WikiLeaks: Intro

(မြန်မာ ဝီကီပီဒီးယား ဆိုဒ် နှစ်ခုအတွက် ရေးနေတဲ့ ဝီကီလိ (ခ်) အကြောင်းပါ။ ဘလော့ဂ်မှာလည်း တင်လိုက်ပါတယ်။)

ဝီကီလိ (ခ်) (wikileaks) သည် နိုင်ငံတကာ အကျိုးမမြတ်မရှာသော မီဒီယာသစ် မီဒီယာ အဖွဲ့ဖြစ်သည်။ အမည်မသိ သတင်းရင်းမြစ်နှင့် ပေါက်ကြားမှုများမှတဆင့် သာမန်အားဖြင့် ရရန်ခက်ခဲသော စာရွက်စာတမ်းများကို တင်ပေးနေသော နေရာဖြစ်သည်။ ဝီကီလိ (ခ်) ဝက်ဘ်ဆိုဒ်ကို The Sunshine Press က ၂၀ဝ၆ တွင် စတင်သည်။ စတင်သည့် နှစ်မှာပင် စာရွက်စာတမ်းပေါင်း ၁.၂ သန်းခန့် တိုးပွားလာခဲ့သည်။

ယခုအဖွဲ့ကို တောင်အာဖရိက၊ ဥရောပ၊ ထိုင်ဝမ်၊ အမေရိကန် တို့ရှိ နည်းပညာရှင်များနှင့် စာနယ်ဇင်းသမား၊ သင်္ချာပညာရှင် တရုတ်အတိုက်အခံများက စ၍ ထူထောင်သည်ဟု ဖော်ပြခဲ့ဖူးသည်။ သတင်းစာဆောင်းပါးများနှင့် The New Yorker မဂ္ဂဇင်းတို့က  သြစတြေးလျ အင်တာနက် တက်ကြွလှုပ်ရှားသူ ဂျူလီယန် အက်စ်ဆန်း (Julian Assange) ကို ဝီကီလိ (ခ်) ဒါရိုက်တာအဖြစ် ဖော်ပြကြသည်။

ဝီကီလိ (ခ်) သည် ၂၀ဝ၈ ခုနှစ် Economist မဂ္ဂဇင်း မီဒီယာသစ်ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည်။ ၂၀ဝ၉ ခုနှစ် ဇွန်လတွင် ဝီကီလိ (ခ်) နှင့် ဂျူလီယန် အက်ဆန်သည် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (ယူကေ) ၏ မီဒီယာဆု (မီဒီယာသစ်ကဏ္ဍ) ကိုရရှိသည်။ ၂၀ဝ၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော “ကင်ညာ – သွေးညဉ်းသံ၊ တရားမဲ့ သတ်ဖြတ်ခြင်းနှင့် အပျောက်ဖျောက်ခြင်းများ” အတွက် ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသည် ကင်ညာနိုင်ငံ လူ့အခွင့်အရေး အမျိုးသား ကော်မရှင်၏ အစီရင်ခံစာဖြစ်ပြီး ကင်ညာရှိ ရဲများ၏ တရားမဲ့ သတ်ဖြတ်မှုများကို ဖော်ပြထားသည်။ ၂၀၁၀ ပြည့်နှစ် မေလတွင် နယူးယောက် နေ့စဉ် သတင်းက ဝီကီလိ (ခ်) ကို “သတင်းကို လုံးဝပြောင်းလဲသွားစေနိုင်သော ဝက်ဘ်ဆိုဒ်” အဖြစ် ပထမနေရာတွင် အဆင့်သတ်မှတ် ဖော်ပြခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ဝီကီလိ (ခ်) က အချင်းချင်း ပြန်သတ်မှု အမည်ရှိ ၂၀ဝ၇ ဇူလိုင်လ ၁၂ ရက်နေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက် လေကြောင်း စစ်ပွဲတွင် အမေရိကန် တပ်များကြောင့် သေကြေခဲ့ရသော အရပ်သားများနှင့် စာနယ်ဇင်းသမားအကြောင်း ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။ အဆိုပါနှစ် ဇူလိုင်လတွင် ဝီကီလိ (ခ်) က ယခင် လူထုအကြား တခါမျှ မသိရှိသေးသော စာရွက်စာတမ်းပေါင်း ၇၆,၉၀ဝ ပါ အာဖဂန် စစ်ပွဲ (၂၀ဝ၁ မှ ယခုအထိ) ဖိုင်များကို တင်ခဲ့သည်။ အောက်တိုဘာလတွင် အဓိက စီးပွားရေး မီဒီယာအဖွဲ့အစည်းကြီးများ၏ ပူးပေါင်းမှုဖြင့် အီရတ်စစ်ပွဲ မှတ်တမ်းများ အမည်ရှိ စာရွက်စာတမ်းဖိုင်ပေါင်း ၄၀ဝ,ဝ၀ဝ ကို တစုတည်း ထုတ်ဖော်ခဲ့သည်။ နိုဝင်ဘာတွင် ဝီကီလိ (ခ်) က အမေရိကန်ပြည်ထောင်စု နိုင်ငံခြာရေးဝန်ကြီးဌာနမှ သံတမန်များ အချင်းချင်း အလွတ်သဘောပြောဆိုသော ကြေးနန်းစာများကို ဖွင့်ချလိုက်သည်။

ဝီကီလိ (ခ်) စတင်စဉ်က အသုံးပြုသူ-အလွယ်တည်းဖြတ် စနစ်ဖြစ်ပြီး မီဒီယာဝီကီ ကိုလည်း သုံးစွဲခဲ့သည်။ သို့သော် ယခုအခါ အစဉ်အလာ ပုံနှိပ်လုပ်ငန်းပုံစံဘက်သို့ တဖြည်းဖြည်းတိုးတက်လာပြီး အသုံးပြုသူများ၏ ကော်မန့်နှင့် တည်းဖြတ်မှုကို ဆက်လက် လက်ခံခြင်း မရှိတော့ပေ။

Advertisements

Leave a comment

Filed under Article, WikiLeaks, Wikipedia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s