WikiLeaks: Than Shwe Considered Manchester United Buyout

နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ပြန်လည် ထူထောင်ရေးတွေ နှေးကွေးလွန်းလို့ ကုလသမဂ္ဂက စိတ်မရှည် ဖြစ်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့မြေး ဖိုးလပြည့်က ပူဆာတဲ့အတွက် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ ၁ ဘီလီယံ အသုံးပြုပြီး ဝယ်ယူဖို့ စဉ်းစားခဲ့သေးတယ်လို့ ဝီကီလိ (ခ်) ကနေ သတင်းပေါက်ကြားလာပါတယ်။

ရန်ကုန်ရှိ အမေရိကန် သံရုံးကနေ ဝါရှင်တန်ကို ၂၀ဝ၉ ဇွန်လမှာ ပေးပို့တဲ့ အကြောင်းကြားစာမှာ “အထဲနဲ့ အဆက်အသွယ် ကောင်းကောင်းရှိသူတယောက်က သတင်းပို့လာတာကတော့ သူ့မြေးက ဦးသန်းရွှေကို မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ဖို့ ဒေါ်လာ ၁ ဘီလီယံ ပေးစေချင်နေပါတယ်” တဲ့။ “ဒါပေမယ့် ဦးသန်းရွှေက ဒီလို ပေးဝယ်လိုက်တာဟာ အရုပ်နည်းနည်းဆိုးတာကြောင့် မြန်မာပြည်မှာပဲ ကိုယ့် မြန်မာလိဂ်ကို လုပ်ဖို့ ရွေးလိုက်တယ်” တဲ့။

ဒါဟာ မြန်မာပြည်မှာ သောက်သောက်လဲ ချမ်းချမ်းသာနေတဲ့ စီးပွားရေးသမားကြီးတွေ ဘောလုံးအသင်းထောင်ကြပြီး မြန်မာနေရှယ်နယ်လိဂ် ပေါ်ပေါက်လာရခြင်း အကြောင်းရင်းပါပဲ။

မက်စ် ဇော်ဇော်ဟာ ဦးသန်းရွှေရဲ့ မြေး ဖိုးလပြည့်ကို သူပိုင်တဲ့ အသင်းမှာ ကစားဖို့ ငှားရမ်းခဲ့သေးတယ်လို့လည်း တခြား ကေဘယ်သတင်းတခုမှာ ပါလာပါတယ်။

ဝီကီလိ (ခ်) ဟာ အစိုးရတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ လျှို့ဝှက် ပေးစာ၊ အကြောင်းကြားစာနဲ့ စာရွက်စာတမ်းတွေကို ဖော်ထုတ်နေလို့ အခုတလော ကမ္ဘာ့သတင်းမှာ ထိပ်တန်းသတင်းနေရာက ယူနေတဲ့ ဝက်ဘ်ဆိုဒ် တခုဖြစ်ပါတယ်။

(ဝီကီလိ (ခ်) မှာ ပေါက်ကြားလာတဲ့ မြန်မာ နေရှင်နယ် လိဂ် နဲ့ ဘောလုံးအသင်းပိုင်ရှင် စီးပွားရေးသမား တချို့အကြောင်း။ ပထမစာဒုတိယစာ )

Ref: Guardian

Advertisements

Leave a comment

Filed under News, WikiLeaks

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s