Media and Journalism

ဦးကျော်ဇံသာနှင့် အင်တာဗျူးမှ မီဒီယာ ကောက်နှုတ်ချက်များ

မီဒီယာတွေဟာ မြန်မာနိုင်ငံမှာ Politicization Waves လို့ ခေါ်တဲ့ နိုင်ငံရေး နိုးကြားမှု အပိုင်းသုံးပိုင်း ရှိတယ်လို့ ကျနော် သုံးသပ်ခဲ့ပါတယ်။ နိုင်ငံရေး နိုးကြားမှု ဆိုတာက နိုင်ငံရေး ရင့်ကျက်ခြင်းနဲ့ တခြားစီပါ။ အဲဒီနိုးကြားမှု လှိုင်းသုံးလှိုင်းမှာ ပထမ ဦးဆုံး နိုးကြားမှု ကတော့ ၂၀ ရာစု အစပိုင်း ၁၉၀၆ ခုနှစ် YMBA ပေါ်ပေါက်လာတယ်၊ အဲဒီအခါမှာ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ ဟာနဲ့ နိုင်ငံရေး နိုးကြားလာကြတယ်။ မီဒီယာဟာ ဒီကိစ္စကို ဝေဖန်ရေးသားခြင်း မတွေ့ရဘူး။ ဝေဖန်ရေးသား သင့်တာ ဘာရှိသလဲလို့ မေးရင် အဲဒီ အမျိုး၊ ဘာသာ၊ သာသနာမှာ အမျိုးဆိုတာက Race ပေါ့၊ ဘာသာ သာသနာက Buddhism ပေါ့။ ဗုဒ္ဓဘာသာဆိုတဲ့ ဘောင်ထက် ချဲ့ဖို့ မကြိုးစားဘူး။ အဲဒီတုန်းက ချဲ့သင့်တယ်၊ တိုင်းရင်းသားတွေ အများကြီး နေတယ်၊ လူမျိုးစုံ နေတယ်၊ ဘာသာစုံ ရှိနေတယ် ဆိုတာ မီဒီယာတွေက ဘယ်သူမှ မပြောခဲ့ကြဘူး။

ဒုတိယလှိုင်း ဖြစ်တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှာလည်း အဲဒီနောက်ကပဲ လိုက်လာတယ်။ လွတ်လပ်ရေး ယူကြမယ်၊ ချကြမယ် လို့ပဲ ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က လွတ်လပ်ရေးကို တန်းမယူဘဲနဲ့ ဒိုမီနီယံ အဆင့်အတန်းနဲ့ ဗြိတိသျှ အင်ပါယာထဲမှာ ခဏနေမယ်လို့ ပြောတယ်၊ အဲဒါကို ဖဆပလ ထဲမှာလည်း အကြိတ်အနယ် ဆွေးနွေးတယ်လို့ အတွေ့ အကြုံ ရှိသူတွေက ပြောတယ်၊ စာထဲမှာတော့ မတွေ့ရဘူး။ အဲဒီလို ဆွေးနွေးတဲ့ အခါမှာ ဒါ ကောင်းတယ်၊ သို့သော်လည်းပဲ ပြည်သူတွေ လက်ခံမှာ မဟုတ်ဘူး ဆိုပြီးတော့ လွတ်လပ်ရေး ယူဖို့သာ ဆုံးဖြတ်လိုက်တယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက Arthur Bottomley ဆီ ရေးတဲ့စာမှာ အထောက်အထား တွေ့ရတယ်၊ ငါတို့ကတော့ မင်းတို့နဲ့ တွဲနေလို့ မဖြစ်ဘူး၊ ဓနသဟာယ ထဲမှာလည်း နေလို့ မဖြစ်တော့ဘူး၊ ထွက်ရတော့မယ်၊ သို့သော်လည်းပဲ အင်္ဂလိပ်နဲ့ မြန်မာဟာ ဆက်လက် မိတ်ဆွေဖြစ်နေမယ်။ ဗိုလ်ချုပ်အောင်ဆန်းက စိတ်မကောင်းဟန်နဲ့ ဆုံးဖြတ်ခဲ့ရတဲ့ သဘော ရှိတယ်။

………..

၈၈ နောက်ပိုင်း မှာ ပိုပြီး ဆိုးတာက တတိယ Wave မှာ ပေါ်ပေါက်လာတဲ့ သတင်းစာသမား၊ မီဒီယာသမား တော်တော်များများက ပြည်ပ အခြေစိုက်တဲ့ လူတွေကိုယ်နှိုက်က နိုင်ငံရေးထဲက ပေါက်ဖွားလာရတာ။ ပထမWave ၊ ဒုတိယWave မှာ တုန်းကတော့ professional တခြားနည်းနဲ့ ထွက်လာတဲ့သူတွေ ရှိသေးတယ်။ မျိုးရိုးစဉ်ဆက် အရ လုပ်လာတဲ့သူ၊ သတင်းစာတိုက်မှာ လုပ်တဲ့သူတွေ၊ နောက်ပြီးတော့ သတင်းထောက် ဖြစ်ချင်လို့ နယ်ကနေပြီးတော့ မြို့ပေါ်တက်လာသူတွေ စသည်ဖြင့် ရှိလာခဲ့တယ်။ သို့ပေမယ့် ဒီ ၈၈ နောက်ပိုင်းမှာ ပြည်ပ အခြေစိုက် မီဒီယာ တော်တော်များများဟာ အများစုက လှုပ်ရှားမှုထဲက ပေါက်ဖွား လာတာပါ။ ဆိုတော့ အဲဒီဟာတွေကလည်းပဲ သူတို့ရဲ့ နိုင်ငံရေး အတိတ်ကို သူတို့က ပြည်ဖုံးကားချဖို့ အတွက်။

နိုင်ငံရေး သမား ဖြစ်တာ ကောင်းတယ်။ နိုင်ငံရေးကို သိရမယ်၊ သိပ် နိုးကြားရမယ်။ သို့သော်လည်း ကိုယ်ရေးနေတဲ့ မီဒီယာကို ကိုယ့်နိုင်ငံရေး အယူအဆအတွက် အသုံးမချသင့်ဘူး၊ ကိုယ့်နိုင်ငံရေး အကျိုး အတွက် အသုံးမချသင့်ဘူးလို့ ကျနော် ယူဆတယ်။

ဗိုလ်ချုပ်နေဝင်း တခါက ပြောတယ် ဟာ … ငါတို့ တပ်မတော်ဟာ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်လို့ ပြောတယ်။ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေနဲ့ ဖွဲ့တဲ့ တပ်မတော် ဖြစ်လို့ နိုင်ငံရေး အာဏာကို အမြဲတမ်း လိုချင်တယ်။ အာဏာ သိမ်းတယ်၊ တိုင်းပြည်ပျက်တာ ဒါပဲ။ မြန်မာပြည်က သတင်းသမားတွေက ငါတို့ သတင်းသမား၊ မီဒီယာသမားတွေဟာ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေကွ ဆိုရင်တော့ ဒါဟာ ရှက်စရာကောင်းတဲ့ ကိစ္စပဲ၊ အဲဒီလိုတော့ မဖြစ်သင့်ဘူး။

…….
ပြည်ပမှာ အခြေစိုက်နေတဲ့ မြန်မာ မီဒီယာတွေ ဖြစ်အောင် ကြိုးစား နေကြတယ် ဆိုတာကတော့ အများကြီး တွေ့ရပါတယ်။ ဒါပေမယ့် တခါတခါ Independent ဆိုတာကတော့ သူတို့ ဘက်က အမြင်ကိုး။ ဆိုကြပါစို့ တနေရာမှာ ဒီဟာက ဘယ်သူ့ဘက်ကို ပါတယ်၊ Independently (လွတ်လွတ်လပ်လပ်) သူဆုံးဖြတ်ပြီး လုပ်တာပဲ၊ ဘာ Influence (လွှမ်းမိုးချုပ်ကိုင်မှု) ရှိတာမှ မဟုတ်ဘဲ ဆိုတာကတော့ မီဒီယာ ပိုင်း ၂ပိုင်းရှိတယ်၊ တချို့က အချက်အလက်ကို တင်ပြတာ ရှိတယ်။ နောက်ပြီး Opinion (အယူအဆ) ရေးတဲ့ဟာလည်း ရှိတာပဲ။ ခေါင်းကြီးပိုင်းမှာ ဘယ်လို ဖြစ်သင့်ပါတယ်၊ နိုင်ငံရေးသမားကိုလည်း ကျနော်တို့ ပြောချင်ရင် ပြောနိုင်တာပဲ၊ နိုင်ငံရေး အယူအဆကိုပဲ။ NLD လမ်းစဉ် ဘယ်လို ဖြစ်နေပါတယ်၊ ဘယ်ကဲ့သို့ ဖြစ်သင့်ပါတယ်၊ Independently ပြောတာပဲ။

တိုင်းပြည်အတွက် တကယ် အကျိုးရှိမယ် ဆိုတဲ့ ဟာကို ကျွမ်းကျင်တဲ့ လူတွေနဲ့ မေးမြန်း တွက်ချက်ပြီးတော့ တကယ် ဒီဟာက ပိုကောင်းမယ်လို့ ပြောတယ်။ အဲဒီလို ပြောတဲ့ အခါမှာ တဖက်ကို နည်းနည်း ပစား ပေးသလို ဖြစ်ကောင်း ဖြစ်နိုင်မယ်၊ ဒါကို Independence မဖြစ်ဘူးလို့ ပြောလို့ မရဘူး။ Independently ယုံကြည်လို့ အမှန်တကယ် ပြောတာ ဖြစ်တယ်။
……..
ပြည်ပမှာလည်းပဲ ခက်တာက ပြည်တွင်းနဲ့ ဆက်သွယ်ပြီးမှပဲ လုပ်လို့ ရတာကိုး။ Citizen journalist (လူထု သတင်းသမား) လို့ ခေါ်တဲ့ ဘလော်ဂါတွေ၊ ဘာတွေ၊ နည်းမျိုးစုံနဲ့ Twitter (သတင်း အင်တာနက် ကွန်ရက်) တွေနဲ့ အီရန် တို့မှာ ပို့ကြသလို အဲဒီလိုမျိုးတွေတော့ ထွက်လာမှာပဲ။ ဒါတွေကို စိစစ်ပြီးတော့ ကျနော်တို့ မှန်မှန်ကန်ကန် လုပ်ဖို့ လိုတယ်။

နောက်တခု ကျနော်ပြောချင်တာက မီဒီယာ သတင်းလောကမှာ ဆိုရိုးက ဘယ်သတင်း တပုဒ်မှ အသက်ကို စွန့်ရလောက်အောင် တန်ဖိုး မရှိဘူး။ အသက်ကိုတော့ တန်ဖိုး ထားတယ်ပေါ့။ ဒါပေမယ့် ဒီ ၂၀ဝ၉ ခုနှစ်က ကမ္ဘာမှာ မီဒီယာသမားတွေ အသတ်အခံရဆုံးနှစ် ဖြစ်တယ်။ ဖိလစ်ပိုင်မှာ သေသွားကြတယ်။ ကျနော်က ဘာမြင်လဲ ဆိုတော့ မီဒီယာသမားတွေဟာ မီဒီယာအကျိုး အတွက်၊ နိုင်ငံရေးသမား အကျိုး အတွက် အသေခံရတာ ဖြစ်သလိုပဲ နိုင်ငံရေးသမားအတွက် သွားရတာ၊ သူတို့ ခမျာ လိုက်သွားရတယ်၊ အဲဒီမှာ အသတ်ခံရတယ်။ အဲဒါမျိုးတွေက အင်မတန် ရင်နင့်စရာ ကောင်းပါတယ်၊ အမှန်တရားလည်း ဖော်ထုတ်ဖို့ လိုတယ်။ ဖိလစ်ပိုင်က သတင်းသမားတွေ ဒီလို အန္တရာယ်ရှိတဲ့ နေရာတွေ သွားတဲ့အခါ ဖြစ်နိုင်ရင် သူတို့နဲ့ အတူ မလိုက်နဲ့ပေါ့၊ သီးခြားလိုက်။

(Original Full Interview ဒေါင်ဒေါင်မြည် မီဒီယာသမားများ အလိုရှိသည်။ ဧရာဝတီနှင့် ဦးကျော်ဇံသာ အင်တာဗျူးမှ)

Advertisements

Leave a comment

Filed under Journalism, Journalist, Media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s