Ancient Myanmar Humorous Poem 7

(၁၁) ဘူးယို ရည်းစားစာ။
အိုင်လပ် (ဖ်) ယူ ဘဲဒီးမတ် (ချ်)
စွဲမှီးကပ် မှန်တယ်
ဟဲရီးအပ် ကြံရွယ်
စံစပယ်ဇင်ပန်း
ရိုးဆီချိ (စ်) ခိုင်ပန်းကြူရယ်
အိုင်ဝမ်းတူ ကစ် (စ်) ဖေမှန်း
ပရစ်တီးဖေ့ (စ်) မေ အသားဝါရယ်
နေ့မကြာ စိတ်တမ်း
လေဒီ ဖေရည်မှန်းလို့
နေရီချမ်းအခါ
ဖော်မသီ ဂျော်လီကင်း
ဆောဒီးခြင်း ဖြစ်ရပါတော့တာ
လက်တားရ ရက်များကြာသော်
ခက်ငြားစွာ ယူဆီးတော့
ဗြူတီးဖူး (လ်) လေးမျက်ရှင်
တွေးလျက်ထင်ထင်
နောင်း-အင်-သင်း ပုလဲခင်ရယ်
မဲရစ် (ချ်) ချင်စမ်းပါဘိလေး။

(၁၂) လူရွှင်တော်များ သုံးလေ့ရှိသည့် ဟားကွက် ဗုံတောက် ကဗျာများ။

(က) ထစ်လတစ်တစ်၊ ရှည်လတေတေ
သူများဟာထက်ရှည်
တခါတလေတော့ ငေါက်ကနဲ
အပေါက်လွဲတော့ လုပ်မရနိုင်
ဆောင့်ဆောင့်ထိုင် ကိုင်လို့ တုတ်ရတယ်ကွယ်
အလိုဗျာ တို့ မှုတ်တဲ့ နှဲ။

(ခ) ပေါင်နှစ်ချောင်း မြှောက်ပါလို့
အပေါက်ဟောင်းတဲ့ သွတ်လိုက်ရင်
ပြွတ်ကနဲဝင်
တခြားဟာ လျှောက်မတွေးကြနဲ့
တရုတ်ပြေ ဂန္ဓာကျေးရယ်
ဝတ်လိုက်ရင် အလွန်နွေးတယ်
အလိုဗျာ ဘောင်းဘီတဲ့လေး။

(ဂ) ကုမ္မာရီချောအလှ
သွားခေါက ဂဠုန်
ပြောသမျှ ယုံပါကွယ်
မုံရွာက ဆန်ပြုတ်
မိုးကုတ်က ကျောက်နီပေါ်တယ်
ငမောက်ပြည်ကျော် စပ်တဲ့ ငြုပ်သီး။

(ဃ) ကျောက်မဲနာနတ်နှင့်
ဖိနပ်က ကျိုက်ထို
မော်လမြိုင် ဒူးရင်းယို
ရှိန်းခိုက ညှော်ပြီး
ကွမ်းသီးကြိုက် တောင်ငူမှာ
ကြောင်ဖြူဟာ မင်းကုသမယား။

(င) ဆပ်ပြာသည် လင်ပျောက်လို့
ဖင်ကောက်တဲ့ လင်းမြွေ
ကာလနဂါး အလွန်ရှည်တယ်
ခုနှစ်ပြည်ထောင် စစ်ခင်း
ချင်းတွင်းမြစ် သလ္လာဝတီ
ရာဇဌာနီ မန်းရွှေမြို့ကြီး။

(စ) တို့ အမေအကြံကောင်း
ရေနံချောင်းက မုံ့ပေါင်းဝယ်
ပုဂံက ရေသယ်
ကျုံးရေဝယ် ဝင်ချိုး
ဆိတ်သိုးက အလွန်ညှီတယ်
ပန်ချာပီ မုတ်ဆိတ်ကများ။

(၁၃) တိုင်းရင်းမြန်မာ ဆရာတင်ရေးသော မောင်ဝံသာ (မျိုးချစ်) နှင့် မပန်းစုံ (မယ်ဗရုတ်) တို့၏ အချေအတင်။

မောင်ဝံသာ။    ။ အကျီလွှာပါး၊ အမြင်ထွား၊ ရင်သားကိုပြ၊ စက္ခုအာရုံ၊ ကာမဂုဏ်၊ တဏှာဟုန်ဆွတဲ့ ဟဲ့ အမိုက်မ။

အတွင်းက လယ်ဟိုက်၊ မာယာများ၊ ဂရာပွား ကာလသားကြိုက်တဲ့အောင် ဖန်လိုက်မည်၊ မယ်ဗရုတ်၊ အကြံမကောင်းအောင်၊ စံကျောင်းဆောင်ဝယ်၊ ဖလ်ပေါင်းချောင် အုပ်သလို ပြုလုပ်ကြ၊ ဘောက်သောက် လော်လော်မာမာ၊ ဟဲ့ အပျော်ရှာတဲ့၊ နင် ဂေါ်တပ် ရောက်ချင်သလား။

မယ်ဗရုတ်။    ။ တို့ဘုန်းကံ၊ သူစီမံ၊ ကြာဟန်နှင့်ကြွား၊ အတွင်းပလီ၊ ဆင်းမဒီ၊ အကျီအပါးပေမယ့်၊ အသားအေးမြ၊ နှစ်ဖက်ညှပ် ဖော်မြွက်လတ်သော်၊ လက်ပတ်စော်မနံရအောင် ဝတ်ကြသဟဲ့။

ကြွတတ တပျို့ရင်၊ ဇမ္ဗူထိုမြေ၊ မြူချိုစေ၊ လူပျိုတွေ မြင်စေဖို့၊ ပြင်ဆင်တဲ့ သဘော၊ အနိတ်ကညာအလှ၊ စိတ်မှာ ကြွပြီး၊ နိဗ္ဗာန ပဟစ္စယောမို့၊ လောကအသင့်၊ မဒီကညာလှအသားဝါ၊ လသာတုန်း ဗိုင်းငင့်သလို၊ မျှော်လင့်ရပျိုမယ်၊ အဆန်းတနီး၊ စခန်းကြီးတဲ့၊ ရမ်းသီးဝယ်ချင်ပေါ့၊ ရှက်မျှင်လာဘ်လွဲ၊ ပန်ချာပီတပ်ထဲ ရောက်စေတော့၊ မကြောက်ဘူးဟဲ့ ငါ။

မောင်ဝံသာ။    ။ အဟုတ်တွင်၊ မလုပ်ချင်၊ ရုပ်ရှင်ကိုသုံး၊ မထိုက်မတန်၊ မိုက်ဉာဏ်နှင့် ဟဲ့ ပိုက်ဆံဖြုန်းမ။

ပြုံးတုံးတုံးဟန်ပန်၊ အမှောင်မိုက်မိုက်၊ ချောင်တဝိုက်၊ လူနှိုက်ခံချင်တဲ့ အပျံအစား၊ တနဲမာယာ၊ အမြဲရှာ၊ ပွဲတကာသွား၍၊ အကြွားနှ်ု့ လောလီ၊ အညာအလှိုင်း မာယာဝိုင်း၊ လူမြင်တိုင်း ကြိုက်တဲ့ ဟဲ့ ပိုင်းလုံးမ။
ရင်ဆီမှာဇာသ၊ ထမီပွင့်ထိုး၊ ဖဲစီးကြိုးနှင့် ဟဲ့ဗွေဆိုးမ။

မယ်ဗရုတ်။    ။ ဒစလပ်ပင်၊ မပြတ်ပင်၊ ဓတ်ရှင်ကိုသွား၊ အခွင့်မတူ၊ အသင့်မြှူ၊ နင့်အပူလားဟဲ့၊ အကြွားနှင့်သုံး၊ လှလှတမေ၊ ညညနေ၊ ငါ့ငွေငါဖြုန်းတာကို၊ မဆုံးမပါနဲ့ နင်။

တဖဝါးမခွာ၊ များပြားစွာ၊ သားတရာ ရစေတော့၊ မဝဘူး အရွှင်၊ တနည်းတရပ်၊ အပြီးသတ် မီးလို့ မွေ့ရာ တင်မဟဲ့၊ ကမ္ဘာတခွင်လုံး တဘဝမကွာ၊ ခဏတာပေမယ့်၊ အရသာ အရှိဆုံးမို့၊ တပြုံးပြုံးခံစားပြီး၊ ပျံလွှားအပျို နံပြားချို၊ ဟောဒီ ကျမက ကောင်းတဲ့ နံပြားချို။

မောင်ဝံသာ။    ။ အလီအပွေ၊ မဒီမေ၊ ကြောက်စရားဖုံး၊ လောက်ပမာ တနှုန်းနဲ့၊ မောက်ဖွာဖွာ ဆံထုံးမို့၊ နှလုံးနောက်စတိုင်၊ ရင်က ကြွကြွ၊ တင်ကရွရွ၊ မြင်သမျှ ချိုင်မယ်ဟု၊  လှိုင်လှိုင်ကြီးထ၊ အခြေမတည်၊ အထွေထွေပြီတဲ့၊ ဟဲ့အေစီမ။

နောက်က ဘီးစိုက်၊ ပကာသနအဖိုးကြီး၊ တမျိုးနည်း၊ ဂျပိုးမှီးစရိုက်နှင့် မိုက်တိုက်တိုက်၊ ကလက်စတိုင်ဉာဏ်များ၊ ပြိုင်စံရှားတဲ့၊ နိုင်ငံခြားသားနှ မက်သလား၊ ရှက်စရာ ကညာမယ်၊ နင်ဖာသယ် ဖြစ်အောင်၊ နင့် ပခုက္ကူပို့မဟဲ့နော်။

မယ်ဗရုတ်။    ။ ဥသျှစ်တတင်း၊ ပမာသွင်း၊ နှမ်းတတင်းခေတ်၊ နောက်ကြွားကြွား၊ ယောကျာ်းတွေချစ်အောင်၊ စနစ်ကုန်မောက်၊ အနိပ်သရမ်း၊ တိတ်တိတ်မှန်း၊ ဆိပ်ကမ်းရောက်စေတော့၊ ငါမကြောက်ဘူးဟေ့ အပျိုသိုး။

ကညာလှတသိုက်၊ ကာလိုက်၊ ဘာဂစရိုက်တမျိုးမို့၊ မိုးခါးရေသောက်၊ အသုံးတနည်း၊ ပြုံးဖြီးဖြီး၊ ဆံထုံးကြီးအမောက်၊ မြောက်မလိုပျံ ဇမ္ဗူခွင်တိုင်း၊ အူရွှင်လှိုင်းဟဲ့၊ လူမြင်တိုင်း ခံမယ်မှတ်သလား၊ နှံလိုက်မယ် သဘောက်မသား၊ အသွင်တနည်း၊ ဆင်ကြီးတောင် ငါမကြောက်ဘူးဟဲ့။

မောင်ဝံသာ။    ။ အလိုသဘော၊ အပိုမနှောဘူး၊ တိုတိုပြောမဟဲ့၊ အလည်လည် အရှုပ်သည်အလုပ်၊ အတည်ဖြုတ်တော့မလား၊ မဟုတ်တရုတ်သုံး၊ အောက်ဆီကြည့်တော့၊ ကျောက်နီစိနဲ့၊ ပေါက်စီအိအိဇာဖုံးပြီး၊ ကြာလုံးနှင့် ကြွား၊ အကြံပက်စက်၊ ပျံကလက်နှင့်၊ ဖလ်ခွက်ထဲ ထည့်တဲ့ ငါးလို၊ တရားမရှု၊ အသားနှစ်ခု၊ အဖျားဖုပြီး ကြွားစုစုထွက်နေပြီး၊ ကလက်တဲ့ နိဿရည်း၊ ပလပ်တတ်တတ်၊ ဆတ်တတ်တတ်နှင့် ဟဲ့ နတ်သမီး ဒြပ်ကြီး၊ တံခိုးရွှင်ရွှင်မွေ့မွေ့၊ အစဉ်တွေ့ ခြင်္သေ့နဲ့ရတဲ့၊ ဟဲ့ ကေသရီမျိုး။

မယ်ဗရုတ်။    ။ တန်ချင့်စရာ၊ ဖဲပွင့်ဇာ၊ ရဲရင့်စွာသုံး၊ အူတရွှင်ရွှင်၊ မူချင်ချင်၊ လူမြင်လျှင်ပြုံးပြီး၊ ရှုမဆုံး တကြည်ကြည်၊ မဒီတယောက်၊ အလှမောက်တဲ့၊ ငါ့ပေါက်စီကိုးဟဲ့၊ ရည်သန်ကာမှန်း၊ စေတနာဖြူဖြူ၊ ဝေကာလှူ၊ ခေမာအတူတူ လှမ်းမလို့၊ ဖြောင့်တန်းစွာ ရည်ရော်၊ ချိုချိုပြုံးပြုံး ပျိုဂမုံး တကိုယ်လုံးဖော်ပါလိမ့်၊ ဇမ္ဗူနဂရာနယ်၊ လူတကာဝယ်အောင်လို့၊ စမူစာလည်ရောင်းတာ၊ နင်က စားချင်သလား။

Advertisements

2 Comments

Filed under Classic, Literature, Poem

2 responses to “Ancient Myanmar Humorous Poem 7

  1. ဟားဟား.. ဒီဟာ အရယ္ရဆံုးပဲ.. 😀

  2. အူလှိမ့်ပြီး ရယ်သွားတယ်ဗျာ 😀 LOL

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s