Copy & Paste Media

Copy & Paste Media
ကူးတင် မီဒီယာများ

သတင်းတွေကို ပြည်တွင်း ပြည်ပ မီဒီယာအသီးသီးနဲ့ ဆိုဒ်တွေကနေ ကူးတင်တဲ့ ဝက်ဘ်ဆိုဒ်တွေကို သတိထားမိနေတာ ကြာပါပြီ။ မြန်မာ ဘလော့ဂ်တွေလည်း ခရက်ဒစ်ပေးပြီးတော့ပဲ ဖြစ်ဖြစ်၊ ပေးရကောင်းမှန်း မသိလို့ဘဲ ဖြစ်ဖြစ်၊ တမင် မပေးချင်လို့ပဲဖြစ်ဖြစ် သတင်းတွေ၊ ဆောင်းပါးတွေ၊ စာစုတွေကို ကူးတင်နေကြတာကတော့ ကြာပါပြီ။ ဒီလို ကူးတင်ကြပေမယ့် ဘယ် သတင်း၊ မီဒီယာ ဌာနကမှ အပြစ်တင် ပြောဆိုတာမျိုးမှလည်း မကြားဖူးပါဘူး။ ကျော်လို့ ခွလို့ မရသူတွေ၊ သတင်းဆိုဒ်တွေကို မရောက်ဖြစ်သူတွေ ဖတ်ဖြစ်သွားတာပေါ့ ဆိုပြီး မုဒိတာ ထားကြလိမ့်မယ် ထင်ပါတယ်။

ဒါပေမယ့် ဝက်ဘ်ဆိုဒ်ထောင်ပြီး ရှိသမျှ သတင်းတွေ အကုန်သိမ်းကြုံးတင်၊ ခရက်ဒစ်ကို မထင်မရှားပေး၊ နာမည်ကို ထင်ယောင်ထင်မှား ဖြစ်စရာ တပ်ပြီး “မီဒီယာ” အမည်ခံသူတွေကိုတော့ ဘလော့ဂ်လို အမျိုးအစားထဲ ထည့်ပြီး ခွင့်လွှတ်ဖို့ ခက်ပါလိမ့်မယ်။ ရှိသမျှ ၏သည် မရွေး ကူးတင်ပြီးတော့ အယ်ဒီတာ အမည်ဝင်ပြီး ဂုဏ်ခံသေးတာကလည်း သာပြီး ဆိုးရွားလှပါသေးတယ်။ ဒါကြောင့် ကူးတင် မီဒီယာ (Copy & Paste Media) လို့ အမည် သညာ တပ်လိုက်ပါတယ်။

ခရက်ဒစ်ကို မှန်ဘီလူးနဲ့ ရှာမှ တွေ့ရမယ့် နေရာမျိုးမှာ သွားပေးထားတာ၊ သတင်း ရေးသားသူ/တင်သူ ဆိုတဲ့ နေရာမှာ ကိုယ့်နာမည်ကိုယ် ဖော်ပြထားတာ၊ မူရင်း သတင်းခေါင်းစဉ်/အရေးကြီးစာသားများကို ပြင်တာ စတဲ့ လုပ်ပုံလုပ်နည်းများဟာ ကျင့်ဝတ်နဲ့ မညီပါဘူး။ ခိုးယူရာ ရောက်ပါတယ်။

မြန်မာ ဘာသာနဲ့ ဘလော့ဂ်တွေ၊ အပျော်တမ်း ဝက်ဘ်ဆိုဒ်တွေ ပေါများလာပေမယ့် ကျင့်ဝတ် အားနည်းနေသေးတာကို ဒီလို မိတ္တူဆိုဒ်တွေကို ကြည့်ခြင်းအားဖြင့် မြင်နိုင်ပါတယ်။

X ကူးတင် မီဒီယာများ
Mymc News – Fresh News Stream http://www.mymcnews.net/news/
ဟံသာဝတီ – လွတ်လပ်သော သတင်းမီဒီယာ http://www.htwd.info/
မြန်မာ့ သတင်းရပ်ဝန်း http://www.myanmarnewszone.com/
မြန်မာ့ သတင်း http://burmese.myanmathadin.com/

သတင်းဝက်ဘ်ဆိုဒ်ထောင်ပြီး တန်ရာတန်ရာ အားထုတ်မှု မရှိဘဲ လွယ်သလို လုပ်နေသည်မှာ အားပေးစရာ မဟုတ်ပါ။ ယုတ်စွအဆုံး ပြည်တွင်း ပြည်ပ သတင်းမီဒီယာက သတင်း၊ ဆောင်းပါးတွေကို ကူးယူမယ် ဆိုရင်လည်း ပထမတပိုဒ် (သို့) နှစ်ပိုဒ်ကို ကူးပြီး လင့်ခ် ချိတ်ပေးတာ၊ တတ်နိုင်ရင်တော့ သတင်း၊ ဆောင်းပါးတွေကို သုံးသပ်ပြ၊ ဝေဖန်ပြ၊ ဆွေးနွေးတာမျိုးတွေ လုပ်ရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။

ဒီဝက်ဘ်ဆိုဒ်မျိုးတွေက အတုယူစရာ ကောင်းပါတယ်
Freedom News Group – All the News in Real Time http://freedomnewsgroup.com/
Myanmar Daily News http://mdn.co.uk.tt/
အရှေ့ မိုးကောင်းကင် Crystal Think Tank http://magazine.crystalthinktank.com/
Myanmar Daily http://myanmardaily.net/
မြို့တော် ပုသိမ် သတင်းစဉ် http://patheincity.com/news/

သင်ကာ
သြဂုတ် ၁၈၊ ၂၀၁၀

Advertisements

1 Comment

Filed under IT & Blogging, Journalism, Media

One response to “Copy & Paste Media

  1. အျပည့္အဝ ေထာက္ခံ၏ ကိုသင္ကာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s