Sham Election and Near Future

Police truck passes near the office of NLD in Yangon. (Photo-Reuters)

ရွေးကောက်ပွဲဆိုတာကြီးတော့ ပြီးသွားပါပြီ။ အစကတည်းက ဘာမှ မျှော်လင့်မထားတာမို့ ဘယ်လိုမှတော့ မနေပါဘူး။ ဒါပေမယ့် ထင်တာထက်ပိုညစ်ပတ်တာတွေကိုတော့ အလွန်ပဲ ရွံမိပါတယ်။

ကိုမြတ်သွင်ကတော့ “ရွေးချယ်ထားပြီးသားလူတွေနဲ့ ကောက်ကျစ်စွာ စီစဉ်ကျင်းပသည့်ပွဲ” လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ အဲဒီဖွင့်ဆိုချက်ကို သဘောတူပါတယ်။

စစ်အစိုးရက ကြံဖွံ့ပါတီ မဟန်တာကို သိတယ်။ ဒီတော့ ကြိုတင်မဲဆိုတာကို ဝှက်ဖဲအဖြစ် ထုတ်သုံးသွားတယ်။
မီဒီယာတွေပေါ်မှာ ကြံဖွံ့ပါတီအပေါ် တခြားပါတီဝင်တွေရဲ့ ဒေါသတွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရဲ့ ကြိတ်မနိုင်ခဲမရမှုတွေ၊ ပြည်သူလူထုတွေရဲ့ ကဲ့ရဲ့ဝေဖန်မှုတွေကို ဖတ်ရကြားရမှာပါ။

စစ်အစိုးရရဲ့ ညစ်ပတ်ပြီး စုတ်ပဲ့မှုတွေကို လူထုက တာရှည်ငြိမ်ခံနေ မနေကတော့ ကြည့်ရမှာပါပဲ။

ကြိုတင်မဲတွေနဲ့ စိတ်ကြိုက် လိမ်ထားတဲ့ ရွေးကောက် လုပ်ပွဲကြီးကို ပြည်သူတွေ ဒေါသထွက်နေခြင်း၊ နယ်စပ်တိုက်ပွဲတွေ ပြန်စလာခြင်း၊ ဆန်၊ ဆီနဲ့ လောင်စာဆီ စျေးနှုန်းတွေ ထိုးတက်လာခြင်းနဲ့ ဒေါ်စုလွတ်မြောက်မှုကို ပြည်သူတွေက မျှော်လင့်နေခြင်းတွေဟာ တခုခုဆီကို ဉီးတည်နေသလားလို့ ခံစားမိပါတယ်။

ဒါက ဟိုအရေး ဒီအရေး ကျွမ်းကျင်သူအနေနဲ့ ကျနော် ပြောတာ မဟုတ်ပါဘူး။ စိတ်ထဲမှာ ခံစားမိတာကို ပြောတာပါ။ ဒါမှမဟုတ် ကျနော်ကိုယ်တိုင်က အပြောင်းအလဲအတွက် ဖြစ်ချင်တဲ့ ဆန္ဒစောတာလို့လည်း ပြောချင်ပြောနိုင်ပါတယ်လေ။

သင်ကာ
နိုဝင်ဘာ ၁၂၊ ၂၀၁၀

Advertisements

Leave a comment

Filed under Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s