းတွင်ဖော်ပြပြီး)

Advertisements

Leave a comment

Filed under Poem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s